တိုင်းရင်းသားခေါင်းဆောင်များနှင့်အတူထောင် ဒဏ် နှစ်ရှည်ကျခံနေရသောသျှမ်းပြည်မျိုးဆက် သစ် ခေါင်းဆောင်များအနက်စိတ်ရောဂါအထူး ခံစား နေရသော စိုင်းမျိုးဝင်းထွန်း ထောင်ဆေးရုံ၌ ၂ လကျော်ကြာဆေး ကုသမှုခံယူနေရကြောင်း ရန်ကုန်မှသျှမ်းမိသားစုများ သတင်းရပ်ကွက်က ဆိုပါသည်။
“ သျှမ်းပြည်မျိုးဆက်သစ်ခေါင်းဆောင် စိုင်းမျိုးဝင်းထွန်း ထောင်ဆေးရုံရောက်နေတာ စက်တင်ဘာလ နှောင်း ပိုင်း ကတည်းကဘဲ။ သူက စိတ်ကျရောဂါစွဲနေတော့ ညညလဲ အိပ်လို့မရဘူး။ ကယောင်ကတန်း နဲ့ တတွတ် တွတ်ပြောတော့ ဘေးပတ်ဝန်းကျင်ကလူအတွက် အနှောင့်အယှက်ဖြစ်တယ်။ စကားများ ရတယ်။ အစားလဲ မစားဘူး။အားအင်တွေဆုတ်ယုတ်လို့အနီးကပ်ဆေးကုသမှုခံ ယူနေရတာဖြစ်တယ်” - သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်ကပြောသည်။
ယခုလဆန်းပိုင်းက ၎င်း၏ညီမ ထောင်ဝင်စာသွားတွေ့ရာ မြင်းခြံထောင်ဆေးရုံ၌ပင်တွေ့ခွင့်ရခဲ့ကြောင်း၊ ၂၀၁၁ နှစ်ဆန်း မှစ၍ ရောဂါသည်းလာခြင်းဖြစ်ပြီး ဆေးရုံ ၅ ကြိမ်ထက်မနဲ တက်လိုက်ဆင်းလိုက်လုပ်နေ ရာမှ ယခု တကြိမ် ဆေးရုံ၌ ၂ လ ကျော် ကြာသွားခြင်းဖြစ်ကြောင်း နီးစပ်သည့်ဆွေမျိုးက ပြောသည်။
“ အရင်က သူ ဆေးရုံတခါတက်ရင် တပတ် ၁၀ ရက်ဘဲကြာတတ်တယ်။ တက်လိုက်ဆင်းလိုက်လုပ်နေတာ ၄-၅ ခါထက်မနဲ တော့ဘူး။ ခုတခါ အကြာဆုံးဘဲ။ ခုချိန်ထိ ဆေးရုံကမဆင်းရသေးဘူး။စိုးရိမ်ရတဲ့အခြေ အနေလို့ ပြောလို့ရတာပေါ့” ဟု ဆို၏။
သျှမ်းတိုင်းရင်းသာများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦး၊ အတွင်းရေးမှူးစိုင်းညွန့်လွင်၊ ဗဟိုအလုပ် အမှု ဆောင် စိုင်းလှအောင် တို့အားဖမ်းဆီးသည့်ကာလတွင် ဆရာဦးမြင့်သန်း ခေါင်းဆောင်သည့် သျှမ်းပြည်မျိုး ဆက်သစ် အဖွဲ့ဝင်များပါအဖမ်းခံရသဖြင့် စိုင်းမျိုးဝင်းထွန်းလည်း ၂၀၀၅ ခုနှစ်ဖေဖော်ဝါရီ လ ၈ ရက်က နေအိမ်၌ ဖမ်းဆီးခြင်းခံရသည်။ အဆိုပါသျှမ်းအမျိုးသားခေါင်းဆောင်များအားသျှမ်းပြည် အတိုင်ပင်ခံ ကောင် စီဖွဲ့စည်းမှုအပြင် အခြားအမှုပေါင်း များစွာဖြင့် စွဲချက်တင်ကာ ၂၀၀၅ စက်တင်ဘာလ ၂ ရက် က ထောင်ဒဏ် ရ၉ နှစ်မှ ၁၀၆နှစ်အထိချမှတ်ခံရပြီးမြန်မာပြည်နယ်စွန်နယ်ဖျား အကျဉ်း ထောင်များ သို့ ပို့ဆောင်ချုပ် နှောင် ခြင်း ခံခဲ့ရသည်။ ဆရာဦးမြင့်သန်းမှာမူ ၂၀၀၆ မေလက ရခိုင်ပြည် သံတွဲထောင်၌ ကွယ်လွန်သွားခဲ့သည်။
၎င်းတို့နက် ထောင်ဒဏ် ၁၀၆ နှစ် ချမှတ်ခံရသော သျှမ်းပြည်တပ်မတော်မြောက်ပိုင်း နာယက ဗိုလ်ချုပ် ဆေ ထဲန့်က အစိုးရသစ်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အောက်တိုဘာလ ၁၂ ရက်က ထောင်ဒဏ်မှ လွတ်မြောက် ခဲ့သည်။