လက်နက်လုံးဝ ချမည်မဟုတ်- သျှမ်းနှစ်သစ်၌ ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

လက်နက်လုံးဝ ချမည်မဟုတ်- သျှမ်းနှစ်သစ်၌ ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော
by -
သျှမ်းသံတော်ဆင့်

သျှမ်းနှစ်သစ်ပွဲတော်အခါသမယ တွင် သျှမ်းပြည် တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ဟု လူသိများသည့် သျှမ်းပြည် ပြန် လည် ထူထောင်ရေးကောင်စီ ဥက္ကဌ  ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က လုံးဝ လက် နက်ချမည် မဟုတ် ဟု ပြောကြားကြောင်းပွဲတက် ရောက်သူများက ပြောပြပါသည်။

နိုဝင်ဘာ ၂၆ ရက်၌ ကျရောက်သော ၂၁၀၆ ခုနှစ် သျှမ်းနှစ်ကူးပွဲတော်  ကြွရောက်ချီးမြင့်သော သံဃာ တော်များ၊  တက် ရောက်လာသော ပရိသတ်များအား သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ် က -‘  ၁၉ ရက်နေ့ တွေ့ဆုံပွဲက နှစ် ဘက် ဖြစ်ချင်တဲ့ ဆန္ဒတွေကိုပြောဆိုကမ်းလှမ်း တဲ့ အဆင့်ဘဲ။ လက်မှတ်ရေးထိုးတဲ့ အဆင့်မရောက်ဘူး၊ လက်နက်ချဖို့ အစဉ် လဲ လုံးဝမရှိဘူး။ပြည်သူ့စစ် လုပ်ဖို့လဲ အစီအစဉ်မရှိဘူး ’- ဟု ပြောကြောင်း ပွဲတက်ရောက်သူတဦးက ပြန်လည်ပြောပြပါသည်။
SYS
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ဌာနချုပ် လွယ်တိုင်းလျဲန်း၌   သျှမ်းနှစ် ကူးပွဲတော်ကို နိုဝင်ဘာ ၂၅-၂၆ ရက်နေ့၌ ကျင်းပခဲ့ကြောင်း၊ သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ် ဖွဲ့ ဟု လူသိများ သည့် SSPP/SSA အရာရှိအချို့နှင့်မဟာမိတ်တပ်ဖွဲ့များ ဖိတ်ကြားထားသော ဧည့်သည် တော်များတက်ရောက်ကြသည့် အဆိုပါ နှစ်သစ်ကူးပွဲတော်၌ ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

နိုဝင်ဘာ ၁၉ ရက်နေ့တွေ့ဆုံပွဲတွင် အစိုးရကိုယ်စားလှယ်ဘက်က - အပစ်ရပ်ရေး၊ ကိုယ်စားလှယ်ရုံးဖွင့် လှစ်ရေး၊ အခြား တဘက်နယ်မြေဖြတ်သန်းရာတွင်လက်နက်မကိုင်ဆောင်ရေး၊ ထပ်မံတွေ့ဆုံရင်အချိန် နေရာသတ်မှတ် ရေး စသဖြင့် ပါရှိ၏။ သျှမ်းပြည်တပ်မတော်ဘက်ကလည်း - အပစ်ရပ်ရေးအပြင်၊ နိုင်ငံရေးအရတွေ့ဆုံဆွေး နွေးရေး၊ ဖွံ့ဖြိုးရေး လုပ် ငန်း၊ နယ်မြေသတ်မှတ်ရေး၊မူးယစ်ဆေးဝါးပူးပေါင်း တိုက်ဖျက်ရေး ဟူသော အချက် ၄ ချက် တင်ပြခဲ့ပါသည်။

သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးယွက်စစ်က အစိုးရကိုယ်စားလှယ်ဘက်မှ ကမ်းလှမ်းသည့် အချက် ၄ ချက်အား လက်ခံနိုင်ကြောင်း၊ တိုင်းပြည်တခုတွင် စစ်တပ်တခုတည်းရှိရမည်ဆိုသည့် ကိစ္စသဘော ပေါက်လက်ခံ သော်လည်း ပြည်ထောင်စုကြီးသည် တိုင်းရင်းသားအားလုံးပိုင်ဆိုင်သောကြောင့်တိုင်းရင်းသား တခုဖြစ်သည့် မိမိ သျှမ်းပြည်တပ်မတော်အနေဖြင့် မည်သည့်ကဏ္ဌ မည်သည့်အပိုင်းမှပါဝင်ရ မည်ကိုအစိုးရ အနေဖြင့် နေရာပေးရမည် ဖြစ်ကြောင်း ပြောဆိုသည်ဟုဆို၏။

အစိုးရ ကိုယ်စားလှယ် ဦးအောင်မင်းက - ယခုအခြေအနေတွင် နယ်ခြားစောင့်တပ် BGF အသွင်ပြောင်းရေး ကိစ္စလုံးဝ မရှိ တော့ကြောင်း၊ ပြည်သူ့စစ်ပြောင်းဖို့သာရှိကြောင်း၊ အကျယ်ဆွေးနွေးလိုပါက ၂၀၀၈ ဖွဲ့စည်းပုံ ပြန် ကြည့် ရမည် ဖြစ်ကြောင်း၊ လူကရေးဆွဲသည့်ဖွဲ့စည်းပုံ  လူက ပြင်ဆင်နိုင်ကြောင်း၊ သို့သော်တင်ပြလို သည့် အချက်များ ဥပဒေ မူကြမ်း ရေးပြီး ပါလီမန်/လွှတ်တော်အတွင်း တင်သွင်းပြောဆိုရမည့်ကိစ္စဖြစ်ကြောင်း ပြောပါသည်။

ပြည်သူ့စစ်ကိစ္စနှင့်မူ ကြားလူ၊ သမာဓိလူကြီးအဖြစ် ဆောင်ရွက်သူ စဝ်ဟန်ယောင်ဟွေက‘ ပြည်သူ့စစ်ဆိုတာ နာမည် ပျက်ဖြစ်နေလို့ လက်ခံလိုသူသိပ်နည်းတယ်’ ဟုပြောကြောင်း သိရသည်။