နယ်မြေစိုးမိုးရေးလုပ်စဉ် စစ်ကောင်စီနှင့်ပတ်သက်သူ ၄ ဦးကို ဖမ်းဆီးအရေးယူနေကြောင်း SOF ထုတ်ပြန်

နယ်မြေစိုးမိုးရေးလုပ်စဉ် စစ်ကောင်စီနှင့်ပတ်သက်သူ ၄ ဦးကို ဖမ်းဆီးအရေးယူနေကြောင်း SOF ထုတ်ပြန်

မွန်ပြည်နယ်၊ ရေးမြို့နှင့်သံဖြူဇရပ်ကြားရှိ မော်လမြိုင်−ရေး−ထားဝယ် ပြည်ထောင်စုလမ်းမကြီးတွင် တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များက ဇွန်လ ၁၈ ရက်နေ့မှစ၍ နယ်မြေစိုးမိုးရေးလုပ်ရာ၌ စစ်ကောင်စီတပ်နှင့်ပတ်သက်သူ ၄ ဦးကိုဖမ်းဆီးပြီး အရေးယူရန် ဆောင်ရွက်နေကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့−SOF က ဇွန်လ ၂၀ ရက်နေ့ တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်၏ အသွားအလာလှုပ်ရှားမှုများကို စစ်ဆေးစောင့်ကြည့်လျက်ရှိပြီး ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့−SOF ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့  PDF ပူးပေါင်းတပ်ဖွဲ့များက လုံခြုံရေးယူ၍ ကားများကို စစ်ဆေးမှုများကို ပြုလုပ်နေစဉ် ယခုကဲ့သို့ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့−SOF ၏ တပ်ဖွဲ့ဝင်တစ်ဦးက ယခုကဲ့သို့ပြောသည်။

၄င်းက ”ဖမ်းမိတဲ့ လူကိစ္စကတော့ တပ်ရင်း ၂၇ ဆက်ပြီးဆောင်ရွက်နေတယ်။ နယ်မြေစိုးမိုးရေးကတော့ ခုက ရေးနဲ့ သံဖြူဇရပ်ကြားပဲ။ စကစဘက်က လက်နက်ကြီးပစ်တာ တော်လှန်ရေးအဖွဲ့ဝင်တွေကို ထိခိုက်မှုမရှိပါဘူး။ ရွာထဲကိုရော ရွာနားကိုပါကျတယ်” ဟု ပြောသည်။

ထိုသို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပြည်ထောင်စုလမ်းမကြီးပေါ်တွင် နယ်မြေစိုးမိုးရေး ဆောင်ရွက်နေစဉ် ယနေ့ နေ့လည် ၁၁ နာရီခွဲအချိန်ခန့်တွင် စစ်ကောင်စီ၏ အမြှောက်တပ်ရင်း (အမတ-၃၁၇)မှ (၈၁ မမ) လက်နက် ကြီးဖြင့် နီးစပ်ရာကျေးရွာများထဲသို့ လက်နက်ကြီး ပစ်ခတ်ခဲ့သောကြောင့် ပြည်သူပိုင်ရာဘာခြံများလည်း ပျက် စီးခဲ့သည်ဟု SOF က ဖော်ပြထားသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့ကလည်း မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်နှင့် ဘိတ်သွားရာ အမှတ် ၈ လမ်းမကြီး တစ်လျှောက်တွင် သွားလာသည့် မော်တော်ယာဉ်များအနေဖြင့် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့က ကားများကို ရပ်တန့် စစ်ဆေးရာတွင် ကြည်ဖြူစွာရပ်တန့်ပေးကြရန်လည်း KNLA တပ်ရင်း ၂၇ ဌာန ချုပ်က အသိပေးစာ ထုတ်ပြန်ခဲ့သေးသည်။

ထိုသို့ တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ လမ်းမကြီးအပေါ် ကားများကို ရပ်တန့်စစ်ဆေးမှုများနှင့် စစ်ကောင်စီ တပ်နှင့် ဆက်နွယ်သူများကို ဖမ်းဆီးရမိခြင်းနှင့်ပတ်သက်ပြီး သတင်း ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီ  တပ်ဘက်မှ တစ်စုံတစ်ရာ သတင်း ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း တွေ့ရသည်။

Most read this week

November 8, 2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ တောင်ငူခရိုင်၊ မောင်နွဲ့ကြီးကျေးရွာအုပ်စု၊...
November 8, 2024
စစ်တပ်အာဏာသိမ်းပြီးစ အချိန်ကတည်းက ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်မှ အာဏာဖီဆန်ရေးလှုပ်ရှားမှု-...
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း။
November 7, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက...
November 7, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် ကရင်နီပြည်နယ်စပ်မှစ၍ သူးမွဲထအထိ...