‘‘တက်စရာ ရုံးမရှိဘူး’’ ချင်းလွှတ်တော်အမတ် နှင့် အင်တာဗျူး

‘‘တက်စရာ ရုံးမရှိဘူး’’ ချင်းလွှတ်တော်အမတ် နှင့် အင်တာဗျူး
by -
ခိုနူမ်ထုန် သတင်းဌာန

မြန်မာနိုင်ငံတွင် အမည်ခံ အရပ်သား အစိုးရသစ် တက်လာပြီးနောက် ၄ လအကြာ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ် တော်ကို သြဂုတ်လ ၂၂ ရက် နေ့က ခေါ်ယူကျင်းပခဲ့ပြီး၊ လာမည့် စက်တင်ဘာ ၂၂ ရက်နေ့တွင် တိုင်းဒေသကြီး နှင့် ပြည နယ် လွှတ်တော်အစည်းအဝေးများ ဆက်လက်ကျင်းပ သွားမည် ဖြစ်သည်။

Pu_Nah_Thang-1-300x237ချင်းပြည်နယ်တွင် ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သည့် ပြည်နယ်အစိုးရ ဖွဲ့စည်းထားသော်လည်း ပြည်နယ် အစိုးရတွင်း မပါ ၀င်သည့် လွှတ်တော်အမတ်များ၏ အနေအထားနှင့် ၎င်းတို့အနေဖြင့် မည်သည့်လုပ်ငန်းများ ဆောင်ရွက်နေသည်ကို ရှင်း ရှင်းလင်းလင်း မသိရသေးပေ။

ယင်းကိစ္စအတွက် ၂၀၁၀ ရွေး ကောက်ပွဲ တွင် ချင်းပြည်နယ်မှ အမတ်(၁၁)ဦး ရွေးကောက်ခံထားရသော ချင်းတိုးတက် ရေးပါတီ (စီပီပီ) ၏ ချင်းပြည်နယ် ဖလမ်း မြို့နယ်အမှတ် (၁) မဲဆန္ဒနယ်မြေမှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြောက်ခံရသော ဦးနာ့ထန်း ကို ခိုနူမ်းထုန်ကဆက်သွယ ်မေးမြန်းထားပါသည်။

မေး ။   ။ မကြာခင်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ ဦးနာ့ထန်းအနေနဲ့ ဘာတွေတင်ပြဖို့ စီစဉ်ထားလဲ?

ဖြေ ။      ။ လွှတ်တော်မှာက တကြိမ်မှာ ကဏ္ဍ ၄ ချက်ထက် ပိုမတင်ပြရဘူးဆိုပြီးတော့ နည်းဥပဒေထဲမှာ ပြဌာန်းထား တယ်။ ဒါကြောင့် ကျနော်တို့ ကြိုက်သလောက်လည်း တင်ပြလို့မရဘူး၊ အဲဒီတော့ဖလမ်းမြို့ နယ်အနေနဲ့က စံချိန်မှီ ဘော်လုံးကွင်း မရှိဘူး၊ ပြီးတော့ ခရိုင်မြို့တမြို့ဖြစ်ပြီးတော့ ယနေ့ထိ ဂေါက်ကွင်း လည်း မရှိသေးဘူးပေါ့လေ၊ အဲလိုဟာမျိူး၊ ပြီးတော့ ရိဒ် – ဖလမ်း-ဝေဘူလ-ကလေး ကားလမ်းက (Maintenance) ပြုပြင်မှုမရှိဘူး ဒါမျိုးတွေ တင်ပြဖို့ရှိပါတယ်။

မေး ။   ။ ပထမအကြိမ် ခေါ်ယူကျင်းပတဲ့ ပြည်နယ်လွှတ်တော် နဲ့ အခု ပြန်ခေါ်မယ့် ဒုတိယအကြိမ်ပြည်နယ် လွှတ်တော်မခေါ်ခင် စပ်ကြားကာလမှာ ပြည်နယ်လွှတ်တော်အမတ်တွေ အနေနဲ့ ဘာလုပ်ငန်းတွေဆောင် ရွက်ဖြစ်ပါသလဲ?

ဖြေ ။      ။ ဘာမှလုပ်စရာမရှိပါဘူး၊ ၀န်ကြီးအဖွဲ့တွေကတော့ သူတို့လုပ်စရာတွေတော့ရှိမှာပါ၊ ကျနော်တို့ ကတော့ ဘာမှကို လုပ်ကို မလုပ်ရသေးတာ ဘာလုပ်ငန်းမှကို မစရသေးဘူး။

မေး ။   ။ ပထမအခေါက် လွှတ်တော် အစည်းအဝေးကနေ ဦးနာ့ထန်းကို ချင်းပြည်နယ်ရဲ့ ဥပဒေပြုရေး ကော်မီတီ ဥက္ကဌ အဖြစ် ခန့်အပ်ထားတယ်နော်၊ အဲဒီ ကော်မီတီ အနေနဲ့ ဘာတွေ ဆောင်ရွက်ဖြစ်ပါသလဲ?

ဖြေ ။      ။ ဘာမှမရှိသေးဘူး၊ အလကားနေရတာပါဘဲ၊ ဥပမာ ဘာနဲ့တူလည်းဆိုတော့ ကျနော်တို့ကို အင်တာဗျူးဖြေတယ် ဖလမ်းမြို့ကနေ နှစ်ယောက်အောင်တယ်၊ ကျနော် နှင့် ကျနော့် သူငယ်ချင်းဦးနိုးဆွမ် ပေါ့လေ၊ စားပွဲ ကုလားထိုင်တော့ပေး တယ် လစာလည်းပေးတယ်ပေါ့လေ၊ ခဲတံစာရွက်တွေတော့ မပေးဘူး၊ ဘာလုပ်ပါဆိုပြီး ခိုင်းတာလည်းမရှိဘူး၊ လုပ်ပိုင် ခွင့် လည်း ဘာမှမပေးသေးဘူး။

မေး ။   ။ ဦးနာ့ထန်းတို့အနေနဲ့ ရုံးမတက်ရဘူးလား?

ဖြေ ။      ။ ရုံးရယ်လို့ကို လုံးဝမရှိဘူး၊ တခါတလေ ခုလို ဟားခါကိုသွားပြီးတော့ လွှတ်တော်အစည်းအဝေး သွားတက်တာမှ အပ ဘာမှရုံးလည်းမရှိဘူး ဒီလိုဘဲ အလကားနေရတာ။

မေး ။   ။ အစိုးရဘက်ကနေ ရုံးတွေဘာတွေ စီစဉ်ပေးတာ မရှိဘူးလား?

ဖြေ ။      ။ ဘာမှမရှိဘူး၊ ဖြစ်ပုံက ကျနော်တို့က ထွေအုပ်(မြို့နယ်အုပ််ချူပ်ရေးမှူး) ရဲ့ လက်အောက်မှာ နေရမလိုလို ဘာလိုလို ဘယ်သူကမှ ကျနော်တို့ကို ဂရုစိုက်တာမဟုတ်ဘူး။

မေး ။   ။ ပြည်သူလူထုတွေကရော ဦးနာ့ထန်းတို့လို ပြည်နယ်အမတ်တွေကို ဘယ်လိုမြင်လဲ ဘယ်လို ဆက်ဆံကြလဲ?

ဖြေ ။      ။ လူထုတွေက ကျနော်တို့ကို လွှတ်တော်အမတ် ဆိုမှန်းတောင် မသိကြဘူး၊ ကျနော်တို့ ကိုယ်စား လှယ်ဆိုမှန်း တောင်မှ ဂရုကိုမစိုက်ဘူး၊ ဥပမာ ဌာနဆိုင်ရာတခုလက်အောက် ၀န်ထမ်းတယောက်ကို ကျနော်တို့က နည်းနည်းပါးပါး သူတို့ဌာနဆိုင်ရာ လစ်ဟင်းမှုရှိတယ် အဲဒါပြောလိုက်တယ်၊ ကျနော်တို့ကို ဘာမှဂရုစိုက်တာ မဟုတ်ဘူး၊ ကျနော်တို့ကို သူတို့ အရွယ်လောက်များ မှတ်လားမသိဘူး၊ အဲလိုဘဲ ဆက်ဆံတယ် အင်မတန်မှ ၀မ်းနည်းစရာကောင်းတယ်။

မေး ။   ။ အဲဒါတွေက ဘာကြောင့်လဲဗျ?

ဖြေ ။      ။ စနစ်ကိုက သေချာအပြောင်းအလဲ မရှိသေးလို့ဘဲ ထင်တယ်။ ပြီးတော့ လူထုတွေကိုကကျနော်တို့ နိုင်ငံမှာ ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးနေတယ်ဆိုတာ ဘယ်သူမှသဘောမပေါက်ကြဘူး။

မေး ။   ။ ချင်းပြည်နယ်အစိုးရ ဒါမှမဟုတ် ၀န်ကြီးးချုပ်ကရော ဦးနာ့ထန်းတို့လို ပြည်နယ်လွှတ်တော် အမတ်တွေ ကို အလုပ်ကိစ္စ တိုင်ပင်တာ ဆွေးနွေးတာတို့ မရှိဘူးလား?

ဖြေ ။      ။ ၀န်ကြီးချူပ်က ကျနော်တို့ အမတ်တွေကို တိုင်ပင်တာ မရှိပါဘူး။

မေး ။   ။ ၀န်ကြီးချုပ် ဦးဟုန်းငိုင်းကိုရော ဘယ်လိုမြင်လဲ။ ချင်းပြည်နယ်အတွက် တကယ် အလုပ်လုပ်မယ့်လူ လို့ မြင်လား?

ဖြေ ။      ။ (ပြောဖို့) နည်းနည်း စောသေးတယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ခုက လေး ငါးခြောက် လ လောက်ပဲ ရှိသေးတယ်ဆိုတော့ သူ့အနေနဲ့လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း ကောင်းကောင်းသိဦးမယ် မထင်ဘူး။

မေး ။   ။ ကျန်တဲ့ ချင်းပြည်နယ် ၀န်ကြီးအဖွဲ့တွေကရော ဘာတွေလုပ်နေကြတာလဲ?

ဖြေ ။      ။ နေ့တိုင်းတော့ခရီးထွက်နေကြတာဘဲ၊ လုပ်ကြပါတယ်။ နေ့ရောညပါ ဘာလုပ်မှန်းတော့ ကျနော်တို့ မသိရဘူး။