သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ အထက ကျောင်းခွဲ တွင် ကျောင်းဖွင့်သည့် ၃ လတာ ကာလအတွင်း ကျောင်းသားမိဘ ထံ လစဉ် အဆမတန်ငွေကောက် ခံ နေကြောင်း အထက်တန်းကျောင်းသားမိဘ တဦးက သျှမ်းသံတော်ဆင့် အားပြောပြသည်။
“ ဂျွန်လ ကျောင်းစဖွင့်ကတည်းကဘဲ ဟိုကြေး ဒီကြေး နာမည်တပ်ပြီး ကောက်နေတာ မရပ်မနားဘဲ။ ၃ လ ထဲမှာ ကျပ် ၁ သောင်းထက်မနည်းတော့ဘူး။ သူတို့မုန့်ဖိုးရယ်ကျောင်းဝတ်စုံတွေရယ်အဲ့ဒီစရိတ် တွေပါရင် ကျမတို့လို လက်လုပ်လက် စား အရပ်သားတွေဆို ဘယ်လိုလုပ်မလဲ” ဟု ခြံအလုပ်သမား ကျောင်းသားမိဘတဦးကပြောသည်။
ဂျွန်လကျောင်းအပ်ချိန်ကျောင်းသားတဦးပေးသွင်းရသည့် ငွေမှာ- မိဘဆရာဆောင်ပြုပြင်ရန်အတွက် ကျပ် ၃၀၀၀၊ ကျောင်းဝင် ကြေး ကျပ် ၅၀၀၊ ကျောင်းသုံးဗလာစာအုပ် ၁ ဒါဇင် ၁၅၀၀၊ကျောင်းထွက် လက်မှတ် ကျပ် ၃၀၀၀၊ ဂျူလိုင် လတွင်မူ သင်ခန်းစာ မေးခွန်းထုတ် စာအုပ်တစ်အုပ် ကျပ် ၁၅၀၀၊ ဝါဆိုသင်္ကန်းကပ်ကျပ် ၅၀၀၊ ဩဂတ်စ်လ တွင် ပညာ သင်ဆုပေးပွဲအတွက်ကျောင်းသားများထံမှ တဦး ကျပ် ၅၀၀ ကောက်ခံသည့်အပြင် မိဘများနှင့် လုပ်ငန်း ရှင်များထံ ‘ မိမိလှူဒါန်းလိုသော ဂုဏ်ပြုဆုများကို လှူဒါန်းခြင်း ဖြင့် ပညာပါရမီ ဖြည့်ဆည်းကြရန်’ ဟူသည့် ဖိတ်ခေါ်စာ ပေးပို့ခဲ့သေး သည် ဟုလည်း အဆိုပါ အထက် တန်းကျောင်းသားမိဘကဆက်လက်ပြောပြသည်။
နမ္မတူအထက ကျောင်းခွဲ၏ ကျောင်းအုပ်ကြီးမှာ ဒေါ်နန်းကြာအုံဖြစ်ပြီး ကျောင်းသူ ကျောင်းသား ၁၂၀၀ ခန့်ရှိ သည်ဟု သိရသည်။ အဆိုပါကျောင်း၏ ပညာရည်ချွန်ဆုနှင်းသဘင်အခမ်းအနားကိုဩဂတ်စ်လက ကျင်းပပြီးစီးသွား ပြီဖြစ်ကြောင်း သိရပါသည်။
သို့သော် လျော်ကြေးငွေနှင့် ပတ်သက်၌ သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုချက် မရသေးပါ။
“နစ်နာကြေးလဲ ၂ နှစ်စာ ပေးမယ်လို့ပြောတယ်။ ၂ နှစ်ပြည့် ရင်တော့ အဲဒီလယ်ဟာကုမ္ပဏီပိုင်အဖြစ် သိမ်းချင်ရင် လဲသိမ်း မယ်ပေါ့။ တသက်လုံး ဆုံးရှုံးရမယ်ဆိုတော့ ပြည်သူတွေ ဘဝင်သိပ်မကျဘူး။ သားစဉ်မြေးဆက် လုပ်ကိုင် စားသောက်နိုင်တာ ကို” ဟု ၎င်းကဆက်လက်ပြောပါသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေနှင့်ရေနံတင်ပို့မည့်ပိုက်လိုင်းမှာ စုစုပေါင်း ၂၈၀၀ကီလို မီတာ ရှည်လျားပြီး မြန်မာနိုင်ငံအတွင်း ရ၉၃ ကီလိုမီတာ ရှည်လျားသည်။ရခိုင်ပြည်နယ်၊မကွေးတိုင်း ဒေသ ကြီး၊ မန္တလေးတိုင်ဒေသကြီးနှင့် သျှမ်းပြည်နယ်တို့မှ ၂၁ မြို့နယ်ကို ဖြတ်သန်းသွားမည်ဖြစ်သည်။