သျှမ်းပြည်မြောက်ပိုင်းနမ္မတူမြို့နယ်အတွင်း လှုပ် ရှား နေသည့် မြန်မာစစ်တပ် စစ်ကြောင်း တ ကြောင်း လူစု ခွဲပြီး ကျေးရွာ အတွင်းဝင်ရာအချင်း ချင်း ပြန်လည်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရပ်ကွက် မှ သိရပါသည်။
“ သူတို့တွေ နှစ်ဖွဲခွဲပြီး ရွာထဲဝင်တယ်။ တဖွဲ့ကမြောက်ဘက်က တဖွဲ့ကတောင်ဘက်က ဝင်ကြတယ်။ မြောက်ဖက် က ဝင်လာတဲ့ တဖွဲ့က ရွာထဲအရင်ရောက်တယ်၊ ရွာက ဘုန်းကြီးကျောင်းမှာလဲ သီတင်းကျွတ်ပွဲ လုပ်နေတာလေ။ တောင် ဖက်ကဝင်လာတဲ့အဖွဲ့ မိုင်းဆိန်ချောင်းကူးတံတား နားရောက်တော့ ကေအိုင်အေ ထောင်ထားတဲ့ မိုင်း နင်းမိတာ။ နှစ်ဖွဲ့လုံးလှန့်ပြီး အချင်းချင်းပြန်တိုက်တာ။ ကချင်တပ် တော့ ရွာထဲမှာမရှိ ပါဘူး” - ဟု ဒေသခံစိုင်းခွန် ကပြောပါသည်။
အောက်တိုဘာ ၁၂ ရက် သျှမ်းပြည်မြောက်ပိုင်း နမ္မတူ မြို့နယ် မိုင်းတတ်ကျေးရွာအုပ်စုဝင် မိုင်းဆိန်ရွာဘက် (နမ္မတူမြို့ နှင့် ၄ မိုင်အကွာ) နယ်လှည့်သည့် ခလရ ၁၄၇ လက်အောက်ခံ စစ်ကြောင်းမြန်မာ့စစ် ကြောင်း တကြောင်း က နှစ်ဖွဲ့ခွဲပြီးရွာ အတွင်း ဝင်ကြောင်း၊ တဖွဲ့က မိုင်းဆိန်ချောင်းကူး တံတားအနီး KIA တပ်ဖွဲ့ ထောင်ထားသော မှိုင်း ၂ လုံးကို နင်းမိ ရာမှရွာအတွင်း အရင်ရောက်သည့်အဖွဲ့နှင့်အပြန်အလှန်မှား ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း၊ ထိုတိုက်ပွဲကြောင့် ၆ ယောက် ပွဲချင်းပြီးသေဆုံးပြီး အရာရှိနှစ်ဦးအပါဝင် ရ ဦး ဒဏ်ရာ ရှိကြောင်း - အမည် မဖေါ် လိုသူ ရပ်မိရပ်ဖတဦးကပြော ပါ သည်။
“တနာရီ နီးနီးပစ်ခတ်တယ်။ ရွာပြင်မှာ ရှိတဲ့အဖွဲ့က ရွာထဲကို လက်နက်ကြီးနဲ့ ပစ်တယ်။ ၃ လုံးက ဘုန်းကြီး ကျောင်းဝင်း အတွင်းကျတယ်။ ကျန် ၄ လုံးက ဒေသခံရဲ့ အိမ်တွေထိမှန်တယ်။ လူထုတော့ ထိခိုက်ဒဏ် ရာရ တာမရှိဘူး၊ ဒါပေမယ့် အဲကတည်းက စပြီး ဘယ်သူမှ ရွာအတွင်းမနေရဲတော့ဘူး။ နမ္မတူမြို့ပေါ် ရှောင် တိမ်းတာနဲ့ ဘုန်းကြီးကျောင်းတွေမှာ သွားခိုကပ်ပြီးနေရကြရတယ်” - ဟု ဒေသခံဝန်ထမ်းတဦးကလည်း ပြောပြပါသည်။
ထို့နေ့ (၁၂/၁၀/၁၁) ရက်၌ပင် မန်တုံမြို့နယ် ပန်ဝါလုရွာဘက် လှုပ်ရှားသော ခမရ ၃၂၄ ဒုတပ်ရင်းမှူး ဇော်မျိုးအောင် နှင့် ဗိုလ်ကြီးဇင်မြတ်လင်းတို့ ဦးဆောင်သော စစ်ကြောင်းတကြောင်းက ပန်ဝါလု ရွာသူရွာ သား ရ၀ ကျော်အားဖမ်းဆီး ချုပ်နှောင်ကြောင်း၊ ပန်ဝါ ရွာသူကြီးနှင့် ဆိုင်ရှင် ဦးမာထွန်းအား ၎င်း၏ဆိုင်ရှေ့ ၌ တနေကုန် ကြိုးတုပ်နေ လှန်းထား ပြီးရိုက်နှက်စစ်ဆေးကြောင်း၊အဆိုပါပုဂ္ဂိုလ်နှစ်ယောက်စလုံးမျက်နှာ များကွဲအက်ပြီး ဒဏ်ရာအပြင်းအထန်ရရှိကြောင်း၊ ဒေသခံရွာသားအချို့အားလည်း စစ်ကြောင်းကြားညှပ်၍ ခရီးဆက်ကြောင်း - ဒေသခံ ကချင်အမျိုးသားတဦးက ပြောပါ သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်နေ့ကလည်း အဆိုပါ ခမယ ၃၂၄ အား ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေ က ၁၅ မိနစ်ကြာ ခြုံခိုတိုက်ခိုက်ရာ နှစ်ဦးပွဲချင်းပြီးသေဆုံးကြောင်း၊ ဒဏ်ရာရသူ ၄ ဦးအနက် တဦးက နမ္မတူမြို့ မန်တတ် ကျေးရွာ အုပ်စု တိုက်နယ် ဆေးရုံ၌သေဆုံးသွားကြောင်း၊ပေါ်တာအဖြစ်ဖမ်းဆီး ခေါ်ဆောင်သွား ခြင်း ခံရသည့် ရွာသားနှစ်ယောက်လည်း ပေါင်၊ ခြေ ထောက်၊ ဝမ်းဗိုက်တို့၌အသီးသီးဒဏ် ရာ ရရှိကြောင်းဒေသခံ များပြောပြချက် အရသိရပါသည်။