ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၈ ဦးက လက်ဝါးကားတိုင်ဖျက်ဆီးသူ အရေးယူပေးရေး တိုင်ချက်ဖွင့်

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၈ ဦးက လက်ဝါးကားတိုင်ဖျက်ဆီးသူ အရေးယူပေးရေး တိုင်ချက်ဖွင့်
by -
ခိုနူမ်ထုန် သတင်းဌာန

ချင်းပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးက ကန်ပက်လက်မြို့နယ် မုန်းချောင်းတံတား အ နောက် ဖက် နှင့် အရှေ့ဖက်အရပ်တွင် စိုက်််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််််ထူထား သော ခရစ်ယာန်လက်ဝါးကားတိုင် ဖျက်ဆီးသရော်မှု ကို အရေးယူ ပေးရန် ၉၊ ၁၁၊ ၂၀၁၁ ရက်စွဲပါ စာဖြင့် နိုင်ငံတော်သမ္မတထံ တိုင်ကြားခဲ့သည်ဟု သိရသည်။

cross-in-chin-state1နို၀င်ဘာလ ၈ ရက်နေ့မှ စတင်ကျင်းပသည့် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေး ဆုံး ဖြတ်ပြီး တိုင်ကြားခြင်းဖြစ်သည်။

အဆိုပါ လက်ဝါးကားတိုင်ကို ဒေသခံ ခရစ်ယာန်ဘာသာဝင်များမှ လွန်ခဲ့သည် ၂ နှစ်ခန့်က စိုက်ထူ ထား ကြခြင်းဖြစ်ပြီး ဒေသခံ ကျင်ဒွေးရွာသား တချို့ က ၂၈၊ ရ၊၂၀၁၁ ရက်နေ့တွင် ကားတိုင်ကို  မီးရှိူ့ခုတ် လှဲသည့် အပြင် လက်ဝါးကားတိုင်ပေါ်တွင် မိန်းမ အင်္ဂါ ရုပ်ကို ထွင်းခဲ့ကြောင်း သိရသည်။

“ အဲဒါ ခရစ်ယာန်ဘာသာရေးကို သက်သက်စော်ကားတာဖြစ်တယ်၊ ဘာသာရေး အဓိကရုဏ်းဖြစ်အောင် သွေးထိုးလှုံ့ ဆော်ခြင်းဖြစ်တယ်”  ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တဦးက ပြောသည်။

ကန်ပက်လက်မြို့နယ်ဒေသခံများသည် ဗုဒ္ဒဘာသာ၊ ခရစ်ယာန်ဘာသာ နှင့် နတ်ဘာသာများကို အဓိက ကိုးကွယ်ကြကြောင်း ဒေသခံများအဆိုအရ သိရသည်။

အဆိုပါ လက်ဝါးကားတိုင်ဖျက်ဆီးမှုသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၊ ၃၅၄(ယ)၊ ၃၆၄ပါ ပြဌာန်းချက် နှင့် ညိစွန်းသဖြင့် စုံစမ်းဖေါ်ထုတ်မူပြုလုပ်ပေးပြီး အရေးယူဆောင်ရွက်ပေးပါရန် တိုင်ကြားခြင်းဖြစ်သည်။

တိုင်ကြားစာတွင် လက်မှတ်ရေးထိုးသူများမှာ (၁) ဦး ဟုန်းငိုင် ၊ (၂) ဦး ဇိုဇမ်း (၃) ဦး ရိုဘင် (၄) ဦး နိုဆွန်း (၅) ဦး လာလ်မောင်ကျုံး  (၆) ဦး ချန်ပုမ် (၇) ဦး ရမ်မန်း (၈) ဦး ကီးထန်လွန် (၉) ဦး ကွီထန် (၁၀) ဦး နထန်း (၁၁) ဦး နန်းဆိုက် (၁၂) ဦး ကျော်ငြိမ်း (၁၃) ဦး အုန်းလွင်(၁၄) ဦး ဟောက်ခင်ခမ် (၁၅) ဦး ကျင်လျန်ပေါင် (၁၆) ) ဦး နန်ဇမုန် (၁ရ) ဦး ဗန်ကျင် (၁၈) ဦး နိန်နိုင်းတို့ဖြစ်ကြသည်။

လုပ်ထုံးလုပ်နည်းအရ မိတ္တူကို- နာယက၊ ပြည်ထောင်စုလွှတ်တော်၊ နေပြည်တော်။ ဥက္ကဌ၊ ပြည်သူ့ လွှတ်တော်၊ နေပြည်တော်။ဥက္ကဌ၊ အမျိုးသားလွှတ်တော်၊ နေပြည်တော်။ ပြည်ထောင်စုဝန်ကြီး၊သာသနာ ရေးဝန်ကြီးဌာန၊ နေပြည်တော်။၀န်ကြီးချုပ်၊ ချင်းပြည်နယ်အစိုးရအဖွဲ့၊ဟားခါးမြို့။ပြည်နယ်လူမှုရေးဝန် ကြီး၊ ချင်းပြည်နယ် အစိုးရအဖွဲ့၊ ဟားခါးမြို့။ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအားလုံးအား ပေးပို့ထားသည်ဟု ထပ်မံ သိရသည်။

Most read this week