ချင်းမိုင် (မဇ္ဈိမ)။ ။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စနေနေ့ နံနက်က နေပြည်တော် မြန်မာ အပြည်ပြည်ဆို်င်ရာကွန်ဗင်း ရှင်း ဗဟိုဌာန တွင် ပြုလုပ်သောအမျိုးသားအဆင့် စီးပွားဖွံ့ဖြိုးတိုး တက်ရေး အလုပ်ရုံု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ရန်ကုန်သို့ ပြန်လည် ထွက်ခွာ သွားပြီ ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ပြုလုပ်သော နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံု ဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့သည်။ ဓာတ်ပုံ- မဇ္ဈိမ။
နံနက် ၉ နာရီမှ စတင်၍ သူ၏ မိတ်ဆွေ သမ္မတ၏ စီးပွားရေး အကြံပေး ဦးမြင့်တို့နှင့်အတူ အလုပ်ရုံုဆွေးနွေး ပွဲသို့ ၁ နာရီ တက်ရောက်ခဲ့သည်။ ယခု သတင်းပေးပို့ချိန်တွင် ဒေါ်အောင်ဆန်းစုကြသည် အစိုးရ၏ လုံခြံုရေး အစီအစဉ်ဖြင့်ပင် ရန်ကုန်သို့ ပြန်လည် ထွက်ခွာသွားပြီဟု သိရသည်။
ဆွေးနွေးပွဲ ခေတ္တ ရပ်နားချိန်တွင် ပြည်ထောင်စု ဝန်ကြီးများနှင့်အတူ နိုင်ငံ့ရေးရာများ ပြောဖြစ်ခဲ့ကြသည်ဟု သတင်းရပ်ကွက်တခုက ပြောသည်။ ဝန်ကြီးများ ထွက်ခွာသွားချိန်တွင် စီးပွားရေး လုပ်ငန်းရှင်များဖြစ်သော ဦးအောင်ကိုဝင်း၊ ဦးထွန်းမြင့်နိုင်နှင့် ဦးဇော်ဇော်တို့နှင့် စကားလက်ဆုံ ကျခဲ့သည်။ ထို့အပြင် စီးပွားရေး လုပ်ငန်းရှင်များက ဓာတ်ပုံအတူ တွဲရိုက်ရန် တောင်းဆိုရာ ဓာတ်ပုံရိုက်ခဲ့သည်။
သောကြာနေ့က သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သမ္မတ အိမ်တော်ရုံုးခန်းတွင် ပထမဆုံး အကြိမ်အဖြစ် ဆွေးနွေးခဲ့ကြသည်။
မတူကွဲပြားချက်များကို ဘေးဖယ်လျက် "နိုင်ငံနှင့် ပြည်သူလူထု အတွက် အမှန်တကယ် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများမှ ပူးပေါင်း ဆောင်ရွက်မည့် အလားအလာများအား ရင်းနှီးစွာ ဆွေးနွေးခဲ့” သည်ဟု
နိုင်ငံပိုင် MRTV-4 ရုပ်မြင်သံကြား ထုတ်လွှင့်ချက်တွင် ပါရှိသည်။