မြန်မာစစ်တပ်ချောဆွဲသွားစဉ်ကတည်းကပျောက်ဆုံး နေသော ရွာသား ၃ ယောက်အား ၎င်းတို့တပ်ဆုတ် ပြန်ပြီး နောက်ပိုင်း ဆွေမျိုးများ သွားရောက်ရှာဖွေရာ ချောက်ထဲ၌ အရိုးစုများတွေ့ရှိခဲ့ကြောင်း သျှမ်းပြည် အလယ်ပိုင်း မှလာသော သတင်းအရ သိရသည်။
“ကျိန်းလိန်အုပ်စုက ရွာသား ၂ ယောက်နဲ့ ဝမ့်ဝပ်အုပ်စုက ရွာသား ၁ ယောက်ကို ခမရ ၅၁၃ ၊ ခလရ ၂၈၆ နဲ့ ၆၄ တို့ ပူး ပေါင်းစစ်ကြောင်း က ချောဆွဲသွားတာ။ အဲ့ကတည်းကစပြီး ရွာသား ၃ ယောက် ပေါ်မလာ တော့ဘူး။ ဆွေမျိုးတွေလဲ လိုက်မမေးရဲကြဘူး။ ဗမာတွေစခန်းရုပ်ပြန်သွားမှ သွားရှာကြတာ စခန်းနဲ့ ကိုက် ၁၀၀ လောက် အကွာ ချောက်ထဲမှာ သူတို့ ၃ ယောက်ရဲ့ အရိုးစုတွေတွေ့ရတယ်” ဟု ကျေးသီး မြို့ကကုန်သည်တဦးကပြော သည်။
ဂျူလိုင်လ ၁၈ ရက်က ကျေးသီးမြို့နယ် ကျိန်းလိန်အုပ်စု ဝမ့်နမ့်မော်ရွာ မြောက်ဖက် လွယ်ဆုန်းမတ် မိုက်ဟုန်း ဖက် တပ် စခန်းချသော မြန်မာစစ်တပ် ခမရ ၅၁၃ က ကျိန်းလိန်အုပ်စု နမ့်မော်ရွာသား ဆန်လုံ ( အသက် ၄၈ နှစ်) ၊ ဆန်ထွန်း (အသက် ၄၉ နှစ်) နှင့် ဝမ့်ဝပ်အုပ်စု နမ့်တက် ရွာသား လုံးလုံစွန်း (အသက် ၅၄ နှစ်)အား ချောဆွဲ ခေါ်ယူသွားရာသတ်ဖြတ် ၍ ချောက်ထဲသို့တွန်းချထားခြင်းဖြစ်ကြောင်းသေဆုံးသူ တဦး ၏ အသိုင်းအဝိုင်းကဤ ကဲ့သို့ပြောပြသည်။
“ ကျနော်တို့အကို ယာသွားစောင့်ရင်းနဲ့ ချောဆွဲခံရတာ ဂျူလိုင်လကတည်းကဘဲ။ ပြန်မလာတော့ လဲလိုက်မရှာ ရဲကြဘူး။ ဗမာစစ်တပ်တွေက အဲဒီဘက်မှာရှိနေတယ်လေ။ ဒီလ ၂၅ ရက်ကြာသပတေး နေ့တုန်းက သူတို့ စခန်းဖြုတ်တပ်ဆုပ်သွား ပြီးပြီးချင်း ကျနော်တို့ သွားရှာကြတယ်။ ဟိုးချောက် ထဲမှာ အလောင်း ၃ လောင်းရဲ့ အရိုးစုတွေ။ သူတို့စီးထားတဲ့ ဖိနပ် တောင် မကျွတ် မပျက်သေးဘူး” ဟု သျှမ်းသံတော်ဆင့်သို့ ပြန်လည်ပြော ပြသည်။
အဆိုပါ လွယ်ဆုန်းမတ်မိုက်ဟုန်း ရှိ မြန်မာတပ်စခန်းမှာ ကျိန်းလိန်အုပ်စု ဝမ့်နမ့်မော်ရွာနှင့် ၂ မိုင်ခန့်အကွာ တွင်ရှိ ပြီး ၎င်း အရိုးစု ၃ ယောက်မှာ လွယ်ဆုန်းမတ်မိုက်ဟုန်း တပ်စခန်း၏ အရှေ့ဖက် ကိုက် ၁၀၀ ခန့်အကွာ ချောက်ထဲ၌တွေ့ရကြောင်း ၎င်းက ပြောသည်။
အဆိုပါ တပ် ၃ တပ်နှင့်ပါတ်သက်၍ ကျိန်းလိန်ဒေသခံတဦးကလည်း “ ဒီ ၃ တပ်ရဲ့ဆိုးမှု မိုက်မှုကတော့ ထိပ်ဆုံး ကဘဲ။ တပတ်ထဲမှာဘဲ ကျနော်တို့ရွာက နွား ၂ ကောင် ပစ်စားတယ်။ ရွာထဲဝင်ပြီဟေ့ ဆိုရင် တွေ့တာ ယူတော့ တာ။ တကယ်ပြော တာ။ မိန်းခလေးတွေရဲ့ ထမီတောင် နဲနဲသစ်သစ်လွင်လွင်ရှိရင် ယူတာ။ ဘာမှ မချန်ဘူး” ဟု ပြော၏။
၎င်းနှင့်ပတ်သက်၍လည်း ရပ်ရွာအကြီးအကဲတဦးက - ပင်လုံအခြေစိုက် ခမရ ၅၁၃ က တာ့ဆမ်ပူး၊ ကုန်းနင်၊ မိုင်းခန်၊ တူယားရွာများ သားများ၏ ပိုင်ဆိုင်မှု ပစ္စည်းများကို လုယက်ဓါးပြတိုက်ယူခြင်း ၊ မိုင်းနောင် ခလရ ၂၈၆ က မိုင်းနောင်မြို့ နယ်ခွဲတွင် ကျေးလက်ရွာသူများအား ဖမ်းဆီးရိုက်နှက်ခြင်း၊ ကျွဲနွားများသတ်စားခြင်း၊ လဲချား ခလရ ၆၄ ကမူ လဲချား ဈေးအတွင်းရွာသားအားထိုးကြိတ် ရိုက်နက်စစ်ဆေးသောကြောင့် အဆိုပါတပ်များအား ရွားသားများက ကြောက်လန့်နေ ကြသည်ဟု ပြောပါသည်။