အပစ်ရပ်ခြင်းသည် လူ့အခွင့်အရေး ကျူးလွန်မှုအားလုံးပါ ရပ်တန့်ရမည်ဟု RCSS/SSA ရှင်းလင်း

အပစ်ရပ်ခြင်းသည် လူ့အခွင့်အရေး ကျူးလွန်မှုအားလုံးပါ ရပ်တန့်ရမည်ဟု RCSS/SSA ရှင်းလင်း
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်တော်(တောင်ပိုင်း)ခေါ် RCSS/ SSA သည် နေပြည်တော် အစိုးရ တပ်မတော်နှင့် အပစ်ရပ် ကြောင်း သံဃာတော် အပါအဝင် လူထု တရပ်လုံးနှင့် ကေဒါတပ်သားထုများအား ရှင်းလင်းတပ်ပြပွဲတရပ် ပြု လုပ်ခဲ့ကြောင်းသိရှိ ရပါသည်။

“အပစ်ရပ်တယ်ဆိုတာ တိုက်ခိုက်မှုမပြုတာတခုထဲမဟုတ်ဘူး၊ ဗမာ့တပ်မတော်က လူထုအပေါ် ကျူး လွန်နေ တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေအားလုံး ရပ်တန့်ရ မယ်။ ကျေးရွာအဓမ္မရွေ့ပြောင်းခိုင်းတာ၊ အဓမ္မပြုကျင့် တာ၊ ရပ်ရွာတွေကို မီးတင်ရှို့တာ၊ ရပ်ရွာလူထုကို အကြောင်းမဲ့သတ်ဖြတ်တာတွေဘာတခုမှ မရှိစေရဘူး။အားလုံးရပ် တန့်ရမယ်။ သျှမ်းပြည်အကျိုး၊ ပြည်ထောင်စုအကျိုးမျှော်ကိုးပြီးအပစ်ရပ်ရ တာဖြစ်တယ်။ ” - ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်ပြောကြား သွားပါသည်။
explain_why_talk_peace_1

ယခုလအစောပိုင်းက တောင်ကြီးမြို့၌ သျှမ်းပြည်တပ်မတော် တောင်ပိုင်း တပ်ဖွဲ့ နှင့် နေပြည်တော်အစိုးရ လက်အောက်ခံ သျှမ်းပြည်နယ်အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီနှင့် အပစ်ရပ်သဘောတူ ညီခဲ့ပါ သည်။ ထိုကိစ္စအား ယခုလ ၁၀ ရက် စနေနေ့က သျှမ်းပြည်တပ်မတော် တောင်ပိုင်း တပ်ဖွဲ့ ဌာနချုပ်လွယ် တိုင်း လျဲန်း၌ ဖိတ်ကြား ထားသော ဧည့်သည်တော်များ နိုင်ငံခြားသတင်းထောက်များ၊ သံဃာတော်များနှင့် ကေဒါတပ်သားထုများထံ သို့ အခမ်းအနားဖြင့်ရှင်းပြခဲ့ပါသည်။

“အခုကျနော်တို့ အပစ်ရပ်တာက ပထမခြေလှမ်း နောက်တလှမ်းဆိုရင် နိုင်ငံရေးစကားပြောဖို့။ နိုင်ငံရေး အရ ဆွေး နွေးနိုင်ဖို့ ဒုတိယ အဆင့်၊ တတိယအဆင့် စတုတ္ထ အဆင့် ဆက်လက် ဆွေးနွေးရဦးမယ်။ အပစ်ရပ်မှု အပေါ် ဦးသိန်းစိန်အစိုးရ/တပ်မတော်တို့က မရိုးသားဘူးဆိုရင်တော့ မယုံကြည်မှုတွေဖြစ်ပေါ် အောင်လုပ် လာမယ် ဆိုရင် ဒီအပစ်ရပ်တာ ဘယ်လောက်ရေရှည်သွားနိုင်မလဲဆိုတာကျနော်ကိုယ်တိုင် လည်း မပြောနိုင် ဘူး။ အဲဒါ ကြောင့် အပစ်ရပ်တာဘယ်လောက်ခိုင်မာမလဲဆိုတဲ့မေးခွန်းကို လည်း ကျနော်ဖြေကြားလို့ မရသေးပါဘူး။” - ဟု  ရှင်းလင်းပွဲ အခမ်းအနား၌ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်ပြော ကြား သွားတာဖြစ်ပါသည်။

တောင်ကြီးသဘောတူညီချက်အပေါ် သျှမ်းပြည်တပ်မတော် RCSS/SSA က ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်း ၌ သျှမ်းသံဃာတော်များ၊ လူထု နှင့် ကေဒါတပ်သားထုများထံပြန်လည်ချပြခြင်းဖြစ် ပါသည်။ အဆိုပါကိစ္စ နှင့် ပတ်သက်၍ ထိုနေ့၌ပင်ပူးတွဲသတင်းစာ ရှင်းလင်းပွဲလည်းကျင်းပခဲ့ပါသေးသည်။ နိုင်ငံခြားသား ဧည့်သည် တော် များအပါဝင် တက်ရောက်သူပရိသတ် ၂၇၉၀ ယောက် ရှိသည်ဟု www.taifreedom.com ဝဲဆိုက်ဒ်ကရေးသား ပါသည်။