အစိုးရတပ်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည့် သျှမ်းပြည် (မြောက်ပိုင်း) မူစယ် - မန္တလေးလမ်း လမ်းလုံခြုံရေး တာဝန်ကို ယခုအခါ ပြည်သူ့စစ်အဖွဲ့များထံအပ်နှင်း လိုက်ကြောင်း စစ်ဘက် သတင်းရပ်ကွက် အဆိုအရ သိရသည်။
မူစယ်မြို့အနီးတစ်ဝိုက်မှ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အထိ လမ်းလုံခြုံရေးတာဝန်ကိုပန်းဆေးပြည်သူ့ စစ်အဖွဲ့အား လည်း ကောင်း ၁၀၅ မိုင်မှ နမ့်ပေါ့တံတားအထိ မုံးပေါ် ပြည်သူ့စစ်အဖွဲ့အား လည်းကောင်း နမ့်ပေါ့မှ နမ့်ဖတ်ကာ အကျော် နမ့်ခိုင်တံတားအထိ လုံထန်ပြည်သူ့စစ်အဖွဲ့အား လည်းကောင်း နမ့်ခိုင်မှ ကွတ်ခိုင်အထိ ကောင်းခါး ပြည်သူ့ စစ်အဖွဲ့အား လည်းကောင်း အသီးသီး တာဝန်ပေးအပ်လိုက်ကြောင်း သိရသည်။
အဆိုပါ ဒေသအတွင်း အစိုးရစစ်ယာဉ်တန်းများ ပစ်ခတ်ခံခဲ့ရမှုကြောင့် ပြီးခဲ့သည့် တစ်ပတ်ကျော်ခန့်က ကွတ်ခိုင် ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးကျော်သူကို ပြောင်းရွေ့လိုက်ပြီး ၄င်းနေရာတွင် ကွန်လုံဗျူဟာမှူး ဗိုလ်မှူးကြီး မြင့်သန်းဖြင့် အစားထိုးခန့် အပ်ခဲ့သည်။
ယခုအခါ မူစယ်ခရိုင်အတွင်းရှိ လုံခြုံရေးကိစ္စများကို ကွတ်ခိုင်ဗျူဟာမှူး ဗိုလ်မှူးကြီးမြင့်သန်းမှစီမံကွပ် ကဲနေ ကြောင်း စုံစမ်း သိရသည်။