သဘာဝ ဘေးဒဏ်ခံ ချင်းလူထုကို CNP က ဆန် နှင့် ဆား ကူညီ

သဘာဝ ဘေးဒဏ်ခံ ချင်းလူထုကို CNP က ဆန် နှင့် ဆား ကူညီ
by -
ခိုနူမ်ထုန် သတင်းဌာန

ပြီးခဲ့သည့် သြဂုတ်လအတွင်းက မိုးကြီး၍ ရေကြီး မြေပြိုမှုများကြောင့် ဒုက္ခရောက်နေကြသည့်ချင်းပြည် နယ် အထက်ပိုင်း တီးတိန်မြို့နယ်မှ ချင်းပြည်သူများ ကို ချင်းအမျိုးသားပါတီက ဆန် နှင့် ဆားများ ကူညီထောက်ပံ့ပေး နေသည်ဟု သိရ သည်။

CNP၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော ချင်းအမျိူးသားပါတီ(စီအဲန်ပီ)က တီးတိန်မြို့နယ်ရှိ ကျေးရွာပေါင်း (၆) ရွာမှ ဒေသခံပြည်သူ များကို ယခုလ ၁၉ ရက်နေ့ကစတင်ပြီး ဆန် နှင့် ဆား (၄၃)အိတ်စီ ကူညီထောက်ပံ့မှုများ စတင် ပေးဝေနေပြီဖြစ်ကြောင်း ပါတီအထွေထွေ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ် ထောင်ကပြောသည်။

ယခုကဲ့သို့ ချင်းပြည်သူများအား အကူအညီပေးနိုင်ရန် စီအဲန်ပီက ၎င်းတို့၏ ပါတီဝင်လူကြီးများထံမှ အလှုငွေတောင်းခံပြီး လိုအပ်သော ဆန် နှင့် ဆားများကို ၀ယ်ယူကာ ဒေသတွင်းပါတီဝင်များမှ တဆင့် အကူအညီပေးဝေခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

“ရေဘေးဒုက္ခသည်တွေအရေးကို ရှေ ့ရှုပြီးတော့ ကျတော်တို ့ ဒီလိုအကူအညီပေးတာပါ၊ ကျတော်တို ့ ပါတီမှာ ငွေရှိ လို ့ဒီလို အကူအညီ ပေးတာ မဟုတ်ဘူး၊ လူမှုရေးအကူအညီပေးနေတဲ့ အဖွဲ ့တွေနဲ ့ အစိုးရကလည်း ဒီကိစ္စကို အရေးပေး လုပ်စေချင်ပါတယ်” ဟု ဆလိုင်းကျဲအိုဘိခ်ထောင်းက ဆိုသည်။

ရွေးကောက်ပွဲတွင် အမတ်(၉)နေရာရထားသည့် ချင်းအမျိုးသားပါတီသည် ပြီးခဲ့သည့် စက်တင်ဘာလ ပထမပတ်ကလည်း တီးတိန်မြို ့ နယ် Than Nuai ကျေးရွာလူထုထံ ဆန် (၁၂) အိတ်နှင့် ဆား (၁၂) အိတ် ကူညီခဲ့ပြီးဖြစ်သည်။

တီးတိန်မြို့နယ်တွင် လွန်ခဲ့သည် သြဂုတ်လအတွင်း မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် တံတား တစ်ဒါဇင်ကျော် နှင့် အိမ်ခြေ ၂၀ ကျော်ပျက်စီးခဲ့သည်။ ယင်းအတွက် အစိုးရသစ်နှင့် အဖွဲ ့ အစည်းမည်သည့် အကူအညီမျှထိထိရောက် ရောက် ပေးခြင်းမရှိသေးကြောင်းသိရသည်။

ချင်းအမျိုးသားပါတီမှ အကူအညီပေးခဲ့သော ကျေးရွာများမှာ-

၁။  Thang Nuai ကျေးရွာ      ဆန် (၁၂) အိတ်နှင့် ဆား (၁၂) အိတ်

၂။ Suangpi ကျေးရွာ  ဆန် (၁၅)အိတ်နှင့် ဆား (၁၅)အိတ်

၃။ Dimpi ကျေးရွာ     ဆန် (၃) အိတ်နှင့် ဆား (၃) အိတ်

၄။ Phunnom ကျေးရွာ ဆန် (၆) အိတ်နှင့် ဆား (၆) အိတ်

၅။ Lai Bung ကျေးရွာ  ဆန် (၅)အိတ်နှင့် ဆား (၅) အိတ်

၆။ Lailo ကျေးရွာ       ဆန် (၂) အိတ်နှင့် ဆား (၂) အိတ် စသည်တို ့ဖြစ်သည်။