နိုင်ငံတော် အကြောင်းပြပြီး ပုဂ္ဂလိက အတွက် သိမ်းယူသွားသော လယ်များ ပြန်ပေးရန် လယ်သမားများ တောင်းဆို

နိုင်ငံတော် အကြောင်းပြပြီး ပုဂ္ဂလိက အတွက် သိမ်းယူသွားသော လယ်များ ပြန်ပေးရန် လယ်သမားများ တောင်းဆို
by -
နိရဥ္စရာ သတင်းဌာန

နိုင်ငံတော်ကို အကြောင်းပြပြီး ပုဂ္ဂလိက အတွက် သိမ်းယူသွားသော ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်မှ ကျေးရွာသားများပိုင် လယ်မြေ ရ၂ ဧက ကို ပြန််လည် ရရှိလိုကြောင်း ကျေးရွာသားများက ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ထံ စာရေးပြီး တောင်း ဆိုလိုက်ကြောင်း သတင်း ရရှိသည်။

ကျေးရွာသား တစ်ဦးက "ဒီလ ၂၆ ရက်နေ့က စာရေးတောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ရခိ်ုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်ထံကို စာရေးပြီးတောင်းဆိုလိုက်တာ ဖြစ်ပါတယ်" ဟု ပြောသည်။

OGT-restriction-areaအဆိုပါ လယ်မြေ ရ၂ ဧကကို ကျောက်ဖြူမြို့နယ် မင်းပြင်ကျေးရွာမှ အနောက်ပိုင်းတိုင်း တိုင်းမှူး အဖြစ် တာဝန်ကျခဲ့သူ ဗိုလ်ချုပ်ဟောင်း ၀င်းမြင့်နှင့် ဒုတိုင်းမှူး အဖြစ် တာဝန်ကျခဲ့သူ ဗိုလ်မှူးကြီး သီဟသူရ မောင်နီ တို့ သိမ်းယူထားသော မြေများ ဖြစ်ကြသည်။ ၎င်းမြေများကို သူတို့၏ ဇနီး နာမည်များဖြင့်ဂရမ်လုပ်ထား ကြောင်း သူက ပြောသည်။

" အခု အဲဒီ လယ်မြေတွေကို ဗိုလ်ချုပ်ဟောင်း ၀င်းမြင့်ရဲ့ ဇနီး ဒေါ်ခင်ချိုဦး နာမည်နဲ့ မြေစာရင်း ဦးစီးဌာနမှာ သူတို့ပိုင် စာရင်း ဖေါက်ထားသလို ဗိုလ်မှူးကြီး သူရ မောင်နီကလည်း သူ့ဇနီး ဒေါ် မမြခင် နာမည်နဲ့ မြေဂရမ် လုပ်ထားပါတယ်။ သာမန်လူတွေ ကြည့်ရင် စစ်ဗိုလ်ချုပ်တွေ သိမ်းယူသွားတာကို ရုတ်တရက် မသိအောင် လုပ်ထားတာ ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။

မင်းပြင်ကျေးရွာမှ လယ်သမားများ အနေဖြင့် ပြည်နယ်ဝန်ကြီးချုပ်ထံ စာရေး တောင်းဆိုထားခြင်းမှာမှန်ကန် ကြောင်း ရခိုင်တိုင်ရင်းသားများ တိုးတက်ရေး ပါတီ ကျောက်ဖြူမြို့နယ် ဥက္ကဌလည်းဖြစ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဖြစ်သော ဦးတင်ဖေက ပြောသည်။

" ကျွန်တော်ဆီကို ကျေးရွာသားတွေက ပြည်နယ် ၀န်ကြီးချုပ်ဆီကို ပေးတဲ့စာကို မိတ္တူပေးတဲ့ အတွက် ဒီကိစ္စ ဟုတ်မှန်ကြောင်း ကျနော် အတည်ပြု ပြောနိုင်တာ ဖြစ်ပါတယ်။ နိုင်ငံတော်ကို နာမည်တပ်ပြီး သူတို့ကိုယ်ကျိုး အတွက် စစ်ဗိုလ်တွေက သိမ်းသွားတဲ့ အတွက် ရွာသားတွေ အနေနဲ့ အစိုးရကို အသနားခံတာ ဖြစ်ပါတယ်" ဟု ပြောသည်။

မင်းပြင်ကျေးရွာမှာ ကျောက်ဖြူ မြို့နယ်မှ ရေနံထွက်သော ဒေသ တစ်ခုဖြစ်သဖြင့် အဆိုပါ လယ်မြေများကို ဗိုလ်ချုပ် ၀င်းမြင်းနှင့် သူရ မောင်နီတို့မှ သိမ်းယူထားပြီး ခြံစည်းရိုးကာရံကာ စောင့်ရှောက်ထားကြောင်း သိရသည်။

မင်းပြင်ကျေးရွာမှ တိုင်ကြားသူများ စာရင်းအားလည်း ဦးတင်ဖေက မှတ်မိသလောက် ပြောကြားသည်။

" နံပတ် (၁) ဒေါ် သန်းအေး ပိုင် လယ်မြေ ၂ ဧကနဲ့ နွားစားကွက်မြေ ၄ ဧက။ နံပတ် (၂)ဦး ဇနီဦး လယ်မြေ ဧက ၁ ဧကနဲ့ နွားစားကွက်မြေ၂ ဧက။ (၃) ဦး လှမောင် လယ်မြေ ၁ ဧကနဲ့ နွားစားကျက်မြေ ၄ ဧက။ (၄) ဦး ဘစိန် လယ်မြေ ၁ ဧကနဲ့ နွားစားကျက်မြေ ၁ ဧက။ (၅) ဦး သာထွန်းအောင် ၁ ဧက။ နွားစားကျက် ၁ ဧကနဲ့ နံပတ် (၆) ဒေါ်နန်းခိုင် နွားစားကျက်မြေ ၄ ဧက တို့ ဖြစ်ပါတယ်။ ကျန်တဲ့ လူတွေ နာမည်တော့ လောလော ဆယ် မမှတ်မိဘူး" ဟု သူက ပြောသည်။

ရခိုင်ပြည်နယ်တွင် စစ်အစိုးရ အုုပ်ချုပ်စဉ် ဧက ထောင်ချီရှိသော လယ်မြေများကို နိုင်ငံတော်နှင့် စစ်တပ်ကို အကြောင်း ပြကာ သိမ်းယူသွားပြီး နောက်ပိုင်းတွင် တချို့ လယ်မြေများကို စစ်ဗိုလ်များက မြေစာရင်းဌာနကို ငွေပေးကာ သူတို့ပိုင် လုပ်ထားကြောင်း သိရသည်။

ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်း ရခိုင်ပြည်နယ် အစိုးရထံသို့ ပေးပို့သော တိုင်ကြားစာ များထဲတွင် လယ်မြေသိမ်းခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး တိုင်ကြားသော စာများမှာ အများဆုံး ဖြစ်ကြပြီး အဆိုပါစာများ ထဲတွင် လယ်မြေကို ပြန်ရလိုကြောင်း လယ်သမားများက ပြည်နယ် ၀န်ကြီးချုပ်ထံကို အသနားခံထားကြ သည်ဟု အမည်မဖေါ်လိုသူ အစိုးရ အဖွဲ့ဝင် ၀န်ကြီး တစ်ဦးမှ ပြောသည်။

Most read this week