မူစယ်နှင့် နမ့်ခမ်းမြို့များ လျှပ်စစ်မီးမရတော့

မူစယ်နှင့် နမ့်ခမ်းမြို့များ လျှပ်စစ်မီးမရတော့
by -
သျှမ်းသံတော်ဆင့်

နိုဝင်ဘာ ၈ ရက်နေ့ ညပိုင်းက သျှမ်းပြည် (မြောက် ပိုင်း) နမ့်ခမ်းမြို့နယ် ကွန်လုံကျေးရွာအနီးရှိ နမ့်မ တံတား ဗုံးပေါက် ကွဲမှု ဖြစ်ချိန်မှစ၍ မူစယ်နှင့်နမ့်ခမ်း မြို့များတွင် လျှပ်စစ်မီးပြတ်တောက် နေကြောင်း သိရသည်။

အဆိုပါ နမ့်မတံတားအနီးတွင် ရွှေလီရေအားလျှပ်စစ်စီမံကိန်းမှ သွယ်တန်းထားသောလျှပ်စစ်ထရမ် စဖေါ်မာ တစ်ခု ရှိရာဗုံးဖေါက်ခွဲမှုကြောင့် ၎င်းထရမ်စဖေါ်မာပျက်စီး သွားကြောင်းနမ့်ခမ်းဒေသခံ တစ်ဦးကသျှမ်းသံတော် ဆင့် သို့ပြော သည်။

“နမ့်ခမ်းအထွက် ကွန်လုံရွာမရောက်ခင်မှာ ထရမ်စဖေါ်မာရှိတယ် ကွန်လုံရွာအထွက်မှာ နမ့်မတံတားရှိတယ် သိပ်မဝေး ဘူး အော်ခေါ်ရင်ကြားရတယ် ဗုံးနှစ်လုံးဆက်တိုက်ကွဲ တာနဲ့မီးတွေအကုန်ပျက်သွားတာဒီနေ့ အထိ ဘာမီးမှမလာတော့ ဘူး နေပြည်တော်ပို့တဲ့ မီးလည်း ပြတ်သွားတယ်လို့ သိရတယ်” - ဟု သူက ဆိုသည်။

သျှမ်းနှင့်ကချင်ပြည်နယ်ကို အဆိုပါ နမ့်မတံတားမှ ဖြတ်ကူးရပြီး ယခုအခါ KIA နှင့်အစိုးရတပ်များဖြစ် ပွားနေ သော စစ်ပွဲ တွင် ကချင်ပြည်နယ်အတွင်းသို့ သျှမ်းပြည်ဘက်မှ အစိုးရစစ်ကူများ ပို့ဆောင်နေသဖြင့် KIA တပ် ဖွဲ့ကဗုံးခွဲဖျက် ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ကလည်း သျှမ်းပြည်(မြောက်ပိုင်း) လားရှိုးမြို့မှ အစိုးရစစ်တပ်များ ကားရစီးဖြင့် မူစယ်မြို့သို့ ရောက်ရှိ လာပြီး ယနေ့နံနက်ပိုင်းတွင် မူစယ်မှကား ၁၀ စီးဖြင့် သျှမ်းနှင့်ကချင်နယ်စပ်သို့ထပ်မံပို့ဆောင် လိုက်ကြောင်း သိရ သည်။

ယခုအခါ သျှမ်းပြည် (မြောက်ပိုင်း) နောင်ချိုမြို့အခြေစိုက် စကခ ၁ လက်အောက်ခံတပ်များကချင်ပြည် နယ် မံစီမြို့ နယ် အတွင်းသို့ ရောက်ရှိနေပြီး မန့်ဝိန်းကြီးနှင့်ကိုက်ထိတ်အြကား ကျောက်ဖြာရွာတွင် KIA နှင့် ခမရ ၅၀၄ တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာအစိုးရတပ်က ရွာရှိနေအိမ်များကို ရိုက်ချိုးဖျက်ဆီးခဲ့ပြီးနိုင်သမျှ ပစ္စည်းများ သယ်ယူသွားကြောင်း သိရသည်။