အစိုးရတပ် မြေအောက်လှိုဏ်ခေါင်း စခန်းအား KIA တိုက်ခိုက်

အစိုးရတပ် မြေအောက်လှိုဏ်ခေါင်း စခန်းအား KIA တိုက်ခိုက်
by -
သျှမ်းသံတော်ဆင့်

ကချင်ပြည်နယ် မန့်ဝိန်းကြီးကျေးရွာအုပ်စု လွယ်ဟို စေတောင်ရှိ အစိုးရ၏မြေအောက် လှိုဏ်ခေါင်း တပ်စ ခန်းအား KIA မှ နိုဝင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး တစ်ဦး အပါအဝင် အစိုးရတပ်မှ ၅ ဦးကျဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကြောင်း KIA ရှေ့တန်းစစ်ဘက် သတင်းရပ်ကွက် အဆိုအရသိရသည်။

“မနက် ၈ နာရီခွဲလောက်မှာ မိုင်းအရင်ကွဲတယ် ၁၀ နာရီလောက်မှာ တိုက်ပွဲစဖြစ်တယ် ၃ နာရီလောက်ကြာ တယ်။ အစိုးရတပ်ကဗိုလ်မှူးတစ်ဦးအပါ ၅ ဦးသေတယ် ၃ ဦးဒဏ်ရာရတယ်။ KIA ဘက်ကအထိအခိုက် မရှိဘူး ” - ဟု သူက ဆိုသည်။
KIA_Soldiers
သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်နှင့်နယ်မြေချင်းထိစပ်နေသော မန့်ဝိန်းကြီးကျေးရွာအုပ်စုကောင်း ခါရွာ အနီး လွယ်ဟိုစေတောင် (ကျားခေါင်းတောင်)ကို ထွင်းဖေါက်၍ မြေအောက်လှိုဏ်ခေါင်းဖေါက်ထား ခြင်းဖြစ်ပြီး ၎င်းလှိုဏ် ခေါင်း အတွင်း အစိုးရတပ်များ အခြေချနေထိုင်ကြောင်းဒေသခံတစ်ဦးက ဆိုသည်။

“တောင်ကို လှိုဏ်ခေါင်းဖေါက်ပြီး တပ်စခန်းဆောက်ထားတာ  စစ်တပ်လည်းအမြဲတမ်းရှိနေတယ်။ ပြောနေ တာတော့ လက်နက်ခဲယမ်းတွေလည်း သိုလှောင်ထားတယ်ပေါ့။ မန့်ဝိန်းကြီးကနေ ၂ မိုင်လောက်ဝေးတဲ့ ကောင်းခါရွာနားမှာရှိ တယ်” ဟု သူကဆိုသည်။

ယနေ့နံနက်ပိုင်းက အဆိုပါ မန့်ဝိန်းကြီးဘက်သို့ အစိုးရစစ်ကား ၁၅ စီးခန့် နမ့်ခမ်းမြို့မှထွက်ခွာသွား ကြောင်း သိရသည်။

Most read this week