လယ်ယာမြေလျော်ကြေးငွေအပြည့်မပေးသေးသဖြင့် ရေနံကုမ္ပဏီ၏ လယ်ယာမြေလုပ်ပိုင်ခွင့်ဂရမ် လျှောက်ထားမှုကို ဒေသခံများက ကန့်ကွက်စာတင် ကြောင်း သျှမ်းပြည်မြောက်ပိုင်း လယ်သမားများအ သိုင်းအဝိုင်းက ပြောသည်။
“ ကုမ္ပဏီက မြေစားရင်းရုံးကို ပြီးခဲ့တဲ့လကုန်က လျှောက်လွှာတင်တယ်။ကန့်ကွက်နိုင်တယ်ဆိုတော့ ကျနော်တို့နမ့်ခမ်းက လယ်သမားရ၀ ကျော် စုပေါင်းပြီး ကန့်ကွက်စာတင်ထားတယ်။ ခုထိဘာမှ အကြောင်းမပြန်သေးဘူး။ ဦးစီးမှူးခရီးထွက်သွားလို့တဲ့” ဟု နမ့်ခမ်းဒေသခံ လယ်သမား တဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။
မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်ရှိ လယ်ယာလုပ်ကိုင်နိုင်သော မြေလွှတ်မြေရိုင်းများအား မြန်မာ-တရုတ်ရေနံနှင့် သဘာဝ ဓါတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရေး စီမံကိန်းအတွက်( နမ့်ခမ်း ) မြေနေရာအဖြစ် အသုံးပြုမည်ဖြစ်သဖြင့် လယ်ယာ မြေလုပ်ပိုင်ခွင့် ဂရမ်ချပေးရန် မြေတိုင်းဦးစီးဌာနထံ ရေနံ၊ ဂက်စ် ကုမ္ပဏီက ၂၀၁၁ ဒီဇင်ဘာလကုန်က လျှောက်လွှာ တင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါလယ်ယာမြေလုပ်ပိုင်ခွင့်ဂရမ်လျှောက်ထားမှုကိုဂျန္နဝါရီ ၁၅ ရက်နောက်ဆုံးထား၍ ကန့်ကွက်နိုင်ကြောင်း မြေစာရင်းဦးစီးဌာနကြေငြာစာ ထုတ်ပြန် ခဲ့သဖြင့် လယ်သမားများက ဂျန္နဝါရီလ ၅ ရက်နေ့ ရက်စွဲဖြင့် နမ့်ခမ်းမြို့ မြို့နယ်မြေစာရင်းဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမင်းထွန်းထံလိပ်မူ၍ ကန့်ကွက်စာတင်ခဲ့ကြောင်း သိရသည်။
မြေတိုင်းဦးစီးဌာနထံပေးပို့သောကန့်ကွက်စာ၌ - အသိမ်းခံလယ်မြေပိုင်ရှင်များအား ကုမ္ပဏီက လျော် ကြေးငွေတစ်ဝက် သာ ပေးအပ်ပြီး ထိုအတွက် သဘောတူညီချက်စာချုပ် ချုပ်ဆိုရန်လည်းပျက်ကွက်ခဲ့ကြောင်း ပါရှိသည်။
“ ကုမ္ပဏီက ကျနော်တို့ကို လျော်ကြေးအပြည့်အဝ ပေးပြီးမှသာ သူတို့လိုချင်တဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်ဂရမ် တောင်း သင့်ပါတယ်။ ဒီအတွက် လယ်သမား ရ၄ ယောက်က လက်မှတ်ထိုးပြီး ကန့်ကွက်စာတင်ထားတာပါ။ အမှန်ကတော့ ကျန်တဲ့လျော်ကြေးတဝက် ထပ်မရမှာစိုးလို့လဲပါပါတယ်” ဟု လယ်မြေအသိမ်းခံရသူတဦးကပြောပါသည်။
ရေနံ၊ ဂက်စ်ကုမ္ပဏီက အသိမ်းခံ လယ်ယာမြေပိုင်ရှင်များအား အဆိုပါလယ်မြေ၏ သီးနှံအထွက်နှုန်း၊ တည်နေရာ တို့ကို ကြည့်၍ လျော်ကြေး သတ်မှတ်ပေးခြင်းဖြစ်ပြီး ၅ နှစ်အတွင်းထွက်ရှိမည့် သီးနှံတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကိုသာ ပေးလျော် ခဲ့ ၏။ ကျန်လျော်ကြေးတဝက်ကိုမူ မည်သည့် အချိန်တွင်ပေးလျော်မည်ကို မသိနိုင်သေးဟုသာပြောကြောင်းလဲ လယ် သမားများကပြောသည်။ ( အသေးစိတ်ကြည့်ရှုလိုပါက- http://www.mongloi.org/burmese/news/96-2008-08-03-06-49-23/2779-2011-12-...)
ကျန်ရှိသော လျော်ကြေးငွေတဝက်အား မြန်မာဘက်မှ မည်သို့မျှ ပြောဆိုခြင်းမရှိလျင် လယ်သမားများက တရုတ်ဘက်သို့ သွားပြောမည်ဖြစ်ကြောင်း၊ တရုတ်ဘက်မှလည်း ထပ်မံလျစ်လျူရှုပါက ရေနံသွယ်တန်းမှုအား ဆန္ဒပြကန့်ကွက်ကြမည်ဖြစ် ကြောင်းဆို၏။
ရေနံ၊ ဂက်စ် ပိုက်လိုင်းချရန်အတွက် နမ့်ခမ်းမြို့နယ်အတွင်းရှိ ၉ ရွာမှ လူ ၈၆ ဦး (ဝိန်းကန်း ရွာ၌ ၄ ဦး၊ ဝမ့်မိုင်ရွာ၌ ၃ ဦး၊ နမ့်မ ၁၂ ဦး၊ ဟိုပုံ ၂၀ ဦး၊ လွယ်ကန် ၂ ဦး၊ နောင်တိန်းရွာ ၅ ဦး၊ နောင်မ ၃ ဦး၊ နောင်ခမ်း၂၉ ဦးနှင့် နမ့်ခမ်းမြို့အတွင်း ၈ ဦး) ၏ လယ်ယာမြေကို အစိုးရက သိမ်းယူရာ လျော်ကြေးတဝက်အား ယမန်နှစ် နိုဝင်ဘာလကစ၍ ပေးနေကြောင်းလည်း နမ့်ခမ်းမြို့ဒေသခံများထံမှ သိရပါသည်။