ဖားအံနှင့် မြဝတီတွင် စမတ်ကတ်မှတ်ပုံတင်များလုပ်ရန် အချက်အလက်ကောက်ယူနေ

ဖားအံနှင့် မြဝတီတွင် စမတ်ကတ်မှတ်ပုံတင်များလုပ်ရန် အချက်အလက်ကောက်ယူနေ

ကရင်ပြည်နယ်၊ ဖားအံနှင့် မြဝတီတွင် စမတ်ကတ်မှတ်ပုံတင်များလုပ်ရန်ဟုဆိုက အိမ်ထောင်စုစာရင်းနှင့် အခြား ကိုယ်ရေးအချက်အလက်များကို လိုက်လံကောက်ယူနေသည်ဟု ဒေသခံများက ပြောသည်။

ရိုဟင်ဂျာ လူမျိုးစုများနှင့် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ - PDF အဖွဲ့ အစည်းများကို စိစစ်ဖမ်းဆီးရန်အတွက်ဟု ဆိုကာ အိမ်ထောင်စုစာရင်းများကို စစ်ကောင်စီလက်အောက်ခံ ဌာန ဆိုင်ရာ ဝန်ထမ်းနှင့် မိသားစုများထံမှ ကိုယ်ရေးရာဇဝင်အချက်အလက်များ ဇူလိုင်လ ၁ ရက်နေ့မှစပြီး ကောက်ခံ နေသလို မြဝတီမြို့ဘက်တွင်လည်း အိမ်ထောင်စုစာရင်း ကောက်ယူမှုများလုပ်နေပြီဟု မြို့ခံများက ပြောသည်။

ဖားအံစစ်ကောင်စီ ဝန်ထမ်းမိသားစုဝင်တစ်ဦးက “စစ်ကောင်စီ လဝကက ဌာနဝန်ထမ်းတွေကို မှတ်ပုံတင် စမတ် ကတ်လုပ်ဖို့ စာရင်းကောက်တယ်။ နောက်တော့ ဝန်ထမ်းမိသားစုတွေကို ဆက်ပြီး စာရင်းကောက်တယ်။ သူတို့ ပြောတာက PDF တွေ မြို့ကိုလာရင် စစ်လို့မိအောင်ရယ်။ ဘင်ဂါလီတို့ ခိုးဝင်မလာအောင်ရယ် စစ်ဆေးလို့ လွယ် အောင် ဒီဂျစ်တယ်စမတ်ကတ် ပြောင်းလုပ်ပေးတာလို့ ပြောတာပဲဗျ” ဟု ပြောသည်။

ထို့အပြင် မြဝတီမြို့တွင်လည်း ဇူလိုင်လ ၄ ရက်နေ့မှစပြီး စစ်ကောင်စီ၏ ဌာနဆိုင်ရာ ဝန်ထမ်းများအပြင် အမှတ် ၁ ရပ်ကွက်တွင် နေထိုင်သည့် ဒေသခံများကို သန်းခေါင်စာရင်း အချက်အလက်များ ရပ်ကွက်အုပ်ချုပ်ရေးရုံး တွင် စာရင်းပေးသွင်းကြရန် လုပ်ဆောင်နေမှုရှိနေသည်ဟု မြဝတီမြို့ခံတစ်ဦး က ပြောသည်။

“နောက်ဆို အဲ့ဒါကို ဂိတ်တွေကစစ်ရင် ဘယ်သူ ဘယ်ဝါဘယ်မှာနေတယ်ဆိုတာ ချက်ချင်းသိအောင်လို့ လုပ်ဖို့ အဲ့ ဒီကတ်တွေ ပြောင်းလုပ်ပေးမယ်လို့တော့ ကြားထားတယ်။ မြဝတီအမှတ် ၁ ရပ်ကွက်က အစ္စလာမ် ဘာသာဝင် တွေ နေတာများတယ်။ ပျံကျနေထိုင်တာတွေ များတော့ သန်းခေါင်စာရင်း မရှိ မှတ်ပုံတင် မရှိကြတာများ တယ်။ ရပ်ကွက် ထောက်ခံချက်တို့စာရင်းထဲ ပါအောင် လုပ်တာတို့မှာတော့ မသမာမှုတွေ လာဘ်ပေးလာဘ်ယူ တွေ ရှိလာမယ် ထင်ပါတယ်” ဟု ၎င်းမြဝတီ ဒေသခံက ပြောသည်။

အဆိုပါ မှတ်ပုံတင်ကတ်အစား ဒီဂျစ်တယ်စနစ် စမတ်ကတ်လုပ်ဆောင်သည့်ကိစ္စကို စစ်တပ်ဘက်က လုပ် ဆောင်နေသော်လည်း နယ်မြေဒေသအတွင်း ခရီးသွားလာရာတွင် စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များက မှတ်ပုံ တင်စစ်ဆေးမှု၊ ငွေညှစ် ဖမ်းဆီးမှုများအား နေ့စဥ်လုပ်ဆောင်မှုမှ ဌာနဆိုင်ရာ ဝန်ထမ်းများ ဝင်ငွေ ကောင်းနေကြ ကြောင်း နီးစပ်သူများက ပြောသည်။

လတ်တလောတွင် စစ်အာဏာသိမ်း ကာလ ၂ နှစ်ကျော်အတွင်း ကရင်ပြည်နယ် မြဝတီ၊ ကျုံဒိုး၊ ကော့က ရိတ်မြို့ စစ်ဆေးရေးဂိတ်များတွင် မတရားဖမ်းဆီး ထိန်းသိမ်းကာ တောင်ကလေး ထောင်တွင် ထောင်ချခံထားရသည့် ရိုဟင်ဂျာ ၊ ဘင်ဂါလီ အကျဥ်းသား/သူ ၁၀၀ ကျော်ရှိနေပြီး ကော့ကရိတ်မြို့ လဝကဌာနတွင်လည်း အသက် မပြည့်သေးသည့် ရိုဟင်ဂျာ၊ ဘင်ဂါလီ ကလေးငယ် ၁၀ ဦးကျော်လည်း ထိန်းသိမ်းခံထားရကြောင်း လဝကဌာန နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်၏ ပြောဆိုချက်အရ သိရသည်။

January 3, 2025
ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းရှိ ကျေးရွာနှစ်ရွာသို့ စစ်ကောင်စီက...
January 2, 2025
တနင်္သာရီတိုင်းဒေသကြီး၊ အရှေ့တောနယ်ဒေသရှိ စစ်ဘေးရှောင်အများစုမှာ လက်ရှိ...
January 2, 2025
ကော့ကရိတ် - မြဝတီ အာရှလမ်းမသစ် ပြန်လည်ထိန်းချုပ်နိုင်ရေး တိုက်ခိုက်နေသည့် စစ်ကောင်စီ...
December 23, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒီဇင်ဘာ ၂၁...