အုပ်ချုပ်ရေးမှူးက ကျောင်းသားများထံမှ ပိုက်ဆံကောက်၊ မခံနိုင်သည့် မိဘများက တိုင်ကြား

အုပ်ချုပ်ရေးမှူးက ကျောင်းသားများထံမှ ပိုက်ဆံကောက်၊ မခံနိုင်သည့် မိဘများက တိုင်ကြား

ကျောင်းသားများထံမှ အကြောင်း အမျိုးမျိုးပြပြီး ပိုက်ဆံကောက်ခံနေသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကို ကျောင်းသားမိဘများက စစ်ဒေသ နယ်မြေမှူးထံ တိုင်ကြားလိုက်ကြသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၂ ရပ်ကွက်၊ ရေကြည်ဦး ကွက်သစ်ရှိ အမှတ် ၂၀၂ အစိုးရ မူလတန်းကျောင်း တွင် တက်ရောက် ပညာသင်ကြားနေကြသည့် ကျောင်းသား/ကျောင်းသူများမှာ အုပ်ချုပ်ရေးမှူးအသစ် ဦးစိုးမြင့် ဆိုသူက ကျောင်းအုပ်ကြီးကို ဖိအားပေးကာ လစဉ် ကျောင်းသားတစ်ဦးကို ကျပ် ၅၀၀၀ စီ ကောက်ခံခိုင်းနေခြင်း ဖြစ်သည်ဟု ကျောင်းသားမိဘများက ပြောသည်။

“ကျောင်းဆောင်သစ်ဆောက်ဖို့ အဆောင်တိုးချဲ့ဖို့ ကျောင်းပရိဘောဂ ဝယ်ဖို့ သန့်ရှင်းရေးအတွက် ကျောင်း ဖွံ့ ဖြိုးရေး လုပ်ငန်းအတွက်ဆိုပြီး ကောက်တာ၊ ကျောင်းအပ်တုန်းနေ့က တကြိမ်ပဲ ပေးရမယ် ထင်ပြီး ၅၀၀၀ ကျပ် ပေးခဲ့တယ်။ တချို့မိဘတွေဆို အဲ့နေ့က ၅၀၀၀ ကျပ် မပေးနိုင်သေးလို့ အဲ့နေက သူတို့ကလေးတွေ ကျောင်းမအပ် ဖြစ်ခဲ့ဘူး။ အခု ဇူလိုင်လကြတော့ ထပ်ကောက်ပြန်တယ်” ဟု ကျောင်းသားမိဘတစ်ဦး က ပြောသည်။

စစ်ဒေသ နယ်မြေမှူးထံ ဇူလိုင်လ ၇ ရက်နေ့က သွားရောက် တိုင်ကြားသော်လည်း ဇူလိုင်လ ၁၁ ရက်နေ့၊ ယနေ့အချိန်ထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက် တားဆီးပေးခြင်းမရှိသဖြင့် ပုသိမ်မြို့ နယ် စစ်ကောင်စီ အုပ်ချုပ်ရေး အဖွဲ့ထံ ထပ်မံ တိုင်ကြားသွားမည်ဟု ကျောင်းသားမိဘများက ပြောသည်။

အဆိုပါ ကျောင်းမှ ဆရာမများနှင့် နီးစပ်သူအချို့၏ ပြောပြချက်များအရ အုပ်ချုပ်ရေးမှူးက ၎င်းနှင့် မသင့်မြတ် အဆင်မပြေသည့်သူများကို မမှန်သတင်းများ လုပ်ကြံပြီး စစ်တပ်ကို သတင်းပေး ဖမ်းခိုင်းလေ့ရှိခြင်းကြောင့် ကျောင်းအုပ်ကြီးက အုပ်ချုပ်ရေးမှူးကို ကြောက်ပြီး ပိုက်ဆံကောက်ပေး နေရခြင်းသည်ဟု ဆိုသည်။

ယင်းရပ်ကွက်ရှိ အသက် ၅၀ နှစ်ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦးက “သူက စစ်ကောင်စီကို ငွေ ၁၆ သိန်းပေးပြီး အုပ်ကြီး ဖြစ်လာတာ။ စစ်တပ်ကို မမှန်သတင်းတွေ ပေးပြီး ရပ်ကွက်ထဲ ပြဿနာ အမျိုးမျိုး ရှာနေတော့ အား လုံးက ရင်တထိတ်ထိတ် ဖြစ်နေရတယ်” ဟု ပြောသည်။

အုပ်ချုပ်မှူး ဦးစိုးမြင့်က NLD ပါတီဝန်းရံသူများ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကို သာမက ၎င်းနှင့် ဆက်ဆံ ရေး အဆင်မပြေသော ရာအိမ်မှူးအချို့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က စည်းရုံးမှူး အချို့၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်အချို့ တို့ကိုလည်း PDF နှင့် အဆက်အသွယ် ရှိသည်ဟုဆိုကာ စစ်တပ်ကို သ တင်းပေးခြင်းကြောင့် ကျီးလန့်စာစား ဖြစ်နေရသည်ဟု ရပ်ကွက်အတွင်းနေထိုင်သူ အများစု က ဆိုသည်။

အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ရပ်ကွက်အတွင်းရှိ စေတီ၏ ဂေါပကအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သော ဦးစိုးမြင့်သည် အသက် ၇၀ ဝန်းကျင်ရှိပြီ ဖြစ်ပြီး ယခင်က USDP ပါတီဝင် တစ်ဦး ဖြစ်ခဲ့သော်လည်း ၂၀၁၅ ခုနှစ် နှင့်၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် NLD ပါတီ မဲအောင်နိုင်ရေးအတွက် ပါဝင်ခဲ့သူများ ဖြစ်ကာ ရပ်ကွက်ဖွံ့ဖြိုးရေး မြေ ၁ ဧက ကျော်ကို အိမ်ယာကွက်ရိုက်ပြီး ရောင်းချခဲ့ခြင်းကြောင့် ရပ်ဖိရပ်ဖများက သက်ဆိုင်ရာကို တိုင်ကြားထား သည်ဟု ဆိုကြသည်။

Most read this week

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...