မိုင်းလားမြို့ တဖန်ပြန်လည်စည်ကားလာ

မိုင်းလားမြို့ တဖန်ပြန်လည်စည်ကားလာ
by -
သျှမ်းသံတော်ဆင့်

တိုင်းရင်းသားသွေးစည်းညီညွတ်ရေးအတွက်ရည်ရွယ်ကာ မကြာခင်က ကျင်းပပြီးစီးသွားသည့် သျှမ်းနှစ် သစ်ကူးပွဲ စည် ကား သိုက်မြိုက်သကဲ့သို့ မိုင်းလားမြို့သည်လည်း အလားတူ ပြန်လည် စည်ကားလာကြောင်း အထူးဒေသ ၄ ရောက်  သျှမ်းသံတော်ဆင့်အဖွဲ့ဝင် တဦးကပြောသည်။

“ဒီနှစ်သျှမ်းနှစ်သစ်ကူး မိုင်းလားမြို့မှာတော်တော်စည်တယ်။ မြို့တွင်းကားလမ်းပိတ်ဆို့လို့ ၁ ကီလိုလောက် ဘဲဝေးတဲ့ ခရီးကို ၂  နာရီကြာအောင်သွားရတယ်။ ကျိုင်းတုံ၊ တာချီလိတ်နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်၊ ချင်းမိုင်က ဧည့်သည်တွေ၊ မြောက် ဖက်ပိုင်းက မဟာမိတ် ဝ တပ်ဖွဲ့နဲ့ ဆစ်ဆောင်ပန်းနား၊ တရုတ်ပြည်ဖက်က ဧည့်သည် တွေ၊ သံလွင်အနောက်ဖက်ခြမ်း ဆိုရင်လဲ သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတဖြစ်လဲ ပြည်သူ့စစ်အဖွဲ့ရောလာ ကြတယ်” - ဟု တက်ရောက်သည့် စိုင်းအန်းတိုင်းက ပြန်လည်ပြောပြသည်။

ပွဲတော်အတွင်း၌လည်း ခိုက်ရန်ဖြစ်ပွါးခြင်းမရှိဘဲ စည်းကမ်းရှိလှကြောင်း၎င်းကပြောသည်။
mong-lar4

“မိုင်းလားမြို့ထဲမှာလဲ အရင်နှစ်ကထက် ပိုပြီးစည်ကားလာတယ်။ လမ်းတွေအဆောက်အဦးတွေကအစ သန့်ရှင်း သပ် ရပ်ပြီး တိုးတက်မှုရှိလာတာကိုတွေ့ရတယ်။ဟိုတယ်ကြီးတွေဆိုရင် ၄-၅ ခု တိုးလာတာကို တွေ့ရတယ်။ လမ်းတွေကိုလဲ တိုးချဲ့ခင်းထားတယ်။  အထူးသဖြင့် မိုင်းလားတပ်ဖွဲ့က ဖွင့်ပေးတဲ့ ဆီလူးကပညာရေးကျောင်း ကို သဘောအကျဆုံးဘဲ။ ကလေး ၃၀၀ လောက်ရှိတယ်။ ကျောင်းအိပ် ကျောင်းစားပေါ့။ကျောင်းလာနေချင်တဲ့ ကလေးတွေ အများကြီးကျန်သေး တယ်။ နောက် ၂ နှစ်လောက် ဆိုရင် ရွာတွေဖက်မှာလဲ တိုးချဲ့ဖွင့်လှစ်သွားဖို့ရှိ တယ် လို့ မိုင်းလားက အကြီးအကဲတဦး ကပြောတယ်” ဟု ၎င်းက ပြန်လည်ပြောပြသည်။

Monglar-03
နမ့်လွေချောင်းနှင့် မဲခေါင်မြစ်ဆုံကာ ကူးတို့ ဆိပ်မှ မိုင်းလားမြို့အကြား မိုင်းလားစစ်တပ်က စစ်ဆေးရေး အထူ  အထပ်ချ ကာ ဂိတ်ကြီးဂိတ်ငယ် ပေါင်း ၉ နေရာထက် မနည်းရှိကြောင်း၊ စစ်တပ်၊ ရဲနှင့် မူးယစ် နှိမ်နင်းရေး အာဏာပိုင် များအပါအဝင် ဌာနအသီးသီးတို့ ပူးပေါင်း စောင့်ကြပ် စစ်ဆေးကြကြောင်း၎င်းက ဆက်ပြောသည်။

“သျှမ်းနှစ်သစ်ကူးပွဲတကယ်လွတ်လွတ်လပ်လပ်ကျင်းပနိုင်တာ ဒီမိုင်းလားထိန်းချုပ်နယ်မြေထဲကပွဲဘဲတွေ့ ရတယ်။ နေရာ လဲကောင်းတယ်။ အပြင်အဆင်လဲကောင်းတယ်။ အစီအစဉ်လဲကောင်းတယ်။ မရိုးဘူး” ဟု စိုင်းအန်းတိုင်းကပြောသည်။

မိုင်းလားသျှမ်းနှစ်သစ်ကူးပွဲတော်အား နိုဝင်ဘာလ ၂၀ ရက်မှ ၂၇ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ သည်။ လူငယ် များအား သျှမ်းရိုးရာယဉ်ကျေးမှုအကြောင်း သိရှိစေရန်နှင့် နိုင်ငံရေး၌တက်ကြွလှုပ်ရှားလာ အောင် ရည်ရွယ်၍  မိုင်းလား ထိန်းချုပ်နယ်မြေအတွင်း ဒုတိယအကြိမ်  ကျင်းပခြင်းဖြစ်ကြောင်း၊ သျှမ်းနှစ် သစ်ကူးအပြင် မိုင်းလားထိန်းချုပ်နယ်မြေ အတွင်းနေထိုင်သည့် တခြားတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲကို လည်းအလျင်းသင့် သကဲ့သို့ကျင်းပပေး မည်ဖြစ်ကြောင်း မိုင်းလားအရာရှိများကပြောသည်ဟု၎င်းကပြန် လည် ပြောပြသည်။

အထူးဒေသ ၄ ခေါ် မိုင်းလားတပ်ဖွဲ့ထိန်းချုပ်နယ်မြေသည် ၂၀၀၉ - ၂၀၁၁ အတွင်း စစ်အစိုးရ နှင့် နိုင်ငံရေး စစ်ရေးအရ နှစ်ဘက်တင်းမာခဲ့၏။ အစိုးရဘက်က အဝင်အထွက် ကုန်စည်စီးဆင်းလမ်းရာလမ်းများပိတ်ဆို့ ထား ထား သည့်အပြင် နယ်ခြားတလျှောက် စစ်အင်အားတိုးချခဲ့၏။ ထို့ကြောင့်မိုင်းလားဒေသအတွင်း တိုက်ခိုက်မှု ဖြစ်ပွား လာမည် ကို စိုးရိမ်သော ကြောင့် လမ်းမပေါ်၊ ရပ်ကွက်၊ ဈေး၊ ကုန်တိုက်၊ ဟော်တယ်တို့ ခြောက်ကပ်ခဲ့၏။ အစိုးရသစ်တက်လာပြီး အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကိုစက်တင်ဘာလ ဆန်းတွင်ချုပ်ဆိုလဲ့သည့် နောက်  ယခု ပြန်လည် စည်ကား လာခြင်းဖြစ်သည်။