တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ဗုံးပေါက်ကွဲ

တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ဗုံးပေါက်ကွဲ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် ကြူကုတ် (ပန်ဆိုင်း) မြို့နယ်နှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အကြား ရှိ နမ့်တောင်း တံတားတွင်အောက်တို ဘာလ ၂၁ ရက်နေ့ နံနက် ၃ နာရီခန့်က ဗုံးတစ် လုံးပေါက်ကွဲ ခဲ့ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် အရှည်ပေ ၂၀ ခန့်ရှိ ၎င်းတံတားအနည်းငယ် ထိခိုက်ပျက်စီးသွားပြီးမပေါက်ကွဲသေး သော ဗုံး ၃ လုံး ဆက်လက်ကျန်ရှိကာ နေ့လည်ပိုင်းတွင် ကျန်နေသောဗုံးများအား ရှင်းလင်းနေကြောင်း ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့်သို့ပြောသည်။

Mdy-muse
“အားလုံး ဗုံး ၄ လုံးထောင်ထားတယ် မနက် ၃ နာရီလောက်က တစ်လုံးကွဲသွားတယ် ကွန်ကရစ်တံတားပေါ့ ထိခိုက်မှု နည်းနည်းတော့ရှိတယ် ဘာမှတော့ဖြစ်မသွားဘူး အခုကျန်နေတဲ့ ဗုံး ၃ လုံးကိုရှင်းနေတယ်ဘယ် အဖွဲ့ ထောင်တဲ့ ဗုံး လည်းတော့မသိဘူး” ဟု သူက ဆိုသည်။

တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သော မန္တလေး - မူစယ်လမ်းအတိုင်း မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင်လမ်းခွဲကာ တရုတ်နယ်စပ် ဝမ်တိန်မြို့သို့သွားရောက်သောလမ်းကြောင်းဖြစ် ကြောင်း သိရသည်။