ချင်းအမျိုးသားပါတီမှပြည်နယ်လွတ်တော်ကိုယ်စား လှယ် ဦးချန်ပုမ်မှ ချင်းပြည်နယ်အစိုးရထံအောက် တိုဘာလ ၁၈ ရက်နေ့က တင်သွင်းသော ၁၃ ချက်ပါ ဒေသဖွံ့ဖြိုးရေးအဆိုများအား ပြည်နယ် လွတ်တော်ဥက္ကဌ ဦးဟောက်ခင်ခမ်း ကမေးခွန်း အဖြစ် ပြောင်းခိုင်းကြောင်း သိရသည်။
“လွတ်တော်ဥက္ကဌ ရဲ့ ၂၆ အောက်တိုဘာ ပြန်စာမှာ အဆိုတွေကို မေးခွန်းအဖြစ်ပြန်ပြင်ခိုင်းတယ်” ဟု ဟားခါးမြို့နယ် စီအဲန် ပီပါတီဝင်တဦးက ပြောသည်။
ယခုအဆိုသည် တိုင်းဒေသကြီးနှင့် ပြည်နယ်လွတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၁၂ နှင့် ၁၁၃ ကိုမဆန့်ကျင် စေပဲ ပြည်နယ်လွတ်တော်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၁၁၀အရ တင်သွင်းခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် လွတ်တော်ဥက္ကဌ၏ စာထဲတွင် ယခု အဆိုများသည် ပြည်သူအတွက် အထူးအကျိုးရှိမည့်အဆို များဖြစ် သော် လည်း တကယ့်ဒီမိုကရေစီအုပ်ချုပ်ရေးမဟုတ်သည့် အတွက်အကောင်အထည်မဖော်ပေးနိုင် ကြောင်း ပါရှိသည်ဟု ထပ်မံ သိရသည်။
အဆိုထဲတွင် ကားလမ်းဖောက်လုပ်ရေး၊ မြို့တွင်းကားလမ်းများ ကတ္တရာခင်းပေးရေး၊ မြို့တွင်း ရပ်ကွက်ပြန် လည်ဖွဲ့ စည်းရေး၊ ကျေးရွာအုပ်စု ပြင်ဆင်ဖွဲ့စည်းရေး၊ ခရိုင်များ တိုးချဲ့ဖွဲ့စည်းရေး၊ မြို့နယ်တိုးချဲ့ရေး၊ ကျောင်းဆရာများ တိုးချဲ့ရေး၊ အလယ်တန်းအဆင့် အထိ ဒေသစာပေများ သင်ကြားခွင့်ပြုရေး၊ ရုပ်မြင် သံကြား တိုးချဲ့တပ်ဆင်ပေးရေး၊ မြို့နယ် အသီး သီးတွင် မြေတူးစက်များ ထားရှိပေးရေး ဟု ပါရှိကြောင်း ပြောကြသည်။
“ ပြည်သူလိုချင်တဲ့ ဒီမိုကရေစီဖက်ကို တဖြည်းဖြည်းပြောင်းလဲမယ် ဆိုတဲ့ သဘောဆိုယင် ကောင်းတဲ့ လက္ခဏာပေါ့ကွာ၊ ဒါပေမဲ့ အဆိုတွေကို မေးခွန်းအဖြစ်ပြောင်းပေးပါ ဆိုတာက အစည်းအဝေးမှာ အဆိုမရှိ၊ မေးခွန်းသာရှိ ဆိုပြီး ပယ်ချတာ မျိုးဖြစ်တယ်လို့ မြင်တယ်” ဟု ဟား ခါးမြို့က ရပ်မိရပ်ဖတဦးက ဝေဖန်သွား သည်။
ချင်းပြည်နယ်အစိုးရ ၀န်ကြီးများသည် အာဏာရယူသည့်နေ့မှစပြီး ယနေ့အထိ ပြည်နယ်အတွက်မည်မည် ရရ အကောင် အထည်ဖော်သည့် လုပ်ငန်းများမရှိသေးကြောင်းလည်းပြောကြသည်။
“ ၀န်ကြီးတွေ မယ်မယ်ရရလုပ်တာ မတွေ့ရသေးဘူး၊ ရုံးတက် ချက်ထိုး အိမ်ပြန်လုပ်နေတဲ့ဝန်ကြီးတွေ လည်း ရှိတယ်” ဟု ၀န်ကြီးရုံး ၀န်ထမ်းကပြောသည်။
ချင်းပြည်နယ်ပုံမှန်လွတ်တော်အစည်းအဝေးကို လာမည့် နိုဝင်ဘာ ၈ ရက်နေ့မှ စတင်ပြီးပြုလုပ်မည်ဖြစ် သည်။