ချင်းမိုုင် (မဇ္ဈိမ) ။ ။ မန္တလေးမြို့တွင် ဆန္ဒပြနေ သည့် သံဃာငါးပါးကမန္တလေးတိုင်းသံဃာ့နာယ က ဥက္ကဌ ဆရာတော် အပါအဝင် ဆရာတော်ကြီး ၁၀ ပါး၏ မေတ္တာရပ်ခံချက်ကြောင့် ဟောပြော မည့်ရက်ကိုု လျော့ချလိုုက်ကြောင်း သိရသည်။
“သူတို့ သုံုးရက်ဆိုပြီး မူလက စီစဉ်ထားပေမယ့် စာသင်ကျောင်းတိုက်ဖြစ်တဲ့အတွက် အခြားသံဃာတွေရဲ့ စာသင်ကြားမှုတွေမှာ အခက်အခဲဖြစ်လာနိုင်တဲ့အတွက် အဲဒီ သုံုးရက်လုံးမလုပ်ပဲ ဆရာတော်ကြီးတွေရဲ့ သြဝါဒအတိုင်း ဒီနေ့ တရက်ထဲ လုပ်မယ်ဆိုတာကို ရှင်းပြတယ်” ဟု သံဃာ အများစုပါဝင်သည့် ပရိတ်သတ် ၁၂၀၀ ကျော်ထဲမှ ပရိသတ်တဦးက မဇ္စျိမကို ပြောသည်။
ဆန္ဒပြသံဃာတော်များသည် မစိုုးရိမ်တိုက်ဟောင်းတွင် နေ့လယ် ဆွမ်းဘုန်းပေးအပြီး ဆွမ်းစားဆောင်၌ပင် ဆရာတော်ကြီးများ၏ သြဝါဒကို ဒါယကာ၊ ဒါယိကာမ အယောက် ၂၀ ကျော်နှင့် အရပ်ဝတ်ထောက်လှမ်းရေး များရှေ့တွင် ၁၅ မိနစ်အကြာ ခံယူခဲ့ကြသည်။
“ညှိလိုက်တဲ့အခါမှာ ယေဘူယျအားဖြင့် သူတို့ လက်ခံတယ်ပေါ့” ဟု သြဝါဒပေးသည်ကို ကိုယ်တိုင်ကြားခဲ့သူ မြို့ခံက ဆိုသည်။
ပြည်တွင်းစစ်ရပ်စဲရေး၊ နိုင်ငံရေးအကျဉ်းသားများ ချက်ချင်း လွှတ်ပေးရေး တောင်းဆိုုထားချက်များကိုု သမ္မတဦးသိန်းစိန်ထံ လိပ်မူ ပေးပို့ထားပြီး၊ မိတ္တူကို ရန်ကုုန်မြို့ ကမ္ဘာအေးကုန်းမြေ နိုင်ငံတော် သံဃာ့ မဟာနာယကထံ ပို့ထားကြောင်းလည်း ဆန္ဒပြသံဃာတော်များက ပရိသတ်ကို အသိပေးခဲ့သည်။
“အဲဒီအပေါ်မှာ အခုကြွလာတဲ့ သံဃာတော်တွေ ဒါယကာ၊ ဒါယိကာမတွေ သဘောတူညီခြင်းရှိ၊ မရှိ မေးခွန်းမေးပါတယ်။ အားလုံးက သဘောတူပါတယ်ဆိုပြီး ထောက်ခံမှု သုံးကြိမ်ပေးပါတယ်” ဟုဟောပြော ပွဲလာ ပရိသတ်တဦးက ဆက်ပြောသည်။
ဆန္ဒပြမှုကိုုဦးဆောင်သော အရှင်သောပါက က အကျဉ်းကျနေသော သံဃာတော်အချို့ မကြာမီလွတ်မြောက် လာလိမ့်မည်ဟုု မျှော်လင့်ထားသည်ကိုု ပရိတ်သတ်ကို ထည့်သွင်းမိန့်ကြားခဲ့သည်ဟုု သိရသည်။
မစိုးရိမ်ကျောင်းတိုက်ဟောင်းအတွင်းရှိ သုတ္တန္တနယူပဒေသ ကျောင်းဆောင်ရှေ့ ကွက်လပ်တွင် ပြုလုပ် ခဲ့သည့် ဟောပြောပွဲကို မေတ္တသုတ်ရွတ်ဆိုပြီးနောက် ရွှေဝါရောင်တော်လှန်ရေးကာလ သံဃာတော်များ ရွတ်ဆိုခဲ့သည့် “လူအချင်းချင်းနှိပ်စက်ခြင်း ကင်းရှင်းကြပါစေ” “တို့မေတ္တာစွမ်း ကမ္ဘာလွှမ်းအေးချမ်းကြပါ စေ” ဆိုသည့် ကဗျာကို ပရိတ်သတ်များနှင့် သံဃာငါးပါး စုပေါင်း ရွတ်ဆိုကြပြီး ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။