မြစ်ဆုံဆည်စီမံကိန်းနည်းတူ သံလွင်မြစ်ရိုးတလျှောက် တည်ဆောက်နေသော ရေကာတာများ အရေးကိုလည်း စိတ်ဝင်စားကြ ရန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာနှင့်မြစ်ချောင်း လေ့လာစောင့်ကြည့်ဖွဲ့ များက ယနေ့ ပြောသည်။
မြစ်ဆုံဆည်ကြောင့် လူပေါင်းတစ်သောင်းခန့် ပြောင်းရွှေ့ရနိုင်ပြီး ဆည်ကျိုးပါက မြစ်ကြီးနားမြို့ကိုပင် ရေလွှမ်းခံရမည် ဖြစ်သ လို သံလွင်မြစ်တွင်းရှိ အငယ်ဆုံးဖြစ်သည့် ဟတ်ကြီးရေကာတာကြောင့်ပင် ဒါဇင်ပေါင်း များစွာသော ကျေးရွာများ ရွှေ့ပြောင်းရ မည်ဖြစ်ကြောင်း၊ ဆည်များကြောင့် မြစ်အောက်ပိုင်းနေ သန်းတစ်ဝက်ကျော်ပြည်သူများ၏ လူနေမှုဘဝများ ပြောင်းလဲသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံမြစ်ချောင်း များဆိုင်ရာကွန်ယက်(Burma River Network-BRN)က ပြောသည်။
သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဆည်များအားလုံးသည် မြစ်ကြောင်းဂေဟစနစ်ကို ပျက်စီးစေပြီး ရေလွှမ်းမိုးမှုနှင့် ကြံု တွေ့နိုင်သကဲ့သို့ မြစ်ကြောင်းတစ်လျှောက် နေထိုင်ကြသော ပြည်သူများ၏ လယ်မြေများစွာ ဆုံးရှုံးပြီး အသက်မွေးဝမ်း ကျောင်းမှုလုပ်ငန်းများ ပျက်စီးနိုင်သည်ဟု BRN က ပြောသည်။
BRN ညှိနှိုင်းရေးမှူး ကိုစိုင်းစိုင်းက “၁၉၉၈ ကတည်းက ရှမ်းပြည်ဘက်က ရေကာတာနဲ့ပတ်သက်ပြီး လုပ်ခဲ့ကြတာပါ။ စီမံကိန်း က ရလာမယ့် လျှပ်စစ်ဓာတ်အားကလည်း ထိုင်းကို ရောင်းမှာပဲ။ဆည်ဆောက်တဲ့ နေရာတွေက အစိုးရစစ်တပ်နဲ့ တိုင်းရင်းသား တပ်ဖွဲ့တွေ ပဋိပက္ခဖြစ်နေတဲ့နေရာတွေဖြစ် တော့ ဒေသခံလူထုက မပါ၀င်နိုင်ဘူးလေ။ ဒေသခံတွေ ကိုယ့်နေရာကိုယ် ပြန်လို့ မရသလို ဘာအကျိုးမှ မခံစားရပါဘူး။”ဟု ပြောသည်။
အလားတူ Karen Environmental and Social Action Network - KESAN ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုရွှေက “ဧရာဝတီက နိုင်ငံရဲ့ အလယ်တည့်တည့်မှာရှိပြီး သံလွင်ကတော့ တိုင်းရင်းသားတွေရဲ့ နယ်မြေထဲမှာ ရှိနေတာရယ်၊ ပဋိပက္ခ နယ်မြေဖြစ်နေတာရယ်ကြောင့် အစိုးရက နားထောင်ချင်မှ နားထောင်မယ်။ ဖွံ့ဖြိုးမှုကြောင့် ပျက်စီးမှုတော့ ရှိမှာပါ။ ဒါပေမဲ့ နည်းအောင်ဘယ်လိုလုပ်မလဲ စဉ်းစားရမယ်။ ဖွံ့ဖြိုးရေးကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ အဓိက ပြည်သူကို ထည့်တွက်ရမယ်။ ရလာမဲ့ ရေအားလျှပ်စစ်ကို မြန်မာပြည်က ဘယ်လောက်သုံးရမလဲဆိုတာ ကြည့်ရမယ်။”ဟု ပြောဆိုသည်။
သံလွင်မြစ်ကြောတစ်လျှောက်တွင် ရှမ်းပြည်နယ်ရှိ အကြီးဆုံးဖြစ်သည့် တာဆန်းနှင့် ရွာသစ်ရေကာတာ၊ ကရင်ပြည်နယ်အ တွင်းရှိ ဒါးဂွင်၊ ၀ဲကြီးနှင့် ဟတ်ကြီးရေကာတာများဖြစ်ပြီး အခြားရေကာတာ နှစ်ခု အပါအဝင် စုစုပေါင်း ရေကာတာ ရခု တည် ဆောက်မည်ဖြစ်ပြီး ရေကာတာများ တည်ဆောက်မှုကြောင့် နှုံးမြေအနည်ကျရောက်မှု ပိုမိုနည်းသွားနိုင်၍ မြန်မာနိုင်ငံ၏ စပါး စိုက်ပျိုးရေး အဓိကျသော မြစ်ဝကျွန်း ပေါ်ဒေသတွင် စပါးအထွက်နှုန်းများ ကျဆင်းနိုင်ကြောင်း BRN က ထောက်ပြထားသည်။
အစိုးရသစ်တက်ပြီးနောက်ပိုင်း ဧရာဝတီမြစ်ဆုံရေကာတာ ရပ်တန့်ရန်အတွက် ပြည်တွင်းပြည်ပရှိ မီဒီယာများ၊ ပညာရှင်များ၊ အနုပညာသမားများ၊ လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ ပြည်သူလူထုများ ပါ၀င်ကာ လှုံ့ဆော်မှုများ ပြုလုပ် ခဲ့ကြသည်။
ပြည်တွင်းရှိ နာဂစ်ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေးဆိုင်ရာအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ဧရာဝတီကို ကယ်တင်ဖို့ ကျနော်တို့ ၀ိုင်းအော်ကြတယ်။ ခု သမ္မတက ရပ်ထားဖို့ပြောပြီ။ ၀မ်းသာတာပေါ့။ ဧရာဝတီ်မှမဟုတ်ဘူး ကျနော်တို့ရဲ့ မြစ်တွေ အတွက် အားလုံးတာဝန်ရှိတယ်။ ကျနော်တို့ နီးစပ်ရာကိုပဲ ပြောဖို့မဟုတ်ဘူး၊ တိုင်းရင်းသားတွေဆိုတာ အားလုံး ဆက်စပ်နေ တာပဲ။ ဝေးနေလို့ မဆိုင်ဘူးဆိုပြီး လက်ပိုက်ကြည့်လို့တော့မရဘူး။”ဟု ပြောသည်။
အနုပညာရှင် ကိုဇေယျာသော်က “နိုင်ငံရဲ့လိုအပ်ချက်အရ ဘယ်မှာ ရေကာတာ မဆောက်နဲ့လို့ အပိတ်သဘောပြောလို့ မဖြစ် နိုင်ပါဘူး။ ပြည်သူလူထုအပေါ် အမှန်တကယ် အကျိုးရှိရဲ့လား။ဆုံးရှုံးသွား ရမယ့် သဘာဝပတ်ဝန်းကျင်နဲ့ ပြန်ရမယ့် အကျိုးအ မြတ်က ကိုက်ညီမူရှိရဲ့လား။ တစ်ခုရှိတာက အစိုးရအနေနဲ့ ပွင့်ပွင့်လင်းလင်းရှိဖို့ လိုပါတယ်။”ဟု ပြောသည်။
စက်တင်ဘာလ ၃၀ရက်နေ့က သမ္မတ၏ သဝဏ်လွှာတွင် ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရအနေဖြင့် ပြည်သူ များ၏ စိုးရိမ်ပူပန်မှုကို အလေးထား ဖြေရှင်းဆောင်ရွက်ရန် တာဝန်ရှိကြောင်း၊ မိမိတို့အစိုးရလက်ထက်တွင် ဒေါ်လာ ၃.၆ဘီလီ ယံ တန်ဘိုးရှိ မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းထားပြီး နိုင်ငံတော်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို အန္တရာယ်မရှိ သောခြားရေအားလျှပ်စစ်စီမံကိန်းများ ကို သာ စနစ်တကျ လေ့လာဆန်းစစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါရှိသည်။
သယံဇာတ ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိန်းစောင့်ရှောက်ရေးအသင်း၏ ဒုဥက္ကဌဦးအုန်းက လည်း “မြစ်ဆုံဆည် ရပ်ထားဖို့ပြောတာဟာ အင်မတန် အံ့သြဖို့ကောင်းတဲ့ အချက်တစ်ချက်ပါ။ နောက်အစိုးရအသစ်တက်ရင်တော့ မပြောတတ် ဘူး။ ဒီအစိုးရက ပြည်သူတွေရဲ့ဆန္ဒကို လက်ခံတာ ၀မ်းသာစရာပါ။”ဟု ပြောသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အစိုးရလက်ထက် ၂၀၀၇ခုနှစ်၊ ဧပြီလက တရုတ်ကုမ္မဏီ ၂ခုနှင့်သံလွင်မြစ် ပေါ်တွင် ရေကာတာ တည်ဆောက်ရန်အပြင် မေလတွင် တရုတ်နိုင်ငံပိုင် CPI ကုမ္ပဏီနှင့် မြစ်ဆုံတွင် ရေကာတာတည်ဆောက်ရန် နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ကြသည်။