ရန်ပွဲကြောင့် ဘူးသီးတောင်တွင် လုံခြံုရေး တင်းကျပ်ခဲ့ရ

ရန်ပွဲကြောင့် ဘူးသီးတောင်တွင် လုံခြံုရေး တင်းကျပ်ခဲ့ရ
by -
နိရဥ္စရာ

ယမန်နေ့ ညနေက ဖြစ်ပွားခဲ့သော ရခိုင်နှင့် မွတ်ဆလင် လူငယ် တစ်ဦး ရန်ပွဲကြောင့် ပြဿနာ ကြီးထွားလာရာမှ ရဲနှင့် စစ်သားများကို စေလွှတ်ပြီး အခြေအနေကို ထိန်းသိမ်းခဲ့ရသည်ဟု သတင်း ရရှိသည်။

Buthidaungtower285
" ဖြစ်တာက မနေ့ည ရ နာရီခွဲမှာ ဖြစ်တာပါ။ အမှတ် (၇) ရက်ကွက် သင်္ဘောဆိပ်မှာ ဖြစ်ပါတယ်။ စိုးစိုးဆိုတဲ့ ရခိုင်လူငယ် တစ်ဦးနဲ့ အီမာနုရ်ဆင်း တို့ ရန်ဖြစ်ကြတာပါ။ အဲသလို ရန်ဖြစ်ပြီးတဲ့ နောက်မှာ အီမာနုရ်ဆင်းအိိမ်ကို ရခိုင်တွေက လာပြီး တိုက်ခိုက်ပါတယ်။ ဒါကြောင့် ရဲတွေနဲ့ စစ်သားတွေလာပြီး လူစုခွဲခဲ့ရပါတယ်" ဟု မွတ်ဆလင် ဒေသခံ တစ်ဦးက ပြောသည်။

ယခုအခါ ပြဿနာမှာ ပြေငြိမ်းသွားပြီ ဖြစ်သော်လည်း အီမာနုရ်ဆင်းကို ဆေးရုံတင်ထားရကြောင်း သူက ဆက်ပြောသည်။

" အခု အခြေအနေက အေးအေးဆေးဆေး ဖြစ်နေပါတယ်။ မနေ့ကတော့ အာဏာပိုင်တွေ လာပြီး လူစုခွဲရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ အုတ်ခဲတွေနဲ့ တိုက်ခိုက်တဲ့ အတွက် အီမာရ်နုဆင်း အိမ်ဝရံတာကတော့ ပြိုသွားပါတယ်။ တခြား လူတွေတော့ ထိခိုက် ဒဏ်ရာ ရတာ မရှိပါဘူး" ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ ပြဿနာကြောင့် ဘူးသီးတောင်မြို့တွင် အခြေအနေများ တင်းမာခဲ့သဖြင့့် မနေ့ညကလုံခြံု ရေးကို တင်းကျပ်ခဲ့ရကြောင်း သိရသည်။

" လူငယ် အချင်းချင်း ရန်ဖြစ်ရာကနေ ပြဿနာ ကြီးသွားတဲ့ အတွက် ရဲတွေ၊ စစ်သားတွေ လာရောက်ပြီး လူစု ခွဲလိုက်ရတယ်လို့ သိရတယ်။ ရန်ဖြစ်တဲ့ သူနှစ်ဦးစလုံး အနာရသွားတယ်လို့ သိရပါတယ်။ ရခိုင် လူငယ်လည်း အနာရသွားတဲ့ အတွက် ရခိုင်မြို့ခံတွေက မကျေနပ်တာကြောင့့် ရန်ဖြစ်တဲ့ ကုလားအိမ်ကို သွားရောက်ပြီး အုတ်ခဲတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကြားရပါတယ်" ဟု ရခိုင်အမျိုးသမီး တစ်ဦးကလည်း နိရဥ္စရာသို့ ပြောသည်။

ယခုအခါ ရဲနှင့် စစ်သားများကို ရုတ်သိမ်းသွားပြီ ဖြစ်ကြောင်းနှင့် အခြေအနေမှာ ပုံမှန် ဖြစ်နေကြောင်း အဆိုပါ အမျိုးသမီးက ပြောသည်။

Most read this week