သျှမ်းပြည်အတွင်းရှိ စစ်တိုင်း ၄ ခုကို ကွပ်ကဲရသော တပ်မတော်ကာကွယ်ရေးစစ်ဆင်ရေးအထူးအဖွဲ့ (ကစထ) မှူး ဒုတိယ ဗိုလ်ချုပ် ကြီးအောင်သန်းထွဋ် သည် ယခုအခါ လားရိူးမြို့အခြေစိုက်အရှေ့မြောက် ပိုင်း တိုင်းစစ်ဋ္ဌာနချုပ်(ရမခ)၌ အနားယူ နေရ ကြောင်း ရမခစစ်တိုင်း သတင်းရပ်ကွက် အဆိုအရ သိရသည်။
လွန်ခဲ့သည့် လပိုင်းက ကျေးသီးမြို့နယ်အတွင်းရှိ သျှမ်းပြည်တပ်မတော် SSA/SSPP ဋ္ဌာနချုပ်ဝမ် ဟိုင်းစခန်း အား အစိုးရ တပ်များ ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် ကစထမှူးကိုယ်တိုင် ကျေးသီးမြို့၌ အခြေချ၍ကွပ်ကဲခဲ့သည် ဟု ဆိုသည်။
SSA /SSPP တပ်ဖွဲ့အား ၃ ရက်အတွင်း အမြစ်ပြုတ်ချေမှုန်းပစ်မည်ဟု ကြွေးကြော်၍ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ သော်လည်း လက် တွေ့တွင် တိုက်ပွဲအချိန်လနှင့်ချီကြာခဲ့ပြီး အစိုးရတပ်ဘက်မှ အရေးမလှသဖြင့် ကစထမှူး အနားယူနေရကြောင်း ရမခ နှင့် နီးစပ် သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“သျှမ်းအဖွဲ့ကို ၃ ရက်အတွင်း အပြုတ်တိုက်ပြမယ်လို့ ပြောပြီး သူကိုယ်တိုင် ကျေးသီးမှာထိုင်ပြီးကွပ်ကဲ တယ် တိုက်ပွဲမှာ သျှမ်းတပ် က ၀ိုင်းလို့ လေယာဉ်အကူအညီခေါ်ရတယ် အခုလားရိူးမှာအနားပေးထား တယ်” ဟု နီးစပ်သူက ဆိုသည်။
အဆိုပါ ထိုးစစ်မအောင်မြင်မှုနှင့် ပတ်သက်၍ သျှမ်းပြည်အတွင်း အသစ်ဖွင့်လှစ်ခဲ့သော အရှေ့အလယ်ပိုင်း စစ်တိုင်းမှူး လည်း အရေးယူခံထားရကြောင်း သိရသည်။
လတ်တလော SSA/SSPPနှင့် အစိုးရတပ် အကြား တိုက်ပွဲငယ်များ မကြာခဏ ဖြစ်ပွားနေသည့်တိုင် အစိုးရတပ်ဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်မှု မရှိတော့ကြောင်း သျှမ်းတပ်အသိုင်းအဝိုင်းမှ ပြောသည်။
လက်နက်ကိုင်လှုပ်ရှားမှု ငြိမ်သက်နေသော သျှမ်းပြည် (မြောက်ပိုင်း) ကိုးကန့်နယ်မြေအတွင်း၌ လက်နက် ကိုင် လှုပ်ရှား မှုပေါ်ပေါက် မည့်အရေး အစိုးရဘက်မှ စိုးရိမ်နေပြီး လွန်ခဲ့သည့်လပိုင်းက ကိုးကန့်နှင့် ဝနယ်မြေ ပိုင်းခြားထားသည့် ချင်းရွေ ဟော် တံတား ဗုံး ဖေါက်ခွဲ ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။