ဦးအောင်မြကျော် မေးမြန်းခန်း

ဦးအောင်မြကျော် မေးမြန်းခန်း
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် လွှတ်တော်ကို ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းက ပြန်လည် စတင်ခဲ့ပါတယ်။ ရခိုင်ပြည်နယ် လွှတ်တော်မှာ ဘာတွေကို ဆွေးနွေးပြီး အစိုးရအပိုင်းက ဘာတွေကို တင်ပြခဲ့သလဲ ဆိုတာ သိရှိနိုင်အောင် စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်ကို ဆက်သွယ်မေးမြန်းခဲ့ပါ တယ်။ ဦးအောင်မြကျော်က ကျွန်တော်တို့ မေးမြန်းတဲ့ မေးခွန်းတွေကို ခုလိုဘဲ ပြန်ဖြေကြားထားပါတယ်။

ရခိုင်ပြည်နယ် လွှတ်တော် (ဓါတ်ပုံ - နိရဥ္စရာ)
(ရခိုင်ပြည်နယ်မှာ ဒီနေ့လွှတ်တော် ကျင်းပတယ်ဆိုတော့ ဘာတွေကို အဓိထားပြီး ဆွေးနွေး ကြပါသလဲ ခင်ဗျား။)

ဖြေ။ ။ ဒီနေ့ ကျနော်တို့ဆွေးနွေးတာကို ပြောရမယ် ဆိုရင် လွှတ်တော်ပထမနေ့မှာ ဆွေးနွေးတာတော့ မရှိပါဘူး။ အစိုးရအဖွဲ့ဝင်တွေရဲ့ တနှစ်တာ အစီရင်ခံစာတွေပါလဲ။ ဥပမာ အားဖြင့် ဆိုရင် တရားသူကြီးချုပ်တို့၊ ဥပဒေချုပ်တို့၊ စာရင်းစစ်ချုပ်တို့ သူတို့တွေရဲ့ တစ်နှစ်တာ ဆောင်ရွက်ခဲ့တဲ့ အစီရင် ခံစာတွေ တင်သွင်းကြပါတယ်။ အဲသလို အစီရင်ခံစာတွေကို ဖတ်ပြတာနဲ့ ပထမနေ့ လွှတ်တော်က ပီးဆုံးသွားခဲ့ပါတယ်။

(ဟုတ်ကဲ့။ အဲသလို အစီရင်ခံစာတွေ ဖတ်ပြတယ်ဆိုတော့ တခြားလွှတ်တော် အမတ်တွေကတော့ သူတို့ အစီရင်ခံစာတွေ အပေါ်မှာ ထပ်ဆွေး နွေးလို့ ရပါလားခင်ဗျား။)

ဖြေ။ ။ သူတို့ရဲ့ အစီရင်ခံစာတွေကိုတော့ လုပ်ဆောင်တဲ့ ကဏ္ဍတွေကိုသာ တင်ပြတာပါ။ ဆွေးနွေးမယ့် အဆိုအ နေနဲ့ တင်ပြတာ မဟုတ်တော့ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ဆွေးနွေးခွင့်တော့ မရှိဘူးပေါ့နော်။ နားထောင်ဖို့ သက်သက်ပါပဲ။

(အဲဒီတော့ ဆွေးနွေးမယ်ဆိုတော့ တောင်းဆိုလို့ ရနိုင်မယ့် အနေအထားရှိပါလား။)

ဖြေ။ ။ သူတို့က အဆိုအနေနဲ့ တင်ပြတာမဟုတ်တော့ လွှတ်တော် ကိုယ်စားလှယ် အနေနဲ့ ဆွေးနွေးခွင့်တော့ ရှိမှာ မဟုတ်ပါဘူး။ ရနိုင်မယ် မထင်ပါဘူး အဲသလို။

( ဟုတ်ကဲ့။ သူတို့ ဒီနေ့တင်ပြတဲ့ အထဲမှာ ထူးခြားတာက ဘာတွေရှိပါသလဲ။ ရခိုင်ပြည်သူတွေကို ချပြ လို့ရတဲ့ အချက်တွေ ဘာတွေရှိပါသလဲ။)

ဖြေ။ အဓိကတော့ တရားသူကြီး အဖွဲ့တွေက အမှုဘယ်လောက် တက်တယ်။ အဲဒီ အမှုအပေါ်မှာ ဘယ် လောက်ထိ တရား စီရင်မူ လုပ်ထားပြီးပြီ ။ ဘယ်လောက်ထိ အမူတွေ စီရင်ချက် မချဘဲ ကျန်နေသးတယ်။ အဲဒီအပိုင်းနဲ့ ပတ်သက်ပြီးတော့ ကိန်းဂဏန်းတွေနဲ့ ချပြပါတယ်။

(ဟုတ်ကဲ့။ အဲဒီကိန်း ဂဏန်းတွေကို ပြောပြလို့ရမှာလား ခင်ဗျား။)

ဖြေ။ တစ်နှစ်လုံး အတိုင်းအတာတော့ သူတို့ ဟိုဟာ သူတို့ ရခိုင်ပြည်နယ်မှာ မနှစ်က တာဝန်စယူ ကတည်းကနေ ကိန်းဂ ဏန်းတွေ ပြောမယ်ဆိုလို့ရှိရင် အမှုပေါင်းက ၉၈၈ မူလောက်ဖြစ်တယ်။ အမှုတွေမှာ သူတို့ရဲ့ လုပ်ဆောင် မှုအပိုင်းတွေက နှစ်ဝက်တစ်ဝက်လောက် ရှိတာပေါ့။ ဥပမာ သူတို့ လုပ်ဆောင် ထားတဲ့ ယခင်လက်ကျန် မှာ အမှုပေါင်း ၉ ရာကျော်တက်တဲ့ အထဲမှာ ထဝက်ကျော် လုပ်ဆောင် ပြီးတဲ့သဘော တင်ပြသွားတာပေါ့။ ပြီး ရင် စာရင်းစစ်ချုပ်တွေ အနေနဲ့လည်း စာရင်းစစ်ချုပ်က ဒီရခိုင်ပြည်နယ်မှာ လုပ်တဲ့ စီမံကိန်းတွေမှာ အပိုတင်ထားတဲ့ ကိန်းဂဏန်းတွေကို ပြန်ပြီး စစ်ဆေးတွေ့ရှိတဲ့ အကြောင်း၊ စစ်ဆေးတဲ့ အထဲက အပိုတင်ထားတဲ့ ဟာတွေကို ပြည်နယ် ဘဏ္ဍာကို ပြန်သွင်းခိုင်း တာတွေပေါ့လေ။ အဲသလို မျိုး အတိုင်းအတာတွေ ပြန်သွင်း ခိုင်းတော့ မလိုအပ်တဲ့ အသုံးတွေရှိရင် နည်းသွားတဲ့ သဘောပေါ့။ အဲဒီဟာတွေ ပြန်ပြီး သွင်းခိုင်တဲ့ အစီအစဉ်ကိုတော့ လုပ်တာတော့ တွေ့ရပါတယ်။ သူတို့ဖတ်ပြတဲ့ အထဲမှာ ပါပါတယ်။

(ဦးအောင်မြကျော်တို့ ရခိုင်ပြည်က လွှတ်တော်တွေ အနေနဲ့ မနက်ဖြန် ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့မှာ လွှတ်တော်မှာ ဘာတွေ ကို အဓိကထား တင်ပြဖို့ စီစဉ်ထားတာရှိပါလဲ ခင်ဗျား။)

ဖြေ။ ကျနော့်အနေနဲ့ တော ့မေးခွန်း အဆိုတွေ တင်ထားတာပေါ့။ ဒါပေမဲ့ ဒီနေ့ လွှတ်တော် စတဲ့ နေ့မှာ တင်သွင်းတဲ့ ဥပဒေကြမ်းက နှစ်ခု တင်သွင်းပါတယ်။ အဲဒီ ဥပဒေကြမ်းတွေကို ကျနော်တို့ အသေးစိတ် ဆွေးနွေးမယ်လို့တော့ စီစဉ်ထားပါတယ်။ ဒီနဲ့ ဥပဒေမူကြမ်း နှစ်ခုကတော့ ရခိုင်ပြည်နယ် ဒေသန္တရစီမံကိန်း ဥပဒေဆိုပြီးတော့ အစိုးရ အဖွဲ့က တင်ပါတယ်။ ပြီးရင် တစ်နှစ်တာ ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့ ရသုံး နှစ်ရှည် ဥပဒေမူကြမ်း နှစ်ခု တင်ပါတယ်။ အဲဒီ အပိုင်းနဲ့ ပတ်သက်တဲ့ ဆွေးနွေးနိုင်မယ့် လွှတ်တော်ကိုယ် စားလှယ်တွေရဲ့ အမည် စာရင်းတွေပေးပါ ဆိုတော့ ရခိုင်ပြည်နယ် ဒေသဖွ့ံဖြိုးရေး တိုးတက်ရေး အတွက်ရော၊ ကျနော်တို့ ဒီဘက် ဘတ်ဂျက် မလိုအပ်တဲ့ အသုံး အနေနဲ့ရော၊ ပြီးရင် မလိုအပ်တဲ့နေရာမှာ အကုန်အကျမဖြစ်အောင် ဘတ်ဂျက်ကို ဘယ်လိုညှိ့မှာလဲ ဘယ်လိုလုပ်မှာလဲ ဆိုတာ အဲဒီအပိုင်းနဲ့ ပတ်သက်ပြီးရင်တော့ အသေးစိတ် ဆွေးနွေးမယ်လို့တော့ အစီအစဉ် လုပ်ထားပါတယ်။

ကျေးဇူးတင်ပါတယ်။

Most read this week