အိန္ဒိယ ရေတပ်ဦးစီးချုပ်ကို ဓညဝတီ ရေတပ် ဌာနချုပ်မှူးက ရန်ကုန်လေဆိပ်မှာ သွားကြိုတာ ဘာကြောင့်လဲ

အိန္ဒိယ ရေတပ်ဦးစီးချုပ်ကို ဓညဝတီ ရေတပ် ဌာနချုပ်မှူးက ရန်ကုန်လေဆိပ်မှာ သွားကြိုတာ ဘာကြောင့်လဲ
by -
နိရဥ္စရာ သတင်းဌာန

မြန်မာနိုင်ငံသို့ လည်ပတ်ရန် သြဂတ်စ်လ ၂၃ ရက်နေ့က ရောက်ရှိလာသော အိန္ဒိယ ရေတပ် ဦးစီးချုပ်အား ရန်ကုန် လေဆိပ်တွင် ရခိုင်အခြေ စိုက် ဓညဝတီ ရေတပ် ဌာနချုပ်မှူးက သွားရောက် ကြိုဆိုခဲ့ရာ အဆိုပါ ကြိုဆိုမူနှင့် ပတ်သက်ပြီးရခိုင် အမျိုးသားများ အကြားတွင် အမျိုးမျိုး ဝေဖန် ပြောဆိုမူများ ထွက်ပေါ်နေသည်ဟု သိရသည်။

အမည်မဖေါ်လိုသူ ဗဟန်းမြို့နယ် ရွှေဂုံတိုင် အဝိုင်းနေ ရခိုင်လူကြီး တစ်ဦးက သူ့ အမြင်ကို ယခုလို နိရဥ္စရာသို့ ပြောသည်။

India-Navy-admiral" ခုကြိုဆိုတာက ဆန်းတော့ တော်တော့ကို ဆန်းတယ်ဗျာ။ ရန်ကုန်မှာ ဗိုလ်ချုပ်တွေ အများကြီးရှိတဲဲ့ အထဲက ရခိုင်က ဓညဝတီ ရေတပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် တင်အောင်စန်းကို သွားရောက် ဦးဆောင် ကြိုဆိုခိုင်း တယ်ဆိုတော့ ဒါက သာမန်ရိုးရိုးတော့ မဟုတ်ဘူး။ နောက်ကွယ်မှာ အကြောင်းအရာ တစ်ခုတော့ရှိပါ လိမ့်မယ်။ စစ်ရေးအားဖြင့် ဖြစ်စေ။ ယကြာအရ ဖြစ်စေ လုပ်တာဖြစ်နိုင်ပါတယ်။ ခုလို ကြိုဆိုတာက တစ်ခုခုတော့ ထူးခြားမူ ရှိနေတယ်ဆိုပြီး သတင်းစာကို ဖတ်ပြီး ကျွန်တော်တို့ ပြောနေ ကြပါတယ်" ဟု သူက ပြောသည်။

အိန္ဒိယ ရေတပ် ဦးစီးချုပ် Admiral Nirmal Vema, PVSM, AVSM, ADC နှင့် ဇနီးဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် သြဂတ်စ်လ ၂၃ ရက် (အင်္ဂါနေ့) ၃ နာရီ ၄၀ မိနစ်တွင် ရန်ကုန် လေဆိပ်သို့ အိန္ဒိယ လေတပ် လေယာဉ်ဖြင့် ရောက်ရှိလာရာ ရခိုင်အခြေစိုက် ဓညဝတီ ရေတပ် ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် တင်အောင်စန်းနှင့် ဇနီးက သွားရောက် ဦးဆောင် ကြိုဆိုခဲ့ကြသည်။

၎င်းပြင် အဆိုပါ သတင်းအား ယမန်နေ့က ထုတ်ဝေသော ကြေးမုံ သတင်းစာ စာမျက်နာ (၉) တွင် ဖေါ်ပြထားသဖြင့် တိုက်ဆိုင်မူလား သို့မဟုတ် (၉)ဂဏန်းကို ကြိုက်သော စစ်အစိုးရက တမင် စာမျက်နာ ၉ တွင် ဖေါ်ပြပြီး ယကြာချေခြင်းလား ဆိုသည်ကို အများက စိတ်ဝင်တစား သိချင်နေကြရသည်ဟု သူက ဆက်ပြောသည်။

ဘင်္ဂလာဒေချ့်နိုင်ငံ ကော့ဘဇားခရိုင် သံသီးရွာကျောင်းတွင် သီတင်းသုံးနေသော ဗေဒင်၊ အင်္ဂါ ရုပ်လက္ခဏာနှင့် ရခိုင် သမိုင်းသုတေသီ အသျှင် အိန္ဒစက္ကအား လျှောက်ထား မေးမြန်းကြည့်ရာသူက ယခုလို ပြောသည်။

" ဒါကတော့ ဦးဇင်း အမြင်ကို ပြောရရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀ ကျော်က အိန္ဒိယ နိုင်ငံ အန်ဒမန်ကျွန်း မှာ ရခိုင်တပ်မတော်က ဗိုလ်ချုပ် ခိုင်ရာဇာနဲ့ ဗိုလ်မှူးကြီး စောထွန်းတို့ကို အိန္ဒိယ ရေတပ်၊ စစ်တပ်တို့ က လုပ်ကြံ သတ်ဖြတ်ပစ်ခဲ့တာ ရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားတွေ ကြားထဲမှာ အိန္ဒိယကို အထူး နာကြည်းနေကြတယ်။ ဒါကို အိန္ဒိယ အစိုးကလည်း သိနေတော့ မြန်မာ အစိုးရက ဗိုလ်ရာဇာတို့ဟာ သူပုန် သောင်းကျန်းသူတွေ ဖြစ်တယ်။ ဒါကြောင့် ရခိုင်တွေ သူတို့သေဆုံးတဲ့ အပေါ်မှာ နမြောမူ နာကျည်းမူ မရှိဘူးဆိုတဲ့ အသွင်သဏ္ဍာန် ပေါ်လာအောင် ဖေါ်ပြလိုတဲ့ အတွက် ရခိုင်ကို ကိုယ်စားပြုတဲ့ ဓညဝတီ ရေတပ် ဌာနချုပ်မှူးကို ခုလို ကြိုဆိုခိုင်းတယ်လို့ ယူဆမိပါတယ်" ဟု ပြောသည်။

၎င်းပြင် အသျှင် အိန္ဒစက္ကမှ လက်ရှိ တိုင်းပြည်ကို အုပ်ချုပ်နေသော မြန်မာ အစိုးရမှာ ယကြာ ဗေဒင် အတိတ် နမိတ်များကို အထူး ယုံကြည်သဖြင့် အဆိုပါ သတင်းကို စာမျက်နာ (၉)တွင် ဖေါ်ပြ ထားခြင်းမှာ တြင်းကျေ နဝင်းကျေ ဖြစ်အောင် ပြုလုပ်ထားခြင်းလည်း ဖြစ်နိုင်သည်ဟု နိရဥ္စရာသို့ မိန်းကြားသွားပါသည်။