ARAKAN ကို တရားမဝင် အသုံးပြုနေခြင်းကို ကန့်ကွက်သည့် အခမ်းနား ရန်ကုန်မြို့တွင် ကျင်းပ

ARAKAN ကို တရားမဝင် အသုံးပြုနေခြင်းကို ကန့်ကွက်သည့် အခမ်းနား ရန်ကုန်မြို့တွင် ကျင်းပ
by -
စံလင်း

ARAKAN ဟူသော ရခိုင် အမျိုးသားပိုင် ဝေါဟာရကို မသက်ဆိုင်သူ လူမျိုးခြား ဘာသာခြားတစုကတရား မဝင် လွဲမှားစွာ သုံးစွဲနေခြင်းနှင့် ပတ်သတ်ပြီး ကန့်ကွက်သည့် အခမ်းအနား တစ်ခုကိုရန်ကုန်မြို့ တွင် ကျင်းပခဲ့သည်။

ဦးဆောင်ရာတွင် ပါ၀င်သူ တစ်ဦးက “ ခုလို ပြုလုပ်နေတာကို ကန့်ကွက်သလို တခြား တဘက်မှာလည်း ရခိုင်တမျိုးသားလုံးကို အရေးပေါ် အသိပေး တင်ပြတာ ဖြစ်ပါတယ် ” ဟု ပြောသည်။

အခမ်းနားကို ရန်ကုန်မြို့ အာဇာနည်ဗိမာန်လမ်းရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် စက်တင်ဘာ(၂)ရက် နေ့လည်(၂)နာရီ မှ ညနေ (၅)နာရီထိ ကျင်းပ ပြုလုပ်ခဲ့သည်။

Yangon-Rakhine-meetingကန့်ကွက်ပွဲ ကျင်းပရခြင်းကို သူက ယခုလို ရှင်းပြ ပြောဆိုသည်။

“ အခု ရိုဟင်ဂျာ ဝပ်ဆိုက်တွေမှာ အာရကန်ကို အာရကန်ရိုဟင်ဂျာ Association ရခိုင်ပြည်နယ် မြေပုံကို သူတို့၏ တိုင်းပြည် သဘောမျိုးနဲ့ ထိပ်စီးခေါင်းစဉ်မှာ တင်ထားပြီးတော့ အာရေဗျာဘာသာ၊ ကိုရန် ဘာသာတွေနဲ့ ရေးထားတယ်။ ပြီးတော့ သူတို့ရဲ့ လစဉ်ထုတ် ဂျာနယ်တွေမှာ အာရကန်ဆိုတဲ့ အသုံးနှုန်းကို သူတို့၏ လူမျိုး၊ သူတို့တိုင်းပြည်၊ သူတို့၏ ယဉ်ကျေးမှု ဘာသာစကား အနေနဲ့ သုံးထားတာတွေ၊ကမ္ဘာမှာ လည်း လူ့အခွင့်ရေးကို အခွင့်ကောင်း ယူပြီးတော့ ရခိုင်သမိုင်းကို သူတို့ သမိုင်းလုပ်တယ်။ရခိုင်ဘုရားတွေ ကို သူတို့ဘုရားလုပ်တယ်။ ရခိုင်ဘုရင်တွေကို သူတို့ဘုရင် လုပ်တယ်။ ရခိုင်ယဉ်ကျေးမှုတွေကို သူတို့ ယဉ်ကျေးမှုလုပ်တယ်။ ရခိုင်ဒင်္ဂါးတွေကိုလည်း သူတို့ ဒင်္ဂါးလုပ်တယ်။ ပြီးတော့ လုပ်ကြံထားတဲ့သမိုင်း တွေနဲ့ ကမ္ဘာမှာ တော်တော်လေးကို လိမ်လည် လှည့်ဖျားနေတယ်။ ရိုဟင်ဂျာတွေက အဲဒီလို လုပ်နေတဲ့ အတွက် ရခိုင်ပြည်သူ တရပ်လုံးက လှုပ်ရှားမှ ဖြစ်တော့မယ်လို့ ယူဆတဲ့ အတွက် ကျနော်တို့က ခုလို တင်ပြဆွေးနွေးတာဖြစ်ပါတယ်။” ဟု ပြောသည်။

၎င်း အခမ်းအနားသို့ ရခိုင်သဟာယဥက္ကဌ ဦးခင်မောင်စိုး၊ ဦးမင်းကြည်၊ ဆရာကြီးဦးထွန်းရွှေခိုင်၊ ဆရာကြီးဒေါက်တာကျော်သိန်း၊ ဆရာမကြီးဒေါ်စောခင်တင့်၊ ဦဦးလှမြင့် နှင့် ရန်ကုန်မြို့ရှိ ရခိုင်မြို့နယ်ပေါင်းစုံ အသင်းအဖွဲ့များမှ ဥက္ကဌများ၊ ရခိုင်သဟာယအသင်းဝင်များ လှိုင်သာယာမြို့နယ် ရခိုင်အသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ အပြင် အခမ်းအနားကိုလူပေါင်း ၁၀၀ ကျော်တက်ရောက်ခဲ့သည်။

ယခုကဲ့သို့ ဆောင်ရွက်နေသည်ကို မြန်မာနှင့် နိုင်ငံတကာ အတိုင်းအတာထိ ကျယ်ပြန့်စွာလုပ်ဆောင် သွားမည်ဟု လည်း သူက ပြောသည်။

" ကျနော်တို့ မနေ့က ဆုံးဖြတ်တဲ့ အခါ အဲဒီ အချက်တွေလည်းပါတယ်။ ကျနော်တို့ အသေးစိတ် ထုတ်ပြန်တဲ့ စာရွက် စာတန်းတွေကို အားလုံးရဲ့ သဘောတူညီချက်နဲ့ ယူနီစကို၊ ယူအန်နဲ့ သက်ဆိုင်တဲ့ အဖွဲ့စည်းတွေ၊ မနေ့က ယူအန်မှာ လုပ်ခဲ့တဲ့သူတွေ လည်းတက်ရောက်ပါတယ်။ သူတို့ကလည်း သူတို့ အဆက်သွယ်နဲ့ ယူအန်ကို ရောက်အောင် ပို့ပေးမှာပါ။ သံရုံးတွေကို ပို့မယ်၊ အမေရိကန် အစိုးရတို့နောက်ပြီး မူဆလင်အရေး နဲ့ ထိစပ်နေတဲ့ နိုင်ငံတွေကို ပို့ပေးမယ်။ ပြည်ပမှာ ရှိနေတဲ့သူတွေက ပို့ပီးလှုပ်ရှားရ လွယ်ကူတယ်။ပြည်ပ က လူတွေနဲ့လည်း ဆက်သွယ်ပြီး ဒီကိစ္စကို အလေးနက်ထား လုပ်စေချင်ပါတယ။် အဓိကတော့ ရခိုင်သူ ရခိုင်သားတွေဟာ ဘာမဟုတ်တာလေးနဲ့ ကွဲပြား နေတာမျိုး အသာထားပြီး အခုကိစ္စကို ပါရာဒိုင်းကဘင်္ဂါလီ အရေး ဖြစ်လို့ အခြား တိုင်းရင်းသားတွေ၊ မြန်မာလူမျိုးတွေ အကုန်လုံးပါဝင်အောင် စည်းရုံးသွားမှာပါ။” ဟု ပြောသည်။

၎င်းပြင် အဆိုပါ အခမ်းအနားတွင် ဆုံးဖြတ်ချက် (၂) ခုကိုလည်း ချမှတ်ခဲ့သည်ဟု သိရသည်။

အဆိုပါ ဆုံးဖြတ်ချက်များမှာ (၁) ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတို့၏ တိုင်ပြည်နှင့် လူမျိုးကို ခေါ်ဆိုသော ARAKAN ဟူသော ဝေါဟာရကို ဘင်္ဂါလီ မူဆင်လင် အချို့က တရားမဝင် လုယူသုံးစွဲ နေမှုကို ရခိုင် တမျိုးသားလုံးက တခဲနက် ရှုတ်ချ ကန့်ကွက်ကြောင်း။ (၂) ယင်းသို့ တရားမဝင်သုံစွဲနေခြင်းကို ရခိုင်သူ ရခိုင်သားတရပ်လုံး က ဖြစ်နိုင်သမျှ နည်းလမ်း အသွယ်သွယ်ဖြင့် တုန့်ပြန် ဆောင်ရွက်သွားရန် တို့ ဖြစ်ကြောင်း သိရသည်။

Most read this week