ဝါတွင်းဥပုသ်နေ့၌ သျှမ်းရွာနှင့် ဘုန်းကြီးကျောင်း အား မြန်မာစစ်တပ် ဗုံးကျဲတိုက်ခိုက်

ဝါတွင်းဥပုသ်နေ့၌ သျှမ်းရွာနှင့် ဘုန်းကြီးကျောင်း အား မြန်မာစစ်တပ် ဗုံးကျဲတိုက်ခိုက်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် သျှမ်းပြည် တပ်မတော် ထိန်းချုပ်နယ်မြေ အနီးကျေးရွာအား မြန်မာ စစ်တပ်က ဝါခေါင်လကွယ် ဥပုသ်နေ့၌ ၈၁ မမ၊ ၈၂ မမ ၂၅ လုံးထက်မနည်းပစ်ခတ်တိုက်ခိုက် ခဲ့သည် ဟု ဒေသတွင်း သတင်းရပ်ကွက်မှသိရပါ သည်။

“အဲဒီအနားမှာ သျှမ်းစစ်သားတွေမရှိဘူး၊ တိုက်ပွဲလဲမဖြစ်တာကြာတော့ ဘုန်းကြီးကျောင်းတက် ဥပုသ်စောင့် တဲ့လူတွေနဲ့ ပြန်စည်လာတယ်။  စာသင်ကျောင်းဝင်းထဲလဲ တလုံးကျတယ်လေ။ ကျောင်းသားတွေမရှိလို့ တော် သေး တာပေါ့။” - ဟု မိုင်းရှူးရောက်ဒေသခံတဦးက ပြောပါသည်။
002-_Bomb_in_the_field
ဩဂတ်စ် ၂၈ ရက် ဝါခေါင်လကွယ်နေ့ ဒေသခံများ ဥပုသ် သီလ စောင့် နေချိန် ဝမ့်ဟိုင်းဌာနချုပ်အနီး ၅ မိုင် ကျော်အကွာ ဝမ့်မိတ်ရွာ ကောင်းမူးမကျိန် တောင်ကုန်းပေါ်  စခန်းချနေသည့် မြန်မာစစ်တပ် ခလရ ၂၂၊ ခမရ ၅၀၄၊ ၅၀၅ ပူးပေါင်းတပ်က သျှမ်းပြည်တပ်မတော် ထိမ်းချုပ်နယ်မြေ ခီခပ်ရွာ နှင့် ဘုန်းကြီးကျောင်း စေတီ ပုထိုးများအတွင်းသို့ ၈၁ မမ၊ ၈၂ မမ  ၂၅ လုံး ပစ်ချခြင်းဖြစ်ကြောင်း သျှမ်းပြည် တပ်မတော် ပြောခွင့်ရ ဗိုလ်မှူး စိုင်းလက ပြောပါသည်။003-_bomb_in_the_house
“ဘုန်းကြီးကျောင်းတွေ လူနေအိမ်တွေကိုတော့ အလုံးလိုက်ထိမှန်တာ့မရှိဘူး၊ ကျေးရွာနားက လယ်ကွင်းထဲ   ၊ နေအိမ်ခြံဝန်းထဲ၊ စာသင်ကျောင်းဝန်းထဲ၊ ဘုရားပုရဝုဏ်တွေထဲ သွားကျတယ်။ ကလေးတွေ ကျောင်းတက် နေရင်တော့ ထိမှာဘဲ။ စစ်ဘေးစစ်ဒဏ်ခံရမှာစိုးလို့ ကျောင်းလဲမဖွင့်ရဲသေးဘူးလေ။ ဥပုသ်နေ့လဲဟုတ်တယ်။ ဥပုသ်သည်တွေနေတဲ့ ဇရပ်တို့ ဘုန်းကြီးကျောင်းတို့တော့ မထိဘူး။ အခု စိုက်ပျိုးခင်း ဝါးရုံတော နဲ့ နေအိမ် တချို့ ဗုံးစ နည်းပါးပါးထိမှန်တာဘဲရှိတယ်”

ကျိုင်းလိန်ကျေးရွာအုပ်စု ခီ့ခပ်ရွာနေ လုံးဆန်ကျန် အိမ် ဗုံးစ ထိမှန်၊ လုံးဆန်ပေါက် နေအိမ်ခြံဝန်းအတွင်း ဗုံးတလုံး ၊ လုံးဇော ဆီစက်ဝန်းအတွင်း တစ်လုံး၊ (ခီခပ့်မူလတန်းကျောင်း ) စာသင်ဆောင်မြောက်ဘက် အတွင်း ၄ လုံးကျသည်ဟုဆို၏။  ကျိုင်းလိန်စေတီတော် ဘုန်းကြီးကျောင်းအတွင်း နှင့် ဝမ့်ကျိုင်းလိန်ရွာ၊ ဝမ့်ခီ့ခပ်ရွာ မိုင်းရယ် - ဝမ့်ဟိုင်း -  မိုင်းရှူး လမ်းပေါ်ရှိ အဆိုပါကျေးရွာနှစ်ရွာတွင် အိမ်ခြေ ရ၈ လုံး လူဦးရေ ၂၈၀ ယောက် ရှိသည်ဟု သိရပါသည်။
004-_at_house
ဩဂတ်စ် ၂၇ ရက်နေ့ မနက် ၀၉ : ၄၀ - ၀၉ : ၅၅ နာရီအထိ သျှမ်းပြည်တပ်မတော် တပ်မဟာ ၁ လုံခြုံရေး တပ်ဖွဲ့ နှင့် အမှတ် ၉ မြို့နယ် လုံခြုံရေး တပ်ဖွဲ့ ပူးပေါင်း အင်အား ၁၉ ယောက်က သီပေါ်မြို့နယ် ဝမ့်ပန်း ကျေးရွာအုပ်စုဝင် နားမွန် ရွာနှင့် နားပျဲန်ရွာ (အကြား) ဘက်လှုပ်ရှားနေသည့် မြန်မာအစိုးရတပ် (နောင်ချို အခြေ စိုက်) ခမရ ၁၇ နှင့် နမ့်လန်အခြေစိုက် ခမရ ၅၀၅ ပူးပေါင်းအင်အား ရ၂ ယောက်ရှိ စစ်ကြောင်း တကြောင်း အား ခြုံခိုတိုက်ခိုက်ခဲ့သေး သည်ဟု သတင်းရရှိသော်လည်း နှစ်ဘက်အသေပျောက်စာရင်းကိုမူ မသိရှိရသေးဟု ဗိုလ်မှူး စိုင်းလ ကပြောပါသည်။