ဒုသမ္မတတင်အောင်မြင့်ဦး၏ တရုတ်ခရီးစဉ် မြစ်ဆုံစီမံကိန်းပြဿနာ ဖြေရှင်းရေးအဓိက ဖြစ်ဖွယ်ရှိ

ဒုသမ္မတတင်အောင်မြင့်ဦး၏ တရုတ်ခရီးစဉ် မြစ်ဆုံစီမံကိန်းပြဿနာ ဖြေရှင်းရေးအဓိက ဖြစ်ဖွယ်ရှိ
by -
သျှမ်းသံတော်ဆင့်

မြန်မာဒုသမ္မတ ဦးတင်အောင်မြင့်ဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် လာမည့် အောက်တိုဘာ ၁၇ ရက်နေ့တွင် တရုတ်နိုင်ငံ နန်ကျင်းမြို့တွင်ပြု လုပ်မည့် တရုတ်အာစီယံ ကုန်စည်ပြပွဲသို့သွား ရောက်မည် ဖြစ်ကြောင်းသိရသည်။

thein-sein-thin-aung-myint-oo

တရုတ် - မြန်မာနှစ်နိုင်ငံ သဘောတူညီမှုဖြင့် တည်ဆောက်နေသော ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းအား စက်တင်ဘာလ ကုန်ပိုင်းက မြန်မာဘက်က တစ်ဘက်သတ်ရပ်ဆိုင်းလိုက်ပြီးနောက် ဦးတင်အောင်မြင့်ဦး၏ ယခုခရီးစဉ် ထွက်ပေါ်လာ ခြင်း ဖြစ်ရာ မြစ်ဆုံစီမံကိန်း ဖြေရှင်းရေး အဓိကဖြစ်ကြောင်း တရုတ်နယ်စပ် စစ်ရေး နိုင်ငံရေး အကဲခတ် ဦးအောင် ကျော်ဇောက ဆိုသည်။

“တင်အောင်မြင့်ဦး တရုတ်ပြည်ခရီးစဉ်ကတော့ မြစ်ဆုံရပ်ဆိုင်းတာနဲ့အများကြီးပတ်သက်တယ် အစိုးရနှစ်ရပ် လုပ်ထား တဲ့ ကိစ္စမှာ အစိုးရတစ်ရပ်က သဘောထား တစ်ခုတည်းနဲ့ ရပ်လိုက်တယ်ဆိုတာ နိုင်ငံတကာ ဥပဒေ အရတော့ ဆွေးနွေး ပြီးမှ ဒီကိစ္စကိုဖြေရှင်းရမှာဖြစ်တယ်” ဟု ဆိုသည်။

မူလနအဖစစ်အစိုးရနှင့် ကွာခြားမှုသိပ်မရှိသော လက်ရှိအစိုးရက တရုတ်နိုင်ငံနှင့် ကြိုတင်ညှိနှိုင်းခြင်းမရှိပဲ စီမံကိန်းကို ရုတ် တရက် ရပ်ဆိုင်းလိုက်ရာ တရုတ်ဘက်က အံ့အားသင့်သွားပြီး ၎င်းကိစ္စအပေါ် ကိုင်တွယ် ဖြေရှင်း ရန် တရုတ်ပညာ ရှင်များ အတွင်း စဉ်းစားနည်းနှစ်မျိုးဖြင့် စဉ်စားနေကြောင်း သိရသည်။

တစ်နည်းမှာ မြန်မာအစိုးရအပေါ် ဥပဒေကြောင်းအရ ကိုင်တွယ်သည့်နည်းဖြစ်ပြီး  နောက်တစ်ခုမှာ ပြောင်းလဲ နေသည့် အခြေအနေနှင့် လိုက်လျောညီထွေ ဖြေရှင်းသည့်နည်း  ဖြစ်သည်ဟု ဆိုသည်။

တရုတ်ဘက်က ယခုပြဿနာမှာ မြန်မာအစိုးရကြောင့် ဖြစ်ရပြီး တရုတ် - မြန်မာအစိုးရများနှင့် CPI ကုမ္မဏီတို့ တွင် တာဝန်ရှိကြောင်း ယူဆသည်ဟုလည်း တရုတ်အရေး ကျွမ်းကျင်သူများက ဆိုသည်။

ဦးတင်အောင်မြင့်ဦး၏ တရုတ်ခရီးစဉ်တွင် မြစ်ဆုံကိစ္စကို တရုတ် - မြန်မာ နှစ်နိုင်ငံ အပြန်အလှန် ထားရှိခဲ့သည့် ပေါ် လစီ များအပေါ် တာဝန်ခံ၍ ဖြေရှင်းရမည်ဖြစ်ရာ ဘေးကြပ်နံကြပ်ဖြစ်မည့် ခရီးစဉ်ဟုလည်း သုံးသပ်နေသည်။

“ဗမာအစိုးရက သူတို့ရဲ့အာဏာကိုခုခံကာကွယ်ပေးမယ်ဆိုရင် အကုန်ထုတ်ရောင်းစားခဲ့တဲ့ ပေါ်လစီအမှား အဲဒီ အောက် မှာ တင်အောင်မြင့်ဦး ဘယ်လို ဖြေရှင်းမလဲ မြန်မာပြည်သူတွေကတော့ ပေးစရာလည်း မရှိတော့ဘူး ကုန်းကောက် စရာလည်း မရှိဘူး” ဟု ဦးအောင်ကျော်ဇောက ဆိုသည်။

တရုတ်ပြည်အနေဖြင့်လည်း အာဏာရှင်များနှင့်ပေါင်း၍ ရသမျှ အကုန်ထုတ်ယူသည့် ပေါ်လစီအမှားကြောင့် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“နှစ်ပေါင်းများစွာ ပြည်သူများဘက်ကရပ်တည်ခဲ့တဲ့ တရုတ်ပြည်ကြီးဟာစီးပွားရေးတိုးတက်မှုနဲ့အတူ ပြောင်းလဲ ခဲ့ပြီ အာ ဏာရှင် ဆိုတဲ့ လူတစ်စုလောက်နဲ့ ပေါင်းပြီး ရသမျှအကုန်ထုတ်ယူခဲ့တယ်ဒီကနေ့ ကမ္ဘာ့ပြည်သူတွေကြား မှာ တရုတ် ပြည် ရဲ့နိုင်ငံရေးသြဇာကျဆင်းခဲ့တယ် ဒီပေါ်လစီနှစ်ခုကို တင်အောင်မြင့်ဦး ဘယ်လိုထိန်းညှိမလဲ ”ဟု ဆိုသည်။

ဦးတင်အောင်မြင့်ဦး၏ တရုတ်ခရီးစဉ်အတွင်း မြစ်ဆုံဆည်အရေး မည်သို့ဖြေရှင်းမည်ကိုအများကစိတ် ဝင်စားနေ ပြီး အကယ်၍နှစ်ဘက်ညှိနှိုင်းဖြေရှင်းခဲ့လျှင်လည်းရှေ့မတိုးနောက်မဆုတ်သာဖြစ်နေအုံးမည် ဟုလေ့လာသူများ က ဆိုသည်။