စစ်ကိုင်းတိုင်း ကလေးမြို့နယ် အင်တိုင်းကြီး အထူး စစ်ရေးလေ့ကျင့်ရေးကျောင်းမှစစ်တပ်များ သည် ကျည်ဆံ များ ကို အမည် မသိလူတစုထံ ခိုးရောင်းနေကြောင်း သတင်းရရှိသည်။
” စစ်သားတွေရော ရဲတွေရော အရက်ဆိုင်ကို လာပြီးတော့ အမည်မသိလူတစုထံမှာ ကျည်ဆံတွေ ခိုး ရောင်း နေတာတွေ့တယ်” ဟု အမည်မဖော်လိုသူ အရက်ဆိုင်ပိုင်ရှင်၏ဆွေမျိုးတဦးက ပြောသည်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့် တမူးမြို့နယ်များတွင် အိန္ဒိယ အရှေ့မြောက်လူမျိုးစုလက်နက်ကိုင်များ လှုပ်ရှား နေကြသည်။ စစ်သားတွေက တပတ်တကြိမ်နှုန်းနဲ့ အရက်ဆိုင်ကို လာကြကြောင်း ကျည်ဆံကို အဝတ်စုပ်နဲ့ ထုတ်လာကြပြီး မသိမသာခိုးရောင်းကြခြင်းဖြစ်သည်ဟု သိရသည်။
စစ်သားတဦး၏ လစာသည် တလ ကျပ်ငွေ ၄ သောင်းဖြစ်ပြီးယင်းလစာထဲက အသက်အာမခံဖြတ် တောက် ကြောင်း ကျန်ငွေထဲက စစ်ဝတ်စုံ၊ကျန်းမာရေး စရိတ်ကို ကျခံနေကြရသည်။
” လစာကတော့ စာရင်းသက်သက်ပါ၊ ဘယ်တော့မှ အပြည့်အစုံထုတ်တယ်မရှိဘူး၊ တပ်မိသားစု ရံပုံငွေ၊ နာရေး ဆိုပြီးဖြတ်တောက်ကြတာ စားစရိတ်က မလောက်ဘူး” ဟု တပ်နဲ့ နီးစပ်သူ တဦးက ပြောသည်။
ကလေးမြို့စစ်တပ်အပြင် တမူးမြို့ အခြေစိုက်စစ်တပ်များကလည်း ကျည်ဆံများကို အမည်မသိ လူတစုထံ ခိုးရောင်းမှူများ ရှိနေကြောင်းလည်း ပြောကြသည်။
” ဒီအနောက်ဖက် အိန္ဒိယ – မြန်မာနယ်စပ်အခြေစိုက်စစ်တပ်တွေအားလုံး အတူတူပါ၊ ရိက္ခမလောက်လို့ ပြည်သူတွေဆီက ဆန်တွေ၊ ကြက်တွေ အမြဲတမ်းတောင်းတာပဲ” ဟု ကုန်သည်တဦးကပြောသည်။