အစိုးရတပ်မ ၈၈ ကချင်ပြည်နယ် စေလွတ်

အစိုးရတပ်မ ၈၈ ကချင်ပြည်နယ် စေလွတ်
by -
သျှမ်းသံတော်ဆင့်

KIA နှင့် အစိုးရတပ်တို့နှစ်ဘက်စစ်ပွဲဖြစ်ပွားနေ သည့် ကချင်ပြည်နယ်အတွင်းသို့ မကွေးမြို့ အခြေစိုက် တပ်မ ၈၈ လက် အောက်ခံတပ်များ ယခုရက်ပိုင်း အတွင်း ရောက်ရှိလာကြောင်း ခိုင်လုံသည့်စစ်ဘက် အသိုင်းအဝိုင်း အဆိုအရ သိရသည်။

spdcတပ်မ ၈၈ လက်အောက်ခံ နည်းဗျူဟာတစ်ခုနှင့် တပ်ရင်း ၂ ရင်းခန့် မိုးညှင်းမြို့သို့ ရောက်ရှိလာခြင်း ဖြစ်ပြီး အခြား တပ်မ ၄ ခုခန့်ကိုလည်း ကချင်ပြည်နယ်သို့ စေလွတ်ရန် ပြင်ဆင်နေ ကြောင်းစစ်ဘက်နှင့်နီးစပ်သူတစ်ဦး က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“တပ်မ ၈၈ လက်အောက်ခံ တပ်ရင်း ၂ ရင်း မိုးညှင်း ရောက်နေပြီ နောက်ထပ် တပ်မ ၄၄ ၊ ၆၆ ၊ ရ၇ နဲ့ဘူးသီး တောင် ဘက်က စကခ တစ်ခုထပ်တင်ဖို့လည်း ပြင်ထားတယ် ” ဟု နီးစပ်သူက ဆိုသည်။

ယခုစစ်ပွဲများအတွင်း မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် လက်အောက်ခံနယ်မြေခံတပ်များ စိတ်ဓါတ်ကျဆင်းနေပြီး စစ်တပ် အရာရှိများကို အရေးယူထားကြောင်း သိရသည်။

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများတွင် အစိုးရဘက်မှ စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ လက်အောက်ခံတပ်များပါ၀င်ကြောင်း ဒေသခံများကပြောသည်။

ထိုသို့ အစိုးရဘက်မှ စစ်တပ်များစေလွတ်နေသော်လည်း လတ်တလော KIA ထံ ငြိမ်းချမ်းရေးကမ်းလှမ်းမှုများ လည်း ရှိနေကြောင်း သိရသည်။