မကြာသေးခင်က တပ်စခန်းသို့ ပိုက်သွယ်တန်းရန် အတွက် ရွာသားများထံမှ ကျပ်သိန်းချီပိုက်ဆံ ကောက်ယူသော မိုင်းရယ် အခြေစိုက် ခမရ ၃၂၅ မှ တပ်ဖွဲ့တဖွဲ့ အိမ်ထောင်သည်အမျိုးသမီးတဦးအား လင်ယောကျာ်းရှေ့မှောက်၌ပင် မုဒိန်းကျင့်ခဲ့ ကြောင်း သျှမ်းပြည်မြောက်ပိုင်းသတင်းရပ်ကွက်ကပြောပါ သည်။
“ မုဒိန်းကျင့်ခံရတာ နန်းခမ်းလီ အသက် ၃၅ နှစ်လောက်ရှိပြီ။ အိမ်ထောင်သည်။ သူ့ယောက်ကျားအိုက်ဆာရှေ့ မှာတင် မုဒိန်းကျင့်ခံရတာ။ အိုက်ဆာက ဝင်မတားနိုင်ဘူး။ သူတို့အိမ်ထဲမှာ သေနတ်ပစ်ခြိမ်းခြောက်တာ ကျည်ဆံရာ အချက် ၃၀ လောက်ရှိတယ်” ဟု မုဒိန်းကျင့်ခံနေထိုင်သည့် အုပ်စုမှ ရပ်မိရပ်ဖ တဦးကပြောသည်။
မိုင်းရယ်အခြေစိုက် ခမရ ၃၂၅ ၏ ဝမ့်ဇန့်အုပ်စုစခန်းချ ဗိုလ်မှူး မျိုးဇောမောင် ဦးဆောင်သော အင်အား ရ၀ ခန့်ရှိ စစ် ကြောင်းတကြောင်းက ကုန်းဝက်အုပ်စု ဝမ့်နမ့်ဆွမ်ရွာ၌ ခရီးတထောက်ချ နားစဉ် ဩဂတ်စ်လ ၂၈ ရက်က အဓမ္မပြုကျင့် ခဲ့ခြင်းဖြစ်သည်။
လုံးအောင်ဆာ- နိုင်းထွေးတို့၏သမီး မိုင်းရယ်မြို့နယ် ကုန်းဝက် အုပ်စု နမ့်ဆွမ်ရွာနေ နန်းလီ အသက် ၃၅ နှစ် အား ဗိုလ်မှူး မျိုးဇောမောင်၏ နောက်လိုက်စစ်သားများက မုဒိန်းကျင့်နေစဉ် ယောက်ျားဖြစ်သူအား ဖမ်းချုပ်၍ သေနတ်အချက် ၃၀ ထက်မနည်း ပစ်ဖေါက်ခြိမ်းခြောက်ကာ နန်းလီအားအုပ်စုလိုက်အဓမ္မပြု ကျင့်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့်လဲ ၎င်းတို့အိမ် ထောင်ပရိဘောဂများ ပျက်စီးကုန်ကြောင်း - နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည်။
မိုင်းရယ်အခြေစိုက် ခမရ ၃၂၅ မှ ဗိုလ်မှူးမျိုးဇောမောင် ဦးဆောင်သည့် တပ်ဖွဲ့မှာ ဩဂတ်စ်လလယ်က မိုင်းရယ်မြို့ အနောက်ဖက် ရ မိုင်ခန့်အကွာ ဝမ့်ဇန့်ရွာထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြင့်လည်း ကောင်း၊ ဩဂတ်စ်လ ၂၈ ရက် ဤ မုဒိန်းကျင့်မှုကျူးလွန်ခြင်းဖြင့်လည်းကောင်း၊ ယခုလ ၃ ရက်နေ့က ၎င်းတို့၏ ဝမ့်ဇန့်တပ် စခန်းထဲ ရေပိုက်သွယ်တန်း ရန် ကျေးရွာအုပ်စု ၅ ခုထံမှ ကျပ်ငွေသိန်းချီကောက် ခံခြင်းဖြင့် လည်းကောင်း လူ့အခွင့်အရေးဆက်တိုက်ချိုးဖောက် နေသည်ဟုမိုင်းရယ်မြို့ နိုင်ငံရေးပါတီ အသိုင်းအဝိုင်းမှ ခေတ်ပညာတတ်လူငယ်တဦးက ပြောပါသည်။