နယ်စပ် ခြံစည်းရိုး ဖျက်ဆီးထားမှု လာရောက် စစ်ဆေးမည်

နယ်စပ် ခြံစည်းရိုး ဖျက်ဆီးထားမှု လာရောက် စစ်ဆေးမည်
by -
နိရဥ္စရာ သတင်းဌာန

မြန်မာနိုင်ငံ အနောက်ဘက် မောင်တောမြို့နယ် အတွင်း ကာရံထားသော ခြံစည်းရိုးများကို တ ဘက်နိုင်ငံက ဘင်္ဂလာဒေချ့်ဘက်မှ လူတချို့ ၀င်ရောက် ဖျက်ဆီးထားခြင်းကို သက်ဆိုင်ရာမှ လာရောက် စစ်ဆေးမည်ဟု သတင်း ရရှိသည်။

Border-fenceအမည်မဖေါ်လိုသူ တောင်ပြိုမြို့မှ အစိုုးရ ၀န်ထမ်း တစ်ဦးက ယခုလို ပြောသည်။

" လာစစ်ဆေးမှာက ဒီကနေ့မှာ စစ်ဆေးမှာ ဖြစ်ပါတယ်။ တောင်ပြိုလက်ဝဲ နယ်မြေ(၃) နစက နယ်မြေသို့ သူတို့ ရောက်ရှိနေပါပြီ။ နယ်စပ် တလျှောက်မှာ ဖျက်ခံထားတဲ့ ခြံစည်းရိုးတွေကို စစ်ဆေးသွားမှာ ဖြစ်ပါတယ်။"

အဆိုပါ အဖွဲ့အား နပခ ဒုတိယ တိုင်းမှူးမှ ဦးဆောင်ပြီး အဖွဲ့ဝင်များ အဖြစ် GE ခြံစည်းရိုး ကာရံရေး အဖွဲ့မှ ဗိုလ်မှူးကြီး များလည်း လိုက်ပါလာသည်ဟု သိရသည်။

" အဓိကတော့ တောင်ပြိုလက်ဝဲ နယ်မြေ(၃) နစက နယ်မြေ တလျှောက်မှာ ဖျက်ခံထားရပါတယ်။ စစ်ဆေးပြီးရင်တော့ သူတို့ ဘာဆက် လုပ်မယ်ဆိုတာ မသိဘူး" ဟု သူက ပြောသည်။

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် ဘင်္ဂလာဒေချ့်နှင့် ဆက်စပ်သော နယ်မြေ တလျှောက်တွင် မြန်မာဘက်မှ လူမှောင်ခို ၀င်ထွက်သွားလာမူကို တားဆီးရန် ရည်ရွယ်ချက်ဖြင့် သံဆူးကြိုး ဘာဝါယာများဖြင့် ခြံစည်းရိုးကာရံထားသည်။

အဆိုပါ သံဆူးကြိုးကာရံထားမူ အပေါ် ဒေသအတွင်း နေထိုင်သော မွတ်ဆလင်များက သူတို့၏သွားလာ ရေးကို ချုပ်ချယ် ကန့်သတ်လိုသည် အတွက် ပြုလုပ်သည်ဟု ယူဆကာ အဆိုပါ ခြံစည်းရိုးကာရံမူ အပေါ် မလိုလားကြဟု သိရသည်။

Most read this week