NLD ကိုယ်စားလှယ်ဟောင်း ငှားရမ်းနေထိုင်ခဲ့သည့် အဆောက်အအုံ ချိပ်ပိတ်ခံရ

NLD ကိုယ်စားလှယ်ဟောင်း ငှားရမ်းနေထိုင်ခဲ့သည့် အဆောက်အအုံ ချိပ်ပိတ်ခံရ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) လွှတ်တော်ကိုယ်စားလှယ်ဟောင်း ငှားရမ်းနေထိုင်ခဲ့သည့် အဆောက်အအုံကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းလိုက်သည်။

သံဖြူဇရပ်မြို့၊ ဗိုလ်နေဝင်းလမ်း၊ အောင်ဇေယျရပ်ကွက် သံဖြူဇရပ်မြို့နယ် ထွေ/အုပ်ရုံးရှေ့ရှိ ဒေါ်မြင့်မြင့်ခိုင် ဆိုသူ ပိုင်ဆိုင်သည့် နေအိမ်ခြံဝင်းအတွင်းရှိ (၆ x ၈) ပေ၊ အုတ်ခင်း၊ အုတ်ကာ၊ သွပ်မိုးအဆောက်အအုံကို ဇူလိုင်လ ၅ ရက်နေ့က ချိပ်ပိတ်လိုက်ခြင်း ဖြစ်သည်။

ယခုချိပ်ပိတ်ခံလိုက်ရသည့် အဆိုပါ နေအိမ်အဆောက်အအုံတွင် သံဖြူဇရပ်မြို့နယ် NLD လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဒေါ်မြတ်သီတာထွန်းက ငှားရမ်းနေထိုင်ခဲ့သည့်အပြင် မြို့နယ် NLD ရုံးခန်းအဖြစ်လည်း အသုံးပြု ခဲ့သည်။

“ဒေါ်မြတ်သီတာထွန်း ဌားရမ်းနေထိုင်ခဲ့တဲ့အတွက် အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သတ်တယ်ဆိုပြီး ချိပ် ပိတ်သွားတာ။ အဲနေရာက NLD မြို့နယ်ရုံးခန်းအနေနဲ့လည်း ဖွင့်ခဲ့တယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်မြတ်သီတာထွန်းကို စစ်ကောင်စီက အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀-က/၅၂-က ဖြင့် အမှုဖွင့်ခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတုန်းက သံဖြူဇရပ်မြို့နယ် NLD အမျိုးသားလွှတ်တော်ကိုယ်စားအဖြစ် အနိုင်ရရှိထားသူ ဒေါ်မြတ်သီတာထွန်းသည် စစ်တပ်က အာဏာသိမ်းပြီးနောက် ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိတွင်  ပြည် ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၏ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့ကလည်း ‌ကျိုက်မရောမြို့နယ် NLD ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်မျိုးမြင့်သည် အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်စပ်သည်ဆိုကာ ၎င်းပိုင်ဆိုင်သည့် နေအိမ်ကို စစ်ကောင်စီ က ချိပ်ပိတ်ခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက် အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ မွန်ပြည်နယ်အတွင်းရှိ NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်ဟောင်းများ၊ ပါတီဝင်များ၊ ပါတီဝန်းရံ ထောက်ခံ သူများ၏ နေအိမ်၊ အဆောက်အအုံ၊ ဈေးဆိုင်၊ ဆိုင်ခန်းများကို စစ်ကောင်စီက ချိပ်ပိတ်မှုများ ဆက်တိုက် လုပ် လာခဲ့သည်။

စစ်တပ်က အာဏာသိမ်းထားသည့် နှစ်နှစ်ကျော်ကာလ အတွင်း မွန်ပြည်နယ် အပါအဝင် နိုင်ငံတဝှမ်းရှိ အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ NLD လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် ပါတီဝင်များ၊ အရပ်သား ပြည် သူ စုစုပေါင်း ၆၂၅ ဦး၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့ကြောင်း NLD က ဇွန်လ ၁၃ ရက်နေ့က ထုတ်ပြန်ထားသည်။

November 5, 2024
စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေကြသည့် မွန်တော်လှန်ရေးတပ်ဖွဲ့များအားလုံး ပူးပေါင်းပြီး...
November 5, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းက ရော်ဘာလုပ်ငန်း လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းလုပ်သားနှင့်...
November 4, 2024
ဂျိုင်းမြစ်ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များ အင်အားအများအပြားဖြင့် လှုပ်ရှားနေသလို...
November 4, 2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဝဲပတန်နှင့် အလှပ်ကျေးရွာတွင် ဝမ်းပျက်ဝမ်းလျှောကူးစက်မှု...