ကွယ်လွန်သူ ဦးစိန်ကြည် အတွက် ရပ်ဝေးမိတ်ဆွေများ အလှူလုပ်မည်

ကွယ်လွန်သူ ဦးစိန်ကြည် အတွက် ရပ်ဝေးမိတ်ဆွေများ အလှူလုပ်မည်
by -
သျှမ်းသံတော်ဆင့်

ကွယ်လွန်သူ သျှမ်းသံတော်ဆင့်သတင်းဋ္ဌာန လက်ထောက် အယ်ဒီတာ ဦးစိန်ကြည်အား ရည်စူး၍ သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ ရှိ သူ၏မိတ်ဆွေ များက ဆွမ်းကျွေးအလှူဒါန ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

sakhaha-17-2
အမှတ် (၁) စစ်နယ်မြေ လွယ်ကော်ဝမ်း နှစ် ၆၀ ပြည့် သျှမ်းပြည်အမျိုးသားနေ့တက်ရောက်စဉ်မူစယ်မြို့ ပေါ်ရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွင် ရက်လည်ဆွမ်းကျွေး အလှူဒါနပြုလုပ်မည် ဖြစ်ကြောင်း ဦးစိန်ကြည်နှင့် ရင်းနှီးသူ မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဘယ်ကျောင်းမှာလုပ်မှာလဲတော့မသိရသေးဘူး။ ဟိုဘက်ကိုလည်း မသွားနိုင်တော့ ဒီမှာပဲ သူ့အတွက် အလှူလုပ်ပေးတာ။ ဖိတ်စာမဖိတ်ဘူး။ ရင်းနှီးတဲ့သူတွေ စုပြီးလုပ်ကြမှာ ” ဟု ဦးစိန်ကြည်၏ မိတ်ဆွေ မူစယ်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

အဆိုတော် စိုင်းထီးဆိုင် ကွယ်လွန်စဉ်ကလည်း သူနှင့် ရင်းနှီးသည့် မူစယ်ဒေသခံများက အလှူအတန်း ပြုလုပ် ခဲ့သေး ကြောင်း သိရသည်။
ဦးစိန်ကြည့်၏စျာပနအခမ်းအနား (ဝတ်ပါပေါက် ဖုန်းကြီးကျောင်း)
ဦးစိန်ကြည် သေဆုံးသွားသဖြင့် အထူးဝမ်းနည်းပါကြောင်း တရုတ်နယ်စပ်ရောက် မိတ်ဆွေများမှ သူကွယ်လွန် ချိန် ယမန် နေ့ နံနက်ပိုင်းက သျှမ်းသံတော်ဆင့်သို့ ဖုန်းဆက်အကြောင်းကြားကြသည်။

“တခြားမီဒီယာတွေ မလုပ်နိုင်တဲ့ သတင်းမှန်တွေကို ဖေါ်ပြပေးတဲ့ သျှမ်းသတင်းဋ္ဌာနရဲ့ လက်ထောက် အယ်ဒီတာ ဦးစိန် ကြည် ကွယ်လွန်သွားတဲ့အတွက် ဆုံးရှုံးမှုတစ်ခုလည်း ဖြစ်ပါတယ်။ ကျနော်အပါအဝင် နိုင်ငံရေး အသိုင်း အဝိုင်းကရော မိတ် ဆွေတွေကပါ  ဝမ်းနည်းရပါတယ် ” ဟု စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောမှ ပြောသည်။

ဦးစိန်ကြည်သည် ယမန်နေ့နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ထိုင်းနိုင်ငံ ချင်းမိုင်ဆေးရုံတွင် အသဲရောဂါဖြင့် ကွယ်လွန်ခဲ့သည်။