စာပေစစ်ဆေးရေးကြောင့်ယူနီယံဂျာနယ် မထွက်နိုင် ဝန်ထမ်းစရိတ်ကျပ်သန်းချီလစဉ် ကုန်နေ

စာပေစစ်ဆေးရေးကြောင့်ယူနီယံဂျာနယ် မထွက်နိုင် ဝန်ထမ်းစရိတ်ကျပ်သန်းချီလစဉ် ကုန်နေ
by -
သျှမ်းသံတော်ဆင့်

ကျားဖြူပါတီခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှထုတ်ဝေမည့် ကျားဖြူပါတီစာစောင် ပြန်လည်ထုတ်ဝေရန် အဆင်သင့် ရှိပြီဖြစ်သော်လည်း ယူနီယံသတင်းဂျာနယ်ပုံနှိပ်ရန်အတွက်စာပေစီစစ်ရေး မှအကြောင်းပြန်ချက်ကို စောင့်နေရကြောင်းပါတီ၏ ဗဟိုကော်မတီဝင်နှင့်နီးစပ်သူတဦးကပြောပါသည်။

ယူနီယံ သတင်းဂျာနယ်ထုတ်ဝေရန် စာပေစီစစ်ရေးမှ ဘုတ်အဖွဲ့၏ခွင့်ပြုချက်မရသေးသဖြင့်စောင့်ဆိုင်းနေရ ကြောင်း၊ အဆိုပါဂျာနယ်ထုတ်ဝေရန် စတင်အလုပ်လုပ်နေသည်မှာ အချိန်ကာလ ၆ လ ကြာပြီဖြစ်ကြောင်း ကျားဖြူပါတီနှင့် နီးစပ် သူတဦးကဤကဲ့သို့ ပြောပြပါသည်။

White Tiger

“ကျနော်တို့ဖက်က ဝန်ထမ်းတွေရော ရုံးသုံးလုပ်ငန်းအကုန်လုံး အသင့်ဖြစ်ပြီးပြီ။ သူတို့က ရမှာပါလို့ပြောနေ တော့ အခု စောင့်ဆိုင်းနေတဲ့သဘောပေါ့။ ဝန်ထမ်းက လောလောဆယ် ၂၃ ယောက် လောက် ရှိတယ်။ အထွေထွေအ သုံးစရိတ်က   လောလောဆယ် အခြိုးခြံဆုံး အချွေတာဆုံး တလကို အနည်း ဆုံးကျပ်သိန်း ၅၀ နဲ့အထက်သုံးနေ ရတယ်။”

ထို့ကြောင့် ယူနီယံဂျာနယ် ဘယ်နေ့ဘယ်ရက်ထွက်နိုင်မည်ကို မခန့်မှန်းနိုင်ကြောင်း၊ ယခုရက်ပိုင်းအတွင်း ဂျာနယ် ၃ - ၄ စောင် ထုတ်ဝေရန် ခွင့်ပြုမိန့်ကျလာပြီဖြစ်ကြောင်း၊ ယူနီယံပါမပါမသိရသေးကြောင်းတာဝန်ခံ တဦးကလည်း ပြောပါ သည်။

“ကျားဖြူသတင်းစဉ်က ပါတီနဲ့ တိုက်ရိုက်ချိတ်ဆက်တဲ့လူမှုရေးလုပ်ငန်း အထွေထွေလုပ်ငန်းပါတီလုပ်ငန်းတွေ ဘဲဖော်ပြ တဲ့ ပါတီစာစောင်ဆိုတော့ ထုတ်ဝေဖို့အခက်အခဲမရှိဘူး။ ထုတ်ပြီးရင်သူတို့ကို နမူနာပေးလိုက်ယုံဘဲ။ မူဆယ်၊ နမ့်ခမ်းက စီအီးစီတွေက အဓိကဦးဆောင်ထုတ်လုပ်သွားမယ်။ မကြာခင်မှာအမြန်ဆုံးထုတ်ဝေ နိုင်အောင် စီစဉ်သွားမယ်။” ဟု အဆိုပါ ပုဂ္ဂိုလ်က ဆက်၍ပြောပါသည်။

SNDP မှထုတ်ဝေသော ကျားဖြူစာစောင်မှာ ရွေးကောက်ပွဲမဝင်ခင်က ၃-၄ စောင်ထုတ်ဝေနိုင်ခဲ့ပြီ ဖြစ်သော်လည်း ရွေး ကောက်ပွဲကိစ္စ၊ လွှတ်တော်ကိစ္စတို့ကြောင့် အယ်ဒီတာများ အဖွဲ့ဝင်များ ပြန်မစုမိသေးရာမှယနေ့တိုင်ဆက် မထုတ်နိုင် သေးခြင်းဖြစ်သည်ဟု ဗဟိုကော်မတီဝင် ဦးစောသန်းမြင့်က ဆို၏။

လာမည့်ကြားဖြတ်ရွေးကောက်ပွဲ၌ ကျားဖြူပါတီအနေဖြင့် သျှမ်းပြည်တောင်ပိုင်း ကလောမြို့ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်၊ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ကချင်ပြည်နယ်မိုး ကောင်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နှင့် စစ်ကိုင်းတိုင်း အမှတ် ရ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် စသည့် ကိုယ်စားလောင်း နေရာများ ဝင်ပြိုင်ရန်ရှိနေသောကြောင့် စည်းရုံးရေးအတွက်အချိန်မီထုတ်ဝေဖြန့် ချီရန်ကြိုးစားနေရကြောင်းဆက်လက် ပြောပါသည်။