ရိုးရာ ရထားပွဲတွင် ပြုလုပ်သည့် ရွှေဂတ်စ်လှုပ်ရှားမူ ပိတ်ပင် တားဆီးခံရ

ရိုးရာ ရထားပွဲတွင် ပြုလုပ်သည့် ရွှေဂတ်စ်လှုပ်ရှားမူ ပိတ်ပင် တားဆီးခံရ
by -
နိရဥ္စရာ

(၄) ကြိမ်မြောက် ကျင်းပ ပြုလုပ်သည့် စစ်တွေ မြို့လုံးကျွတ် ရခိုင်ရိုးရာ ရထားဆွဲပွဲတွင် ရခိုင်လူငယ်များက ပြုလုပ်ခဲ့သည့် ရွှေဂတ်စ်လှုပ်ရှားမှုကို ရဲအဖွဲ့က ပိတ်ပင် တားဆီးမူများ ပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။

Shwe-Gas-campaing
ရာဂဏန်းခန့်ရှိသော လူငယ်များသည် ဖေဖေါ်ဝါရီလ ၃ ရက်နေ့က စတင်ခဲ့သော ရခိုင်ရိုးရာ ရထားဆွဲပွဲတွင် " ရခိုင် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းရပ််တန့်ပါ" "ရခိုင်က ဂတ်စ်ဖြင့် ၂၄ နာရီ မီးပေးပါ" ဟု စာတန်းများ ရေးထိုးထားသော အကျီင်္များကို ၀တ်ဆင်ပြီး ရထားပွဲတွင် ပါ၀င်ဆင်နွဲနေစဉ် ရဲအဖွဲ့၏ ပိတ်ပင်တားဆီးမူကို ခံခဲ့ကြရခြင်း ဖြစ်သည်။

လှုပ်ရှားမှုကို ရခိုင်ပြည်နယ်တွင် ၂၄ နာရီ မီးရရှိရေးအတွက် လူပ်ရှား တောင်းဆိုနေသော "ရက္ခ အလင်းတန်း" အဖွဲ့မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်သည်။

" ပထမနေ့ ဖေဖေါ်ဝါရီလ ၃ ရက်နေ့ ညနေကတည်းက ကျမတို့ တီရှပ်တွေ ၀တ်ပြီး လူပ်ရှားမူ စတယ်။ ရဲတွေလည်း ရှိတယ်။ ဒါပေမဲ့ တားဆီးတာတို့ ချွတ်ခိုင်းတာတို့ မရှိခဲ့ဘူး။ နောက်တစ် နေ့မှာတော့ တီရှပ်ဝတ်ပြီး ရထားပွဲထဲမှာ ပါ၀င်ဆင်နွဲနေကြတဲ့ လူငယ်တွေကို အကျီတွေကို အတင်း လိုက်ပြီး ချွတ်ခိုင်းတယ်။ တချို့ အတင်း ဆွဲချွတ်ခံခဲ့ရတယ်။ တချို့လည်း အချွတ်မခံဘဲ ထွက်ပြေး ကြတယ် " ဟု ပိတ်ပင် တားဆီးခံရခြင်းနှင့် ပတ်သတ်ပြီး အဖွဲ့ခေါင်းဆောင် ဒေါ်မာမာက နိရဥ္စရာသို့ ပြောသည်။

စစ်တွေ မြို့လုံးကျွတ် ရိုးရာရထားဆွဲပွဲတွင် ရွှေဂတ်စ်လှုပ်ရှားမှု ကမ်းပိန်းပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုလည်း ဒေါ်မာမာက ယခုကဲ့သို့ ဆက်ပြောသည်။

" ရထားဆွဲပွဲ ဆိုတာကလည်း အမျိုးသားယဉ်ကျေးမှုကို ဖော်ဆောင်တဲ့ ပွဲတစ်ပွဲဖြစ်တယ်။ အဲဒီပွဲမှာ အခု ရခိုင်လူမျိုးတွေရဲ့ အခွင့်အရေး ဆုံးရှုံးနေတာတွေကို ရခိုင်လူမျိုးတွေအနေနဲ့ တောင်းဆိုခွင့်ရှိတယ်။ ရပိုင် ခွင့်ရှိတယ်ဆိုတာကို ပြတဲ့အနေနဲ့ ဒီတီရှပ်ဝတ်တဲ့ ကမ်ပိန်းကို ပြုလုပ်တာ ဖြစ်တယ်။"

ရိုးရာ ရထားဆွဲပွဲတော်တွင် ယခုကဲ့သို့ တီရှပ် အကျီဝတ်ပြီး လူပ်ရှားမူ ပြုလုပ်သည်ကို ပွဲတော် ကျင်းပရေးကော်မီတီကလည်း သဘော မတူ ကန့်ကွက်မူ ပြုလုပ်ခဲ့သည်ဟု သိရသည်။

" ရထားဆွဲပွဲ မစမီ တစ်နေ့အလို ညနေပိုင်းမှာ ပွဲကော်မီတီ နာယက ၈ ယောက်ခန့်က ကျမ နေတဲ့ အိမ်ကို ရောက် လာပြီး ရထားပွဲမှာ တီရှပ် ဒီအကျင်္ီတွေ ၀တ်ပြီး လူပ်ရှားမူ မပြုလုပ်ဖို့ လာပြောတယ်။ ဒီပွဲမှာ နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ အလုပ်တွေကို မလုပ်ဘူးဆိုတဲ့ ၀န်ခံချက် လက်မှတ်ရေးထိုးထားတဲ့ အတွက် ဒီလို အကျီင်္တွေ ၀တ်ပီး လူပ်ရှားမူ လုပ်ရင် ပွဲကို အာဏာပိုင်တွေက ပိတ်နိုင် တယ်ဆိုပြီး လာပြော ပါတယ်။ ကျွန်မတို့ကလည်း နားလည်ပါတယ်။ ဒါပေမယ့် ကျမတို့က လုပ်စရာရှိတာကို ဆက်လုပ်ခဲ့ပါတယ်။ ကျမတို့ ပြည်သူတွေ ငတ်နေတဲ့ လျှပ်စစ်မီးကို ကျမတို့ ရတဲ့ နေရာမှာ ရသလို တိုက်ပွဲ တောင်းဆိုသွားဖို့ ဆုံးဖြတ််ထားတဲ့ အတွက် လူငယ်တွေက ၀တ်ပြီး လူပ်ရှားခဲ့ကြတာ ဖြစ်ပါတယ်"ဟု ပွဲတော် နာယက အဖွဲ့မှ လာပြောခြင်း ခံရသူ ဆရာ မခိုင်ခိုင်ကပြောသည်။

တီရှပ် ၀တ် လူပ်ရှားမူကြောင့် ယခုအခါ ဆရာမခိုင်ခိုင်ကို အာဏာပိုင်များမှ အနီးကပ် စောင့်ကြည့် နေသည့် အတွက် သူမအနေနှင့် ပုန်းရှောင်နေရကြောင်း နိရဥ္စရာသို့ သူမက ပြောသွားသည်။

ရထားဆွဲပွဲတွင် ရွှေပြားရပ်ကွက်မှ ရွှေဂတ်စ် လှုပ်ရှားမှု တီရှပ် အကျီများ ၀တ်ဆင်ပြီး ရထားဆွဲရန် စီစဉ် ထားသော်လည်း ပွဲဖြစ်မြောက်ရေး နာယအဖွဲ့မှ ရွှေပြားရပ်ကွက်မှ တာဝန် ရှိသူတဦးကို ခေါ်ယူပြီး ရွှေဂတ်စ် လှုပ်ရှားမှု တီရှပ်များ ၀တ်ပြီး ရထားမဆွဲရန် လက်မှတ် ထိုးခိုင်းခဲ့သည့်အတွက် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

ရက္ခ အလင်းတန်းအဖွဲ့မှ ရထားဆွဲပွဲတွင် "မိမိပိုင်ပစ္စည်း မိမိပိုင်ဆိုင်ခွင့် ရှိရမည်။ ရွှေဂတ်စ် စွမ်းအင်ကို သုံးစွဲခွင့် ရရန် ရခိုင် တစ်မျိုးသားလုံး တောင်းဆိုခွင့်ရှိသည်။ ရခိုင်ပြည်အရေးသည် ရခိုင်သားတို ့ အရေး။ ထလော့ ရခိုင်.... အို ရခိုင်တို့။ ရခိုင်အရေးကို ဆောင်ရွက်ကြဖို့။"ဟု ရေးသားထားသည့် လက်ကမ်းစာ စောင််များကိုလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

Most read this week