စစ်ပြေးဒုက္ခသည် ၂၀၀ ကျော် ဗန်းမော်မြို့သို့ တိမ်းရှောင်

စစ်ပြေးဒုက္ခသည် ၂၀၀ ကျော် ဗန်းမော်မြို့သို့ တိမ်းရှောင်
by -
သျှမ်းသံတော်ဆင့်

ကေအိုင်အေနှင့် အစိုးရစစ်တပ်တို့အကြားစစ်ပွဲ အရှိန် မြင့်လာမည်ကိုစိုးရိမ်နေ သော ကချင်ပြည် နယ်မန်စီ မြို့နယ်မုံးစင့် နှင့် ခါခင် ကျေးရွာသား ၂၀၀ ကျော်သည် ယမန်နေ့က ဗန်းမော်မြို့သို့ ထွက်ပြေး ရောက်ရှိလာ ကြောင်း သိရသည်။

၎င်းဒေသအတွင်း အစိုးရတပ်များ တိုးမြှင့်လှုပ်ရှားလာရာ ကေအိုင်အေက မုံးစင့်နှင့်ခါခင်ရွာအနီးရှိ စစ်ရေး အရအရေးပါ သော မန်သာရွာသံတံတားကို ယခုလ ၂၄ ရက်နေ့ ညပိုင်းကဗုံးခွဲဖျက်ဆီး ပြီးနောက် ရွာသား များ အုပ်စုလိုက်ရောက်ရှိ လာခြင်း ဖြစ်သည်။

 ဝေကြိုက်ကချင်ဒုက္ခသည်များ (ဓါတ်ပုံ - KNG)ယခုအခါ ဗန်းမော်မြို့ ပေါက်ကုန်းရပ်ကွက်နှင့် ရိုးကြီးရွာမ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေထိုင်ကြပြီး အာဏာပိုင် အဖွဲ့အစည်း တချို့မှလိုအပ်သည့်ကူညီမှုများလုပ်ဆောင်ပေး ကြောင်း ကူညီရာတွင်ကိုယ်တိုင် ပါဝင်သူ မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မုံးစင့်ရွာက အိမ်ခြေ ၁၂၀ ၊ ခါခင်ကတော့ ၅၀ လောက်ရှိတာအားလုံး ၂၀၀ ကျော် ပြေးလာတယ်။ တချို့ လည်း နီးစပ်ရာ ဆွေမျိုးတွေထံမှာသွားနေကြတယ်။ လောလောဆယ်ရပ်ကွက်အာဏာပိုင် တွေက သူတို့လို အပ်တဲ့ အိပ်ရာတို့ အသုံးအ ဆောင်တချို့ကိုတော့  ထောက်ပံ့ပေးနေတယ် ” ဟု သူက ပြောသည်။

ကချင်ပြည်နယ်အတွင်း စစ်ပွဲအရှိန်မြှင့်လာမည့် အရိပ်အယောင်များ တွေ့မြင်လာရာ ယမန်နေ့မှစ၍ အာဏာ ပိုင်များက ဗန်းမော် - လွယ်ဂျယ်လမ်း တစ်လျှောက် ပြေးဆွဲနေသည့် ဆိုင်ကယ်များ သွားလာခွင့်ကို ပိတ်ပင် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

“ဗန်းမော်နဲ့ လွယ်ဂျယ် ပြေးနေတဲ့ ဆိုင်ကယ်တွေ မနေ့ကစပြီး လုံးဝမသွားခိုင်းတော့ဘူး။ဗန်းမော် ကနေ တက်ရင်လမ်းမှာ စစ်တပ်က အကုန်လှည့်ပြန်ခိုင်းတယ်။ ကုန်တွေအားလုံး မိုးမောက် ကျောက်စခန်းမှာ ပုံထားရတယ်။ လွယ်ဂျယ်ကနေ ဆင်း ခိုင်းသေးတယ်။လွယ်ဂျယ်မှာကျန်နေ တဲ့လူတွေ ဆင်းလို့ရတယ်” ဟု ဆိုင်ကယ် ကယ်ရီသမား တစ်ဦးက ပြောသည်။

နှစ်ဘက်စစ်ပွဲများအတွင်း ကချင်စစ်ပြေးဒုက္ခသည် ၂၀၀၀၀ ခန့် တရုတ်နယ်စပ်ဘက် ထွက်ပြေး ရောက်ရှိလာ သည့်အပြင် နယ်စပ်နှင့်ဝေးသည့် ဒေသများမှကျေးရွာသားများမှာ နီးစပ်ရာမြို့များသို့ တိမ်းရှောင်နေခြင်း ဖြစ်သည်။