စစ်တွေ အင်တာနက်ဆိုင်များ ရေရှည် ရပ်တည်ရေး ခက်ခဲနေ

စစ်တွေ အင်တာနက်ဆိုင်များ ရေရှည် ရပ်တည်ရေး ခက်ခဲနေ
by -
မိုးညို (စစ်တွေ)

ရခိုင်ပြည်နယ် စစ်တွေမြို့၌ အင်တာနက်လိုင်းများ မကြာခဏ ပြတ်တောက် နေသောကြောင့် အင်တာနက် စီးပွားရေး လုပ်ငန်းမှာ ရေရှည် ရပ်တည်ရန် ခက်ခဲနေကြောင်း သိရှိရသည်။

Internet-cafe-Arakanစစ်တွေမြို့၌ ၂၀၀၇ ခုနှစ်မှ စတင်၍ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ 256Mbps ADSL လိုင်းများကို အများ ပြည်သူများ အသုံးပြုခွင့် ပေးခဲ့ရာ မှ အင်တာနက်ဆိုင်းများ ဖွင့်လှစ် လုပ်ကိုင်လျှက် ရှိနေကြ ပါသည်။ သို့သော် အင်တာနက်လိုင်းများ မကြာခဏ ပြတ်တောက်ခြင်း၊ မီတာခ ကြီးမြင့်ခြင်း၊ ဆိုင်ခန်းခ နေရာများ စျေးမြင့်မူ တို့ကြောင့် အင်တာနက်ဆိုင်လုပ်ငန်းရှင်များမှာ အရှုံးနှင့် ရင်ဆိုင် နေရကြရသည်။

အင်တာနက်ဆိုင် လုပ်ငန်းရှင် တစ်ဦးမှ ယခုလို ရင်ဖွင့်ပြောကြားသည်။

"သူတို့က မပေးရင်လဲ မပေးနဲ့ဗျာ။ အခုတော့ အင်တာနက်တော့ ချပေးတယ်။ ဒါပေမယ့် သုံးလို့ ရအောင်လဲ မပေးဘူး။ ပြီးတော့ အခွန်က လာပြန်ပြီ။ အခုလည်း PAC လုပ်ရမယ်ဆိုပြီး စာရောက် လာတယ်။ ၈သိန်း ကျော် သွင်းရမယ်တဲ့။ အဲလောက် ပိုက်ဆံသွင်းလို့ ရှိရင် ရန်ကုန်တို့ ပြင်ဦးလွင်တို့ မန္တလေးတို့လို အင်တာနက်လိုင်းတွေ ကောင်းသွားမလား။ အခုဟာက မြန်မာနိုင်ငံ အတွင်းမှာ အခွင့်အရေးချင်းကျတော့ မတူပဲ၊ အခွန်ကျတော့ အတူတူပေးရမယ်ဆိုတော့ သဘာဝမကျဘူးပေါ့။ အခုတော့ ဆိုင်ကို ပိတ်လိုက်မလား၊ အခွန်သွင်းပြီး ဆက်ဖွင့်ရမလား၊ ဂီမ်းဆိုင်ပဲ ပြောင်းဖွင့်ရမလားလို့ စဉ်းစားနေရတယ်ဗျာ။"

အင်တာနက်လိုင်းများ ချပေးရာတွင်လည်း ရခိုင်ပြည်နယ်ဘက်ကို မြန်နုန်း အားကောင်းသော လိုင်းများကို ချပေးခြင်း မရှိကြောင်း သိရသည်။

"အင်တာနက်လိုင်းသာ ကောင်းအောင် လုပ်ပေးတာ မရှိဘူး။ ဥပမာ အခြားမြို့တွေလို မြန်နုန်းမြင့် လိုင်းတိုု့ ပေါ့။ sky net အင်တာနက်လိုင်းကလည်း စစ်တွေဖက်ကို မပေးဘူးဗျ။ သတ်သတ်နှိမ်တဲ့ သဘောလို့ ထင်တယ်။ ဒီမှာလည်း အင်တာနက် သုံးစွဲသူ များပါတယ်။ ရခိုင်ဖက်ကျတော့ တိုးတက် သွားမှာ ကြောက်လို့ ထင်ပါရဲ့"ဟု အင်တာနက် သုံးစွဲသူ တခြား ရခိုင် လူငယ်တစ်ဦးမှ ပြောသည်။

နိုင်ငံတော် အတွင်း တပြေးညီ တိုးတက်စေရန် အတွက် နယ်မြေ မခွဲခြားပဲ နိုင်ငံတော်တွင် စီမံချက်များ ချမှတ်ဆောင်ရွက်သင့်ကြောင်း နယ်မြို့များရှိ ဆက်သွယ်ရေး လုပ်ငန်းများကိုလည်း နည်းပညာပိုင်း ဆိုင်ရာများ တိုးတက်အောင် ၀န်ဆောင်မူများ ကောင်းမွန်အောင်ဆောင်ရွက် သင့်ကြောင်း နည်းပညာနယ်မှ ပညာရှင်တစ်ဦးမှလည်း ပြောကြားသွားပါသည်။

Most read this week