သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲကပလောင် ကျေးရွာများဘက်၌လက်ရှိအစိုးရသစ်လက်ထက် တွင် လည်းဘိန်းစိုက်ပျိုးမှုပိုမိုများပြားလာနေ ကြောင်း ပလောင်အမျိုးသမီးအဖွဲ့ PWOအစီရင်ခံစာ မှာဖော်ပြ ထားပါသည်။
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲက ယခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှုကို စစ်တမ်းကောက်ယူပြီး စုစည်း ဖော်ပြထား သည့် Still Poisoned အဆိပ်သင့်နေဆဲ အမည်ရ အစီရင်ခံစာအား ယနေ့ အောက်တိုဘာ ၂၅ ရက် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သတင်းစာ ရှင်းလင်းပွဲတရပ် ကျင်းပခဲ့ပါသည်။
စာမျက်နှာ ၁၈ မျက်နှာပါရှိသည့် ပလောင်အမျိုးသမီးများ အစီရင်ခံစာ၌ လက်ရှိ အစိုးရသစ်သည် တိုက်ရိုက်ဖြစ် စေ သွယ်ဝိုက်ဖြစ်စေ ဘိန်းစိုက်ပျိုးမှုတွင် ပါ၀င်ပတ်သက်နေကြောင်း၊ နမ့်ခမ်းမြို့နယ်က ပလောင်ရွာ ၁၅ ရွာဟာ ၂၀၀၈-၂၀၀၉ ဘိန်းစိုက်ရာသီ ထက် ၂၀၁၀-၂၀၁၁ ဘိန်းစိုက်ရာသီမှာ 78.58 ရာခိုင်နှုန်း တိုးလာကြောင်း ပါရှိသည်။
အဆိုပါ ၁၅ ရွာအနက် ၁၂ ရွာသည် လက်ဖက်သာစိုက်ပျိုးခဲ့ပြီး ၂၀၀၉ ကမှစ၍ဘိန်းခြံလုပ်ငန်းများစတင် လာခဲ့ ခြင်း ဖြစ်၏။ နမ့်ခမ်းမြို့ နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်၂ ပန်းဆေးပြည်သူ့စစ် ခေါင်းဆောင် ဦးကျော်မြင့် ရွေးကောက်ပွဲ စည်းရုံးရေးဆင်းသည့်ကာလတွင် ၎င်းအား ထောက်ခံမဲထည့်ပေး လျှင် လွတ်လွတ် လပ်လပ် ဘိန်းစိုက်ပျိုးခွင့် ၅ နှစ် ပေးမည်ဟု ပြောဆိုစည်းရုံးခဲ့ကြောင်း PWO ကထောက် ပြထားပါသည်။
“ပန်းဆေးပြည်သူ့စစ်ခေါင်းဆောင်လဲဖြစ် ပြည်နယ် လွှတ်တော်လဲဖြစ်တဲ့ ဦးကျော်မြင့်ရဲ့ ထောက် ခံ အားပေးမှု ကြောင့် လဲပါတယ်လို့ပြောလို့ရတယ်။ စည်းရုံးရေးဆင်းတဲ့ကာလက မဲရရေးအတွက် သူကတိပေးခဲ့လို့လေ” - နမ့်ခမ်းဒေသခံ ခေတ်ပညာတတ် သျှမ်းအမျိုးသမီးတဦးက သျှမ်းသံတော်ဆင့်အား အတည်ပြုပြောဆို၏။
အထွက်ကောင်းသည့် ဘိန်းခင်းများ မဖျက်ဆီးရန် ရွာသားများက အစိုးရစစ်တပ်ထံ တအိမ်ထောင် ကျပ် ၁၅၀၀၀ ကောက် ပေးရကြောင်း၊ ၎င်းတို့ ဘိန်းခြံဖျက်ဆီးရန်လာပါကလဘ်ငွေထိုးထားသည့်အတွက်အထွက် မကောင်း သည့် ဘိန်းခင်းများ၊ ဘိန်းဆီခြစ်ပြီးသည့်ခြံများ၊ ထင်သာမြင်သာရှိသည့်လမ်းဘေးဘိန်းခြံများ သာဖျက်ဆီးသည် ဟုဆို၏။
UNODC အနေဖြင့် ဘိန်းစိုက်ပျိုးမှုစစ်တမ်းကောက်ပက အစိုးရ၏ သတင်း အချက်အလက် တခုတည်းကိုသာ မကိုးကား သင့်ဘဲ၊ ဒေသခံလူထုနှင့် ပူးတွဲ၍စစ်တမ်းကောက်သင့်ကြောင်း တိုက်တွန်းသကဲ့သို့ မြန်မာအစိုး ရလည်း ဘိန်းခင်းများ ဖျက်ဆီးမည့် စီမံကိန်းတခုတည်းမချဘဲ ဘိန်းစိုက်တောင်သူများအနာဂတ်စား ဝတ်နေရေးပြေလည် ရေးစီမံကိန်းလည်း စီစဉ်ပေးသင့် ကြောင်း PWO က တိုက်တွန်းထားပါသည်။
PWO ပလောင်(တအာင်း)အမျိုးသမီးအစည်းအရုံးသည် အဆိပ်သင့်ပန်း(၂၀၀၆) ၊ အဆိပ်သင့်တောင်တန်း(၂၀၁၀) စသည့် အစီရင်ခံစာ များအပြင် ယခုနှစ် Still Poisoned စသည့်ဘိန်းနှင့် ပတ်သက်သည့် တတိယ အစောင်မြောက် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။