ကချင် နှင့် သျှမ်းပြည်မြောက်ပိုင်းနယ်စပ်ဘက် သွားရောက်လှုပ်ရှားသော မြန်မာအစိုးရစစ်တပ် အချို့ရုပ်ပြန် နေပြီဖြစ်သော်လည်း နမ့်ခမ်းမြို့၌ ဒုက္ခသည်ရာနှင့်ချီခိုလှုံနေသေးကြောင်း မြို့ခံများပြောပြချက် အရသိရ သည်။
“စနေ နေ့လောက်ကစပြီး တပ်ရုပ်ပြန်တယ်။ အဲနေ့ကဆို ဗမာစစ်သားတွေ အိမ်ပြန်ရလို့ သီချင်းတွေဆို၊ လက်ခုပ်လက်ဝါးတီးလို့။ အရမ်းပျော်နေကြတဲ့ပုံဘဲ” - နမ့်ခမ်းမြို့ခံ ဈေးသည်နန်းခမ်းယေ့က ပြောပါ သည်။
ယခုသုံးလေးရက်အတွင်း ကချင်ပြည်နယ် မန့်ဝိန်းကြီး နှင့် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အနောက် ခြမ်း၊ အနောက်မြောက်ဘက်ခြမ်းတလွှားသွားရောက်လှုပ်ရှားသောမြန်မာစစ်များ အသီးသီး တပ်ရုပ်ပြန်နေကြောင်း၊ တပ်ရုပ်ပြန်သောတပ်ရင်းများမှာ စကခ ၁၆၊ တပ်မ ၉၉ ၊ တပ်မ ၄၄ လက်အောက်ခံ တပ်ရင်းများ ဖြစ်ကြောင်း ဒေသခံ အကြီးအကဲ တဦးက ဤကဲ့သို့ပြောပါသည်။
“စနေနေ့ကစစ်ကား ၅ စီး၊ တစီးမှာစစ်သား ၃၀ ကျော်ကျော်လောက်ရှိမယ်၊ ည အပိုင်းအထိ ကချင်ဘက် ကနေ နမ့် ခမ်းကိုဖြတ်ပြီး မူဆယ်ပြန်သွားတယ်။ မနေ့တနေ့ကတော့ ကားအစီး အစီး ၃၀ ကျော်တယ်။ မူဆယ်ဘက်ကိုဦးတည်ပြန်သွားတာများတယ်။ စစ်သားတွေကသီချင်းတွေဆို၊ လက်ခုပ်တွေတီး ပျော်မြူး နေကြ တယ်။ အခုနတ်စင်ကုန်းလို့ခေါ်တဲ့ နဝရတ် ကုန်းမှာသောင်တင်နေသေးတာက အယောက် ၆၀ လောက်ရှိမယ်”
နမ့်ခမ်းမြို့သို့ရောက်ရှိနေသည့် မန့်စည်၊ မန့်ဝိန်းကြီးဒေသခံစစ်ပြေးဒုက္ခသည် အယောက် ၅၀၀ လောက် မှာမူ ယနေ့တိုင် နမ့်ခမ်း မြို့အောင်မေတ္တာရပ်ကွက်ရှိ ဒုက္ခသည်စခန်း၌ ရှိနေသေးကြောင်း၊ စားရေးသောက် ရေးအတွက် ရပ်ရွာလူထုက စုပေါင်း ပေးပို့နေရကြောင်း၊ အလယ်တန်းအဆင့်အထိ ကျောင်းသူကျောင်းသား များ လည်း နမ်းခမ်းမြို့၌ပင် ယာယီကျောင်းတက်နေ ရသေးကြောင်း ဆက်၍ပြောပြပါသည်။
ကချင်လွတ်လပ်ရေးတပ်မတော်အား ထိုးစစ်ဆင်တိုက်ခိုက်မှုရပ်တန့်ရန် နိုင်ငံတော်သမ္မသစ် ဦးသိန်းစိန်က နှစ်ကြိမ်နှစ်ခါ ညွှန်ကြားခဲ့သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ၏။ ယခုလ ၁၈ - ၁၉ က KIO ကိုယ်စားလှယ်နှင့် အစိုးရကိုယ်လှယ်တို့ ထပ်မံတွေ့ဆွေးနွေးသော်လည်း အပစ်ရပ်ရန် အထမမြောက်ခဲ့ပေ။ သို့သော်ဆွေးနွေးပွဲနောက်ပိုင်း ပထမဆုံးအကြိမ် အစိုးရတပ် တပ်ရုပ်သိမ်းမှုသည် ငြိမ်းချမ်းရေးအတွက် ကောင်းသောအလားအလာဖြစ်သောကြောင့် ဒေသခံများ ဝမ်းသာပျော်ရွှင်နေကြသည်။