မြန်မာ အစိုးရ ရခိုင်ပြည်နယ် အပေါ် ခွဲခြား ဖိနှိပ်နေကြောင်း လွှတ်တော်တွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာ တစ်ခုက သက်သေပြ

မြန်မာ အစိုးရ ရခိုင်ပြည်နယ် အပေါ် ခွဲခြား ဖိနှိပ်နေကြောင်း လွှတ်တော်တွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာ တစ်ခုက သက်သေပြ
by -
နိရဥ္စရာ သတင်းဌာန

မြန်မာနိုင်ငံကို တာဝန်ယူ အုပ်ချုပ်ခဲ့သော နဝတ၊ နအဖ စစ်အစိုးရနှင့် လက်ရှိ အစိုးရသည်ရခိုင်ပြည် နယ်အား တခြား ပြည်နယ်နှင့် တိုင်းများကဲ့သို့ တန်းတူ မထားဘဲ ခွဲခြား ဆက်ဆံ ဖိနှိပ်အုပ်ချုပ်နေ သည်ကို လွှတ်တော်တွင် စက်တင်္ဘာလ (၂) ရက် နေ့က ဆွေးနွေးခဲ့သော ရေချိုငါးလုပ်ငန်း ဥပဒေနှင့်

မြန်မာနိုင်ငံကို တာဝန်ယူ အုပ်ချုပ်ခဲ့သော နဝတ၊ နအဖ စစ်အစိုးရနှင့် လက်ရှိ အစိုးရသည် ရခိုင်ပြည်နယ်အား တခြား ပြည်နယ်နှင့် တိုင်းများကဲ့သို့ တန်းတူ မထားဘဲ ခွဲခြား ဆက်ဆံ ဖိနှိပ် အုပ်ချုပ်နေသည်ကိုလွှတ်တော် တွင် စက်တင်္ဘာလ (၂) ရက်နေ့က ဆွေးနွေးခဲ့သော ရေချိုငါးလုပ်ငန်း ဥပဒေနှင့် မြန်မာ့ ပင်လယ်ပြင်ငါးလုပ် ငန်း ဥပဒေတွင် ဆွေးနွေးရာတွင် ၀န်ကြီး ဦးတင်နိုင်သိန်းက ပြောစကားများက သက်သေခံနေကြောင်း အမည်မဖေါ်လိုသူ ရခိုင် အမတ် တစ်ဦးက ထုတ်ဖေါ် ပြောကြားသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က အမျိုးသား လွှတ်တော်တွင် စက်တင်ဘာ ၂ ရက်နေ့က " ရေချိုငါးလုပ်ငန်းနှင့် မြန်မာ့ပင်လယ် ငါးလုပ်ငန်း ဥပဒေကို ပြုပြင်ရေးဆွဲရန် အစီအစဉ် ရှိ/မရှိ" မေးမြန်းရာ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ပြန်လည် ဖြေကြားစဉ် ထိုသို့ ခွဲခြား ဆက်ဆံနေသည့် အချက်မှာ ပေါ်လွှင် ထားရှား ခဲ့သည်ဟု သူက ပြောသည်။
 အစိုးရ၏ ခွဲခြား ဖိနှိပ် အုပ်ချုပ်မူများကြောင့် ကုန်းကောက်စရာ မရှိအောင် ဆင်းရဲနေကြရသော ရခိုင်ဒေသခံများ ( ဓါတ်ပုံ- နိရဥ္စရာ)
" ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ၁၉၈၉-၉၀ ခုနှစ်က စပြီး တင်ဒါ ငါးဖမ်း လုပ်ကွက်တွေ သတ်မှတ်ပြီး ရေပြင်တွေကို ပုဂ္ဂလိက လက်ထဲကို ဌားရမ်းခဲ့ပါတယ်။ အဲသလို ဌားရမ်းတဲ့ စနစ်ဟာ ဧရာဝတီ တိုင်းမှာ လည်း မရှိဘူး။ ဧရာဝတီ မြစ်ထဲမှာလည်း မရှိဘူး။ ပဲခူးတိုင်းမှာလည်း မရှိဘူး။ ချင်းတွင်း မြစ်မှာလည်း မလုပ်ခဲ့ဘူး။ ရခိုင်ပြည်နယ်မှာဘဲ လုပ်ခဲ့တယ်။ ရခိုင်ပြည်နယ်က ဂွ၊ သံံတွဲနဲ့ တောင်ကုတ် သုံးမြို့နယ်မှ အပ ကျန်မြို့နယ် တွေမှာ အကုန်လုံး မြစ်တွေ၊ ချောင်းတွေ၊ ပင်လယ်ကမ်းနီးဒေသတွေကို တင်ဒါ ငါးဖမ်းကွက်တွေသတ်မှတ် ပြီး ပုဂ္ဂလိက စီးပွားရေး သမားတွေကို ဌားရမ်းခဲ့တယ်။ ပြည်သူတွေ ခုလို လုပ်တဲ့ အတွက် လက်ရှိ အချိန်ထိ လုပ်ကိုင် စားသောက်စရာ မရှိ ဖြစ်နေကြရပါတယ်" ဟု ပြောသည်။

၎င်းပြင် သူက " ဂွ၊ သံတွဲနဲ့တောင်ကုတ်တို့ကိုတော့ ၀န်ကြီးက ရေချို ငါဖမ်းလုပ်ကွက်တွေ မရှိတဲ့ အတွက် တင်ဒါ ငါးဖမ်း လုပ်ကွက်တွေ မသတ်မှတ်ခဲ့ဘူးလို့ ၀န်ကြီးက ပြန်လည် ဖြေကြားတယ်။ ဒါဆိုရင် စစ်တွေတို့ မောင်တောတို့မှာလည်း ရေချို ငါးဖမ်းလုပ်ကွက်တွေ မရှိဘဲနဲ့ ဘာလို့ သူတို့က တင်ဒါ ငါးဖမ်း ကွက်တွေ သတ်မှတ်ပြီး ဌားရမ်းခဲ့သလဲ။ မေးစရာတွေ ရှိနေပါတယ်။ သံတွဲ၊ ဂွ၊ တောင်ကုတ်က ဧရာဝတီတိုင်းနဲ့ နီးတဲ့ အတွက်လားလို့ မေးစရာ ရှိတယ်။ ပီးရင် ဧရာဝတီတိုင်း အပါအဝင် တခြား ဗမာပြည် ဒေသတွေမှာမလုပ်ခဲ့့ တာ ဘာကြောင်းလဲလို့ မေးစရာရှိတယ်။ မကောင်းတတ်တဲ့ အတွက် မမေးခဲ့တာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

၀န်ကြီး တင်နိုင်သိန်းမှ ရခိုင်ပြည်နယ်တွင် တင်ဒါငါးဖမ်း ကွက်များ သတ်မှတ် ရောင်းချခြင်းခြင်ကို ယခုကဲ့သို့ လွှတ်တော်တွင် ချေပ ပြောဆိုခဲ့သည်။

" ငါးအထိ အမိ ကောင်းမွန်သည့် ဘုံငါးဖမ်း ကွက်များအတွင်း ရေလုပ်သားများ အပြိုင်အဆိုင် ဝင်ရောက် လုပ်ကိုင်ရာမှ အချင်းချင်း ပြဿနာ ဖြစ်ပွားခြင်းကို တားဆီးရန်၊ ရေလုပ်သားများ အကန့်အသတ်မဲ့ ငါးဖမ်းဆီး ခြင်းဖြင့် ငါးမျိုး ပြုန်းတီးမှုကို ကာကွယ်တားဆီးရန်၊ ငါးလုပ်ငန်းများ စနစ်တကျ စီမံခန့်ခွဲနိုင်ရန်နှင့်နိုင်ငံတော် မှ ရသင့်ရထိုက်သည့် အခွန်အခများ ရရှိနိုင်ရန်ရည်ရွယ်၍ ရခိုင်တွင် တင်ဒါငါးဖမ်းကွက်အဖြစ် သတ်မှတ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း" လွှတ်တော်တွင် ပြောကြားခဲ့သည်။

နဝတ၊ နအဖ စစ်အစိုးရ အပြင် လက်ရှိ အစိုးရမှလည်း ရခိုင်ပြည်နယ်တွင် တင်ဒါ ငါးဖမ်းကွက်များသတ်မှတ် ပြီး ပုဂ္ဂလိက လက်သို့ ဌားရမ်းနေသဖြင့် ဒေသခံ ပြည်သူများမှာ တဝမ်းတခါးအတွက် ရှာဖွေစားသောက်ရန် ကို ထား ပိုက်ကွန်များဖြင့် တနပ်စာ ငါးရှာ စားသောက်၍ပင် မရသည်ထိ ဖြစ်နေကြရသဖြင့် ဘဝ ရှင်သန် ရပ်တည်ရေး အတွက် ရခိုင်ပြည်သူများ ခြိမ်းခြောက်ခံနေကြရသည်။

၎င်းပြင် အဆိုပါ ရခိုင်ပြည်နယ်တွင် ရေပြင်များအား တင်ဒါ ငါးဖမ်းကွက်များ လုပ်ပြီး ဌားရမ်းခဲ့သဖြင့် မကျေနပ်မူများ၊ ဝေဖန်မူများထွက်ပေါ်လာသဖြင့် ၀န်ကြီးမှ အဆိုပါ တင်ဒါ ငါးဖမ်း လုပ်ငန်းကို ယခုအခါ ပြည်နယ် အစိုးရသို့ လွဲပြောင်းပေးလိုက်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

" ၀န်ကြီး ပြောတာက ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၅၆ (က)နှင့် (ခ) အရ ရခိုင်ပြည်နယ် အတွင်းရှိ ဘုံငါးဖမ်းကွက်များ၊ တင်ဒါငါးဖမ်း ကွက်များရဲ့ စီမံ ခန့်ခွဲမှုအားလုံးကို မွေးမြူရေး နဲ့ ရေလုပ်ငန်း ဝန်ကြီးဌာနကနေ ရခိုင်ပြည်နယ် အစိုးရသို့ ၂၀-၄-၂၀၁၁ ရက်စွဲပါ စာအမှတ် ၁/၂၀ဝ (ည)/ ၅၁၀ဝ/၁ (၁၅၆၄/၂၀၁၁)ဖြင့် လွှဲပြောင်း ပေးအပ်ပြီး ဖြစ်တယ်။ ဒီလို လွှဲပြောင်း ပေးအပ်ချက် အရ ၂၀၁၁-၂၀၁၂ ခုနှစ်မှာ ရခိုင်ပြည်နယ်ရှိ တင်ဒါ ငါးဖမ်း ကွက် ရောင်းချ ခြင်းကို ရခိုင်ပြည်နယ် အစိုးရ၏ ကြီးကြပ် မှုဖြင့် ဆောင်ရွက်နေတယ်လို့ ပြောကြားသွားပါတယ်" ဟု သူက ပြောသည်။

သို့သော်လည်း ဥပဒေပြုရေးနှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မရှိသေးကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရေလုပ်ငန်း ကိစ္စကို အမျိုးသားလွှတ်တော်တွင် ကိုယ်တိုင် တင်ပြခဲ့သူ ဒေါက်တာ အေးမောင်အား ဆက်သွယ်မေးမြန်းရာသူက ယခုလို ပြောသည်။

" အခုကတော့ ငါးလုပ်ငန်းနဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့်တွေကို ပြည်နယ် အစိုးရကို လွဲပေးလိုက်ပြီလို့ပြောပေ မယ့် ဥပဒေ ပြုရေးက ပြည်နယ် အစိုးရ လက်ထဲမှာ မရှိဘူး။ ဒါကြောင်း ဒီကိစ္စတွေကို အသေအချာ ဖြစ်အောင် ကျွန်တော်က တင်ပြဆွေးနွေးတာ ဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းကတော့ ရေချို ငါးလုပ်ငန်းဥပဒေ ၁၉၉၁ နှင့် မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေ ၁၉၉၀ ဥပဒေတို့ကို အခု ပြောင်းလဲ လာတဲ့ ခေတ်စနစ်များနဲ့ လျော်ညီခြင်း မရှိတော့ဘူးလို့ ပြောတယ်။ ဒါကြောင့် ဥပဒေတွေကိုပေါင်းစည်းပြီး တော့ တစ်ခုတည်းသော ပြီးပြည့်စုံတဲ့ ပြည်ထောင်စုငါးလုပ်ငန်း ဥပဒေအဖြစ် (Comprehensive Union Fisheried Law) ကို ပြင်ဆင်ရေးဆွဲထားပြီ ဖြစ်တယ်လို့ ပြောပါတယ်" ဟု သူက ပြောသည်။

ဥပဒေကို ပြင်ဆင် ရေးဆွဲထားသော်လည်း ရခိုင်ပြည်သူများမှာ ယခုအချိန်ထိ အများပြည်သူများ ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင် စားသောက် လာသော ဘုံငါးဖမ်းကွက်များ ဖြစ်သော မြစ်ချောင်း အင်းအိုင်များတွင် တဝမ်းတခါး အတွက် ရှာဖွေ စားသောက်ရန် ငါးလုပ်ငန်း ဥပဒေက ခွင့်ပြုပေးထား သော ကွန်၊ လက်ထွန်း၊ ရင်တား စသည့် ငါးဖမ်း ကရိယာ (၁၆) မျိုးဖြင့် ရှာဖွေ စားသောက်၍ မရရှိသေးဘဲ ဖြစ်နေကြောင်း သိရသည်။

ရခိုင်ပြည်သူများမှာ တင်ဒါ ငါဖမ်းကွက်များကြောင့် ဘဝရှင်သန်ရေး အတွက် ဒုက္ခရောက်နေကြရသော်လည်း တင်ဒါ ငါးဖမ်းလုပ်ငန်းများမှ အခွင့်အရေးများ ဆက်လက် ရရှိနေသဖြင့် အုပ်ချုပ်သူ အာဏာပိုင်များမှ တင်ဒါ ငါးဖမ်းကွက် လုပ်ငန်းကို ရပ်တန့်ရန် လိုလားခြင်း မရှိဘဲ ဖြစ်နေကြောင်း ဒေါက်တာ အေးမောင်က သုံးသပ် ပြောကြားသွားသည်။

Most read this week