မြောက်ပိုင်း ညီနောင် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်က တရုတ်ရဲ့ စီးပွားရေးစီမံကိန်းကို ကာကွယ်ပေးခြင်းသာ ဖြစ်လို့ ပြည်သူတွေပြော

မြောက်ပိုင်း ညီနောင် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်က တရုတ်ရဲ့ စီးပွားရေးစီမံကိန်းကို ကာကွယ်ပေးခြင်းသာ ဖြစ်လို့ ပြည်သူတွေပြော
ဓါတ်ပုံ - CRI Myanmar
ဓါတ်ပုံ - CRI Myanmar

မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထိန်းချူပ်နယ်မြေအတွင်း တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ထုတ်ပြန်ကြေ ညာချက်ဟာ တရုတ်စီးပွားရေး စီမံကိန်းတွေနဲ့ လာရောက်ရင်းနှီးမြုပ်နှံမှုတွေကို ကာကွယ်ပေးချင်တဲ့ ရည်ရွယ် ချက်ဖြစ်တယ်လို့ ပြည်သူတချို့ ပြောဆိုလိုက် ပါတယ်။

ကိုးကန့် MNDAA၊ တအောင်းတပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်တော် AA စတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ နိုင်ငံတကာရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းများအပေါ် နှောက်ယှက်ဖျက်ဆီးသူတွေကို ထိ ရောက်စွာ အရေးယူဆောင်ရွက်သွားမယ့်အပြင် ရင်းနှီးမြှုပ်နှံမှုကုမ္မဏီ (သို့မဟုတ်) ပုဂ္ဂိုလ်များအပေါ် အနှောက် အယှက်ပေးတာတွေ၊ ဆတ်ကြေးတောင်းခံတာတွေ မလုပ်ဖို့ ဖော်ပြထားပြီး ပြစ်မှုကျူးလွန်သူ မည်သူကိုမဆို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်ဆိုတဲ့ အချက်တွေ ပါရှိပါတယ်။

ရှမ်းမြောက်ဒေသမှာ ပြီးခဲ့တဲ့ ၃ နှစ်ခန့်ကစပြီး တရုတ်စီးပွားရေး စီမံကိန်းတချို့ စတင်တိုးချဲ့ အကောင်အထည် ဖော် လုပ်ဆောင်ခဲ့ရာ လက်ရှိလည်း လားရှိုး-မူဆယ် လမ်းမတစ်လျှောက် တရုတ်ရဲ့ စီးပွားရေးစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ကြိုးစားနေပြီဖြစ်လို့ ဒါတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့  ထုတ်ပြန်တာ ဖြစ်နိုင်တယ် လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ရှမ်းမြောက် ဒေသတွင်းရှိ နိုင်ငံရေး ကျွမ်းကျင်သူတစ်ဦးက “တရုတ်ရဲ့စီးပွားရဲ့စီမံကိန်းကြီးတွေ ဝင်လာတော့ မယ်၊ OBOR မီးရထားလမ်းစီမံကိန်း၊ အခြားစီးပွားရေး စီမံကိန်းတချို့တွေက ဒီဘက်ကို အရင်နှစ်ကတည်းက မြေတွေသိုင်းပြီးအကောင်အထည်ဖော်နေပြီ။ တချို့ဆို စတင်လုပ်ငန်းစနေတာလည်းရှိတယ်။ ကွတ်ခိုင်မှာဆို နွားကုမ္မဏီအကြီးကြီးရှိတယ်။ ဒါတွေလည်း တရုတ်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ စီးပွားရေးတစ်ခု ပဲ” လို့ KNG ကို ပြောပါတယ်။

တရုတ်-မြန်မာ ရထားလမ်း စီမံကိန်းအတွက်ကိုတော့ မန္တလေး-မူဆယ် လမ်းဖြစ်နိုင်ခြေ မြေပြင်အနေအထား လေ့လားဆန်းစစ်ချက်ကို တရုတ်ကုမ္ပဏီ CREEG ဘက်မှ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက မြေများသိုင်းထွာ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။

တရုတ် ရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြန်မာနယ်စပ် ရှမ်းမြောက်ကိုဖြတ်ပြီး မန္တလေး ကနေ တဆင့် ရခိုင်ကမ်းရိုးတန်း ကျောက်ဖြူအထိ ဖောက်လုပ်ဖို့လျာထားတဲ့ စီမံကိန်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ရှမ်းမြောက် လားရှိုး- မူဆယ် အာရှလမ်းမကြီးတစ်လျှောက်က လမ်းမနေရာတချို့နဲ့  လမ်းဘေး တွေမှာတော့ တရုတ်စီးပွားရေး စီမံကိန်းအတွက် ဆိုင်းဘုတ်စာများ မြေယာသတ်မှတ်တဲ့ ဆိုင်းဘုတ်တွေကို စတင်စိုက်ထူထားပြီလို့ ကွတ်ခိုင်ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက တရုတ်နယ်စပ်ရှိ မိုင်းလားမြို့မှာ တရုတ်ရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် စစ်ကောင်စီ နဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့် MNDAA၊ တအောင်း TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့ တွေ့ဆုံ ဆွေးနွေးမှု လုပ်ခဲ့ကြပါတယ်။

ဆွေးနွေးမှုအပြီး ခုလို ထုတ်ပြန်ချက်ဖြစ်ပေါ်လာခဲ့တာဟာ တရုတ်ရဲ့ စီးပွားရေးကြောင့်သာဖြစ်တယ်လို့ ကချင်  ဒေသဆိုင်ရာ နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦး ပြောပါတယ်။

“အဓိကတော့ မိုင်းလားမှာ တရုတ်နဲ့ စစ်တပ်နဲ့ သွားတွေ့ဆုံခဲ့တဲ့နောက်ဆက်တွဲဖြစ်တယ်လို့မြင်တယ်။ သူတို့က သူတို့ရဲ့ နောက်ကွယ်မှာ တရုတ်နဲ့အဆင်ပြေအောင် ကြိုးစားတယ်။ ပြီးတော့ ဒေသတွင်း သူတို့ရဲ့ လှုပ်ရှားမှု အခြေအနေကိုကြည့်ရင် ပေါ်ပေါ်တင်တင်ပြီး စာမှာ ထည့်ရေးပြစရာမလိုဘူး။ တန်းသိတယ်။ တရုတ်ရဲ့ စီးပွား ရေးစီမံကိန်းတွေ မထိခိုက်အောင် အဓိကပြောချင်တယ်ဆိုတာ တွေ့ရတယ်။ ရခိုင်ဘက်ဆိုရင် ကျောက်ဖြူ စီမံ ကိန်းတို့ ဘာတို့ တရုတ်ရဲ့ စီမံကိန်းကြီးတွေ စတင်နေပြီ။ ဒါတွေနဲ့ အကုန်သက်ရောက်ချိတ်ဆက်နေတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့မှာတော့ ကန်ပိုင်တီကနေ မြစ်ကြီးနားမြို့နယ်မှာရှိတဲ့ နန်ကျင်စီးပွားရေးဇုန် စီမံကိန်းအတွက်  တရုတ်စီးပွားရေးလုပ်ငန်းရှင်အဖွဲ့က လာရောက်သွားတယ်လို့ ပြောဆိုမှုတွေရှိနေပေမယ့် KNG သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိခဲ့ပါဘူး။

အလားတူ ကချင်ဒေသမှာတင် မဟုတ်ဘဲ မြန်မာတနိုင်ငံလုံးအဆင့် တရုတ်ကိုင်တွယ်ထားတဲ့ စီမံကိန်းတွေ ထိ ခိုက်ခြင်း မခံရအောင်၊ အဖွဲ့အစည်းတိုင်း လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တိုင်းကို တရုတ်ဘက်က ပုံမှန် ဖိအားပေးနေတယ်လို့ ကချင်ဒေသ နိုင်ငံရေးလေ့လာသုံးသပ်သူက ပြောပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကို KNG သတင်းဌာနက ဆက်သွယ်ကြိုးစား နေပေ မယ့် လက်ရှိချိန်ထိ ဆက်သွယ်လို့ မရသေးပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးပဋိပက္ခတွေ၊ လူမှုစီးပွားရေးပြဿနာတွေကြား တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံထဲမှာ စီးပွားရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ဖို့ အကောင်ထည်ဖော်နေဆဲ ဖြစ်ပါတယ်။

ဓါတ်ပုံ - CRI Myanmar

ဆင်ရိုင်းတိုက်ခိုက်လို့ ထိခိုက်ပျက်စီးသွားတဲ့ ကားများ
November 5, 2024
ပူတာအိုမြို့နဲ့ ဆွမ်ပရာဘွမ်ကြားမှာ တောဆင်ရိုင်းတစ်ကောင်တိုက်ခိုက်မှုကြောင့် ခရီးသွား ကား ၅...
November 5, 2024
မြန်မာ–တရုတ်နယ်စပ် ကချင်ပြည်နယ် ကံပိုင်တည်နယ်စပ်ဂိတ်ပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမြို့မှာ...
November 1, 2024
ကချင်အထူးဒေသ ၁ နယ်မြေက နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁...
October 31, 2024
ဗန်းမော်နဲ့ မိုးမောက်ကြားမှာရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေဟာ မိုးမောက် ခမရ ၄၃၇ တပ်ရင်းဘက်ကို...