သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်မိုင်းနန်း အုပ် စု၌ ဆွံ့အ အမျိုးသမီးငယ်အားမြန်မာ စစ်တပ် က အုပ်စုလိုက် မုဒိန်း ကျင့်သည့် အမှုဖြစ်ပွါးခဲ့ကြောင်း သျှမ်းပြည်အလယ်ပိုင်းမှ လာသောသတင်းအရသိရ သည်။
ယခုလ ၂၇ ရက်က(တုံလော အခြေစိုက်) မိုင်းနန်းစခန်းချ ခလရ ၁၃၁ မှ မြန်မာစစ်သား ၃ ယောက် ဝမ့်နားရွာသို့ သွားရောက်လည်ပတ်ရာမှ ရွာသူတယောက်အား အုပ်စုလိုက် မုဒိန်းကျင့်သည့်အမှုဖြစ် ပွါး ခဲ့ခြင်းဖြစ်သည်။
“ အဲ့ညနေ ၄ နာရီလောက်က စစ်သား ၃ ယောက် ရွာထဲဝင်လာပြီး တအိမ်ဝင် တအိမ်ထွက် ငရုတ်သီး တောင်းတယ်။ အိမ်ရှင်က ငရုတ်သီးပေးပေမယ့် သူတို့မယူဘူး။ နောက်ဆုံး လုံးနာလိန် ပါ့ခမ်းရွှေတို့ အိမ်ရောက် သွားတယ်။ အိမ်ကပြင်မှာ ထိုင်နေတဲ့ သူတို့သမီး ကို တွေ့တော့ တက်သွားပြီး ဝိုင်း မုဒိန်း ကျင့်ကြတာ” ဟု မိုင်းနန်းရောက်ဒေသခံတဦးကပြောသည်။
မုဒိန်းကျင့်ခံရသူ အမျိုးသမီးမှာ နန်းရွှေစိန်ဖြစ်ပြီး အသက် ၂၄ နှစ်ခန့်ရှိသည်ဟုသိရသည်။ ထို့အပြင် သူမသည် ဆွံ့အ စကားမပြောနိုင်သူတယောက်ဖြစ်သဖြင့် အခင်းဖြစ်ပွါးပြီးနောက်ပိုင်း ဆွေမျိုးများနှင့် ရွာသားများ သွားရောက် မေးမြန်း ကြည့် ရာမှ သူမ ကပြန်လည်ပြောပြကြောင်းလဲသိရသည်။
“ သူမ မုဒိန်းကျင့်ခံနေရချိန် အော်သေးတယ်တဲ့။ အသံကမထွက်လာတော့ အိမ်အောက်မှာနေတဲ့သူ့ အဒေါ် နန်းမန့်နဲ့ သူ့ဦးလေး လုံးဆန်စိုင်းတို့လဲ မကြားရဘူးပေါ့။ နောက်ဆုံး သူ အစွမ်းကို ကြိုးစားပြီးအော်လိုက်မှ အသံထွက်လာတာ။ အိမ်ပေါ်တက်ပြေးကြည့်ကြတော့ စစ်သား ၃ ယောက် ထွက်ပြေးကြတာတဲ့” ဟု ၎င်းနှင့် အမျိုးတော်စပ်သူတဦးကလည်း ပြောသည်။
သျှမ်းပြည်တပ်မတော် SSPP/SSA အားထိုးစစ်ဆင်တိုက်ခိုက်နေသော ကာလက ရမခ တိုင်းမှူး က လက်အောက်ခံ တပ်ရင်း များနှင့် တပ်သားကေဒါများအား - သျှမ်းပြည်တပ်မတော်ထိန်းချုပ်နယ်မြေအတွင်း ယောကျာ်း တွေ့လျင် ပစ်သတ် မိန်းမတွေ့လျင် မုဒိန်းကျင့်လိုကျင့်ဟု ခွင့်ပြုမိန့်ပေးထားခဲ့သည်ဟု ဒေသခံများက ဆိုသည်။
ယခုမူ လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးကိစ္စ အစိုးရက ဆောင်ရွက်နေ သော်လည်း အစိုးရ၏စစ်တပ်က ဒေသခံအမျိုးသမီးငယ်များအား မုဒိန်းကျင့်သည့်သတင်းမှာ မပြတ်ကြားနေ ရဆဲဖြစ်သည်။