ဖေဖေါ်ဝါရီ ၂၀ ကို ချင်းအမျိုးသားနေ ့ အဖြစ်ကျင်းပသင့်ဟု ချင်းခေါင်းဆောင် ပူးဇိုဇမ်ပြော

ဖေဖေါ်ဝါရီ ၂၀ ကို ချင်းအမျိုးသားနေ ့ အဖြစ်ကျင်းပသင့်ဟု ချင်းခေါင်းဆောင် ပူးဇိုဇမ်ပြော
by -
ခိုနူမ်းထုန်

၁၉၄၇ ခုနှစ် ၊ ဖလမ်း ညီလာခံက ချင်းမိရိုးဖလာအုပ်ချုပ်ရေး စနစ်ဖြစ်သည့် ဒေသရာဇ်အုပ်ချုပ်ရေးစနစ်အား လူထု အုပ်ချုပ်သည့် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ အသွင်ပြောင်းလိုက်သည့် ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ကို ချင်းအမျိုးသား နေ့အဖြစ် ကျင်းပသင့်သည်ဟု ချင်းအမျိုးသားပါတီ ဥက္ကဌ ပူး ဇိုဇမ်းက ပြောဆိုလိုက်သည်။

Pu-Zozam
“ကျတော် ၀န်ကြီးချုပ်ဖြစ်လာခဲ့ရင် ချင်းပြည်နယ်နေ့ကို ချင်းအမျိုးသားနေ ့အဖြစ် ကျင်းပမှာဘဲ၊ ချင်းပြည်နယ် နေ ့ဆိုတာ မရှိပါဘူး။ ၀န်ကြီးချုပ်ရာထူး ကနေ ပြုတ်ရင်လည်း ပြုတ်ပေါ့။ ဒါဟာ အမျိုး သား ရေးနဲ ့ဆိုင်တဲ့ ကိစ္စဖြစ်လို ့ပါ၊ ဒါက ၀န်ကြီးချုပ်မှာ တာဝန်ရှိတယ်” ဟု CNP ဥက္ကဌ Pu Zozam ကဆိုသည်။

ပူး ဇိုဇမ်းသည် အစိုးရအဆက်ဆက်က ဖေဖေါ်ဝါရီ ၂၀ရက်နေ့ တွင် ကျရောက်သည့် ချင်းအမျိုးသာ းနေ့အား ချင်းပြည်နယ်နေ့ အဖြစ်ကျင်းပခိုင်းနေသည့် အပေါ် ရည်ညွန်းပြောဆိုလိုက်ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို ့တွင် Bridging South and South East Asia ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ၌ တက်ရောက် လာသည့် Pu Zozam က ခိုနူမ်းထုတ်သတင်းဌာနနှင့် တွေ ့ ဆုံစဉ်၊ ယမန်နေ့က ပြောကြား ခြင်း ဖြစ်သည်။

လာမည့်လ ဖေဖေါ်ရီလ (၂၀)ရက်နေ ့တွင် ကျရောက်မည့် (၆၄) ကြိမ်မြောက် ချင်းအမျိုးသားနေ ့ကို ချင်းပြည်နယ်၊ မင်းတပ်မြို ့အမျိုးသားနေ့ ကျင်းပရေးကော်မီတီက ချင်းအမျိုးသားနေ ့အဖြစ် တရားဝင် ကျင်းပပြု လုပ်ခွင့်ပြုရန် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် တောင်းဆိုခဲ့သည်ကို ၀န်ကြီးချုပ် ဟုန်းငိုင်ဦး ဆောင်သည့် ချင်းပြည်နယ်အစိုးရက ပယ်ဖျက် လိုက် သည်။

မိမိတို ့ CNP ပါတီသည် ချင်းတမျိုးသားလုံးနှင့်ဆိုင်သည့် ကိစ္စများကို တမျိုးသားလုံးအတိုင်း အတာ ဖြင့် ဦးတည်ကာ လုပ် ဆောင်လျက်ရှိကြောင်း၊ တခြားချင်းနိုင်ငံရေးပါတီများကလည်း  နိုင်ငံရေးဦးတည် ချက်ရှိရှိဖြင့် လက်တွေ ့ကျကျအ ကောင် အထည်ဖေါ်စေလိုကြောင်း ပူးဇိုဇမ်က နှိုးဆော်ထားသည်။

အိန္ဒိယအစိုးက ကုလားတန်မြစ်စီမံကိန်း လုပ်ဆောင်သည့်အပေါ် မည်သို ့မည်ပုံလုပ်ဆောင်သည် ဆို သည့်အချက်အလက် အသေးစိတ်ကို သိရှိနိုင်ရန် Jamia Millia Islamia တက္ကသိုလ်တွင် ကျင်းပနေသည့် မြန်မာ့အရေး ဆွေးနွေးပွဲတွင် အိန္ဒိယ ကိုယ်စားလှယ်များကို မေးမြန်းမှု ပြုလုပ်ခဲ့ ကြောင်း သူကဆိုသည်။

“ကုလားတန်မြစ်စီမံကိန်က အစိုးရသဘောအတိုင်းလုပ်လို ့မရဘူး၊ ဒေသခံလူထုက သဘောတူ မတူကို အစိုးရက အဓိက ထားရမယ်၊ ဒါ့အပြင် ဒေသခံလူထုက မည်၍မည်မျှအကျိုးခံစားမလဲ ဆိုတာ တွေ လေ့လာဖို ့ကောင်းတယ်” ဟု သူ က ဆိုသည်။

CNP ဥက္ကဌနှင့်အဖွဲ ့သည် အိန္ဒိယနိုင်မှအပြန် ကုလားတန်စီမံကိန်း ကိစ္စကိုကွင်းဆင်းလေ့လာ မှုပြုလုပ်ပြီး ပြည်နယ် အဆင့် လွှတ်တော်အစည်းအဝေးတွင် ရှင်းလင်းမှု ပြုလုပ်ရန် စီစဉ်ထား ကြောင်း ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်တွင်းမှ ချင်းအမျိုးသားပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု၊ ရှမ်းအမျိုး သားဒီမိုကရေစီ ပါတီ၊ ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ရှမ်းအမျိုးသား ဒီမိုကရေစီပါတီ၊ ပအိုးဝ်အမျိုးသား အဖွဲ့ချုပ်နှင့် အင်းအမျိုးသားဖွံ့ဖြိုးတိုး တက်ရေး ပါတီတို့မှ ကိုယ်စားလှယ် ၁၅ ဦး တက်ရောက်ကြသည်။

Most read this week