မန္တလေးရွှေဆိုင်များ အရောင်းပိတ်ပြီး အ၀ယ်သာရှိတော့ဟုဆို

မန္တလေးရွှေဆိုင်များ အရောင်းပိတ်ပြီး အ၀ယ်သာရှိတော့ဟုဆို

ဘဏ်နှစ်ခုပိတ်ဆို့ခံရမှု ဂယက်ကြောင့် ပြည်တွင်း၌ ရွှေစျေးနှုန်းမတည်မငြိမ်ဖြစ်နေရာမှ မန္တလေး မြို့ရှိ ရွှေဆိုင် များ အရောင်းပိတ်ထားရသည့် အခြေအနေအထိ ရောက်ရှိသွားသည်ဟု ရွှေစျေးကွက် စောင့်ကြည့်သူများက ပြောသည်။

“ဘဏ်နှစ်ခုပိတ်ဆို့ခံရတဲ့ ကြေညာချက်ထွက်တဲ့နေ့ကနေ ဒီကနေ့အထိဆိုရင် မန္တလေးကရွှေဆိုင်တွေ အရောင်း ပိတ်ထားတာ လေးရက်ရှိပြီ။ အရောင်းစျေးမဖွင့်ရဲတာမျိုး မဟုတ်ဘူးနော်။ လုံး၀ကိုမရောင်း တော့တာ။ ဆိုင်တော့ဖွင့်ထားပြီး ပြန်၀ယ်တယ်၊ မရောင်းဘူး။ အဲဒီလိုလုပ်လာတာ ဒီနေ့နဲ့ဆိုရင် လေးရက် ရှိပြီ” ဟု ရွှေစျေး ကွက်စောင့်ကြည့်လေ့လာသူ တစ်ဦးက ပြောသည်။

အမေရိကန်အစိုးရက စစ်ကောင်စီ၏ အဓိကကျသောဘဏ်နှစ်ခုကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူမည့် သတင်း ထွက်ပေါ်လာချိန်မှစ၍ ပြည်တွင်းရွှေစျေးနှုန်း ကမောက်ကမဖြစ်ခဲ့သည်။

ဒဏ်ခတ်ပိတ်ဆို့အရေးယူကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သည်တွင် စျေးနှုန်းမတည်မငြိမ်ဖြစ်သွား ပြီး အကျိုးဆက်အားဖြင့် မန္တလေးမြို့ရှိရွှေဆိုင်များ အရောင်းပိတ်ထားရသည်အထိ ဖြစ်ခဲ့သည်။

“ရောင်းစရာရွှေမရှိဘူးလို့ ပြောတယ်၊ အ၀ယ်အတွက်တော့ ပြန်ရောင်းချင်သလောက် ချက်ချင်းငွေချေပေး တယ်။ ဒါပေမယ့် သူတို့သတ်မှတ်တဲ့စျေးနှုန်းအတိုင်းပဲ ပြန်၀ယ်ပေးတာ၊ အခေါက်ရွှေကို ၂၉ သိန်းခွဲနဲ့ပြန် ၀ယ် တယ်၊ သူတို့ဘက်ကကျတော့ ရောင်းစျေးတောင် မဖွင့်ရဲကြဘူး” ဟု ဇွန် ၂၅ ရက် နံနက်ပိုင်းက ရွှေအ၀ယ် ထွက် ခဲ့သည့် မြို့ခံတစ်ဦးက ပြောသည်။

ရွှေဆိုင်များ အရောင်းပိတ်ထားခြင်းနှင့်ပတ်သက်၍ ရွှေလုပ်ငန်းရှင်အချို့ထံ ဆက်သွယ်မေးမြန်းကြည့်ရာ မှတ်ချက်မပေးလိုကြောင်းသာ ပြန်ဖြေကြသည်။

မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များ အသင်း (MGEA)မူ ဇွန်လ ၁၆ ရက်နေ့မှစပြီး အခေါက်ရွှေတကျပ်သား လျှင် ကျပ် ၃,၀၅၀,၀၀၀ ၀န်းကျင်စျေးဖြင့် ရောင်းချပေးနေပြီး စနေ၊ တနင်္ဂနွေ နှစ်ရက် အရောင်းပိတ်ထားကြသည်။

နိုင်ငံခြားငွေ ၀င်ရောက်မှုကို ကန့်သတ်ရန် ရည်ရွယ်ပြီး စစ်ကောင်စီ လက်အောက်ခံ မြန်မာ့နိုင်ငံခြားကုန် သွယ် မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း၀ယ်ရေးဘဏ် (MICB) တို့ကို ဒဏ်ခတ် ပိတ်ဆို့ အရေးယူလိုက်ကြောင်း အမေရိကန်အစိုးရက ဇွန်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုကြေညာချက်ကြောင့်၊ ပြည်တွင်း၌ အမေရိကန်ဒေါ်လာအပါအ၀င် နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်သွားပြီး ရွှေစျေးလည်း မတည်မငြိမ်ဖြစ်ကာ နိုင်ငံခြားငွေ လဲလှယ်သည့် ၀န်ဆောင်မှုလုပ်ငန်းများလည်း ရပ်ဆိုင်းသွားခဲ့ခြင်း ဖြစ်သည်။

Most read this week

October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...