လုံခြုံစိတ်ချရသည့် နေရာတွင် ခိုလှုံခွင့် ကရင်နီ စစ်ရှောင်များ တောင်းဆို

လုံခြုံစိတ်ချရသည့် နေရာတွင် ခိုလှုံခွင့် ကရင်နီ စစ်ရှောင်များ တောင်းဆို

ပြေးစရာမြေ၊ နေစရာ နေရာမရှိတော့သည့်အတွက် နိုင်ငံတကာနှင့်ကုလသမဂ္ဂက စစ်ဘေးရှောင်များကို လုံခြုံ စိတ်ချသည့် နေရာတစ်ခုတွင် ခိုလှုံနေထိုင်ခွင့်ရရှိအောင် ကူညီလုပ်ဆောင်ပေးဖို့ ကရင်နီစစ်ဘေးရှောင်များ က တောင်းဆို လိုက်သည်။

လွတ်လပ်ရေးရပြီးနောက် ဆက်တိုက်ဆိုသလို တိုက်ပွဲများ ဖြစ်ပွားလာပြီး တိုက်ပွဲများကြောင့် ပြည်သူများက တစ်နေရာမှတစ်နေရာသို့ ပြောင်းရွှေ့နေရပြီး စစ်ဘေးရှောင်လာခဲ့ရခြင်းကြောင့် လက်ရှိတွင် ပြေးစရာမြေ၊ နေ စရာ နေရာမရှိတော့သောကြောင့် လုံခြုံစိတ်ချရသည့် နေရာတစ်ခုတွင် ခိုလှုံခွင့်ပေးဖို့ တောင်းဆိုရခြင်း ဖြစ်သည် ဟု ဒေါနိုးကူး စစ်ဘေးရှောင်စခန်း အုပ်ချုပ်ရေးကော်မတီ ဂိုဒေါင်မှူး နော်မူဆီးက ပြောသည်။

“ဒီနေရာကို လာပြီးတော့ စစ်ရှောင်တယ်ဆိုပေမဲ့လည်း သိပ်ပြီးတော့ အများကြီး လုံခြုံသွားတာ မရှိဘူးပေါ့ နော်။ အဲဒါကြောင့်မို့လို့ ကျမတို့ တောင်းဆိုချင်တာက ဒီမှာစစ်ရှောင်လာနေတဲ့ ဒေါနိုးကူးစခန်းမှာ စစ်ရှောင် လာနေတဲ့ လူထုတွေကို ကျမတို့အနေနဲ့က နိုင်ငံခြားမှာပေါ့နော နိုင်ငံခြား အခြားတစ်နေရာရာပေါ့နော်။ ဒီထက် လွတ်လပ်တဲ့ နေရာ ဒီထက်လုံခြုံတဲ့နေရာကို အခြားနိုင်ငံပဲဖြစ်ဖြစ် ဘယ်နိုင်ငံပဲဖြစ်ဖြစ် ပိုပြီးလုံခြုံတဲ့နေရာကို ခိုလှုံခွင့်ပေး စေ ချင်တာပေါ့နော်။ အမြန်ဆုံး ခိုလှုံခွင့်တော့ တောင်းဆိုချင်တာပေါ့။”

နိုင်ငံတကာအနေဖြင့် စစ်ဘေးရှောင်များကို စာနာသနားသောအားဖြင့် နေထိုင်ဖို့ လုံခြုံစိတ်ချရသည့် နေရာတစ်ခု ကို ဖန်တီးပေးရန်နှင့် နယ်မြေဒေသများကို စွန့်ခွာပြီး ထွက်ပြေးရခြင်းကိုလည်း အဆုံးသတ်နိုင်အောင် လုပ် ဆောင်ပေးစေချင်သည်ဟု ဒီးမော့ဆိုမြို့နယ် ဒေါလျားခူကျေးရွာကနေ ဒေါနိုးကူးစစ်ဘေးရှောင်စခန်းကို ရောက်ရှိ လာသည့် စစ်ရှောင်အမျိုးသမီး ဒေါ်လှလှဝင်း က ပြောသည်။

“ကျမတို့ နိုင်ငံတကာကို တောင်းဆိုချင်တာကတော့ပေါ့နော။ ကျမတို့ ဘဝ ရှေးအဆက်ဆက်ကလည်း ပြေးခဲ့ ပြီးပြီ။ ကျမတို့ဘဝလည်း ပြေးခဲ့တယ်။ ကျမတို့ သားသမီးတွေလည်း အဲလိုမျိုး ရှေ့ဆက်ပြီးပေါ့နော နောက် လာမယ့် နောင်လာနောင်သားတွေပေါ့နော ကျမတို့ထပ်ပြီး မပြေးစေချင်ဘူး။ ကောင်းကောင်းမွန်မွန်ပဲ နေခိုင်း စေချင်တယ်။”

ကရင်နီပြည်နယ် အတွင်းက ဒေသခံများအနေဖြင့် ဒေါနိုးကူး စစ်ဘေးရှောင်စခန်းတွင် လာရောက်ခိုလှုံ နေထိုင် ကြရသော်လည်း လုံခြုံမှု မရှိသလို ခံစားနေရသည့်အပြင် စစ်ကောင်စီက လေယာဉ်နှင့် လာရောက်ဗုံးကြဲမှာကို စိုးရိမ်သည်ဟု ဆိုကြသည်။

စစ်ရှောင်စခန်းအနီးကို မကြာခဏ လေယာဉ်လာရောက်မှုများ ရှိနေခြင်းကြောင့် လေယာဉ်အန္တရာယ်ကနေ ကာ ကွယ်ပေးနိုင်မယ့် စနစ်မျိုးကို နိုင်ငံတကာအနေနှင့် ကူညီလုပ်ဆောင်ပေးဖို့ တောင်းဆိုသည်ဟု ဒေါနိုးကူး စစ်ရှောင်စခန်း အုပ်ချုပ်ရေးကော်မတီ ရုံးစီမံရေးမှူး ခွန်းရောဘတ် က ပြောသည်။

“ဒီထက်ပိုလုံခြုံတဲ့ဘဝမျိုးရောက်အောင် လုပ်ပေးစေချင်တာပေါ့နော။ ဥပမာဆိုလို့ရှိရင် ကျနော်တို့အတွက် အန္တရာယ်ပေးနိုင်တဲ့ အပေးဆုံးဖြစ်တဲ့ လက်နက်ကြီးအန္တရာယ်ကနေ ပြီးလို့ရှိရင် လေယာဉ်အန္တရာယ်ကနေ လျော့ချနိုင်မယ့် အန္တရာယ်လျော့ချနိုင်မယ့်စနစ်မျိုးတွေကို ကျနော်တို့ကို ကူညီပေးစေချင်တယ်။ ဥပမာဆို လို့ ရှိရင် Early warning system ပေါ့နော အဲလိုမျိုးကို စစ်ရှောင်တိုင်းမှာ အကူအညီပေးစေချင်တာပေါ့နော။ အဲဒါ တွေ မရခဲ့ရင် တောင်မှ ကျနော်တို့ စစ်ရှောင်တိုင်းမှာ ဒီ No Fly Zone  အဖြစ် သတ်မှတ်ပေးဖို့ နိုင်ငံတကာကို အကူအညီ တောင်းချင်တယ်။”

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေ သည့်အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF များနှင့် လည်း တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။

တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများထဲ နေထိုင်ကြသည့် ပြည်သူများကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်သတ် ဖြတ်ခြင်း၊ လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ ကျေးရွာထဲမှ ရွာလုံးကျွတ် ထွက်သွား ရန် မောင်းထုတ်ခြင်း၊ ကျေးရွာများထဲနှင့် ဒေသခံများ လုပ်ကိုင်စားသောက်နေသည့် လုပ်ငန်းခွင်များထဲကို လက် နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်အသုံးပြုကာ ဗုံးကြဲတိုက်ခိုက် စသည်တို့ကို လုပ်ဆောင်လာခဲ့သည်။

ထိုသို့သော အခြေအနေများကြောင့် ပြည်သူများသည် စစ်ရေးပဋိပက္ခဖြစ်ပွားရာ ဒေသများမှ တစ်နေရာပြီး တစ်နေရာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး နေထိုင်စားသောက်ရေးအပြင် အဖက်ဖက်တွင် လည်း အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...