ကွယ်လွန်သူ သျှမ်းသံတော်ဆင့်သတင်းဌာန လက်ထောက်အယ်ဒီတာ၊တော်လှန်ရေးတေးအဆို တော်ဆခဟ (ခေါ်) ဦးစိန်ကြည် အသက် ၅၉ နှစ်၏ ရက်လည်ဆွမ်းသွတ်အား သျှမ်းပြည်တွင်း နှင့် ပြည်ပရှိ တေးချစ်သူပရိတ် သတ်များ လုပ်ဖော်ကိုင် ဖက်များ မိတ်ဆွေများက ဆွမ်းသွတ်တရားနာ ရေစက်ချအမျှ ဝေပေး ကြောင်း သိရ သည်။
ယမန်နေ့ က ရန်ကုန်မြို့နေ ဆခဟ၏ မိတ်ဆွေ သျှမ်းအဆိုတော်များ၊ စာဆိုတော်များတေးချစ်သူပရိတ် သတ်များ စုပေါင်း၍ ကိုးမိုင် သျှမ်းဘုန်းကြီးကျောင်း၌ ဆွမ်းသွတ်တရားနာ ရေစက်ချပေးသည်ဟု ပွဲတက်ရောက်သူသျှမ်းစာ ရေးဆရာ “ ဟင်း -ကာယန်း” ကပြောသည်။
“ လူ ရ၀ လောက်တက်တယ်။ အများအားဖြင့်တော့ နာမည်ကြီးသျှမ်းအဆိုတော်များအသိုင်း အဝိုင်းတက် ရောက် တယ်။ နိုင်ငံရေးပါတီထဲက သူ့ကိုချစ်ခင်တဲ့လူတချို့တက်တယ်။ သူ့ရဲ့မိတ်ဆွေ တချို့လဲ တက်တယ်။သံဃာတော် တွေကို ဆွမ်း ကပ် တယ်။လှူဘွယ်ဝတ္ထုပစ္စည်းတွေဆက်ကပ်လှူ ဒါန်းပြီး ရေစက်ချ အမျှပေးဝေတယ်” ဟု၎င်းက ပြောသည်။
အလားတူ သျှမ်းပြည်မြောက်ပိုင်းရှိ ၎င်း၏မိတ်ဆွေများက နမ့်ခမ်းမြို့နယ် ဘုန်းကြီးကျောင်းတနေရာ၌ အဆိုတော် ဆခဟအတွက် ဆွမ်းသွတ် ရေစက်ချလှူဒါနပေးခဲ့ကြကြောင်းသိရသည်။
ထိုမျှမက သီရိလင်္ကာနိုင်ငံ ကိုလံဘို အပြည်ပြည်ဆိုင်ရာတက္ကသိုလ်၌ ပညာသင်ကြားနေသော (ဆခဟ၏ တေးချစ်ပရိတ် သတ်) သံဃာတော်ကျောင်း သား များလည်း ရက်လည်ဆွမ်းသွတ်လှူဒါန်းပေးခဲ့ပါသည်။
သျှမ်းလူထုတော်တော်များများ၏ ရင်ထဲ၌နေရာယူထားသော အဆိုတော် ဆခဟ ခေါ်သျှမ်းသံတော်ဆင့် သတင်း စဉ် လက်ထောက်အယ်ဒီတာ ဦးစိန်ကြည် သည် ယခုလ ၁၅ရက်နေ့ကအသဲကင်ဆာရောဂါဖြင့် ကွယ်လွန် သဖြင့် ကျန်ရှိရုပ်အလောင်းအား ၂၂ ရက်နေ့ မွန်းလွဲ ၁၃: ၀၀ နာရီ ထိုင်းနိုင်ငံချင်းမိုင်မြို့နယ် ဆန်ဂိတ်အုပ်စု ဆန်ဂူ လိတ် သုဿာန်၌ မီးသင်္ဂြိုဟ်မည်ဖြစ်သည်။