သံတွဲမှ မွတ်ဆလင်များကို ” E” တံဆိပ်ပါ အိမ်ထောင်စု စာရင်းများ ထုတ်ပေး

သံတွဲမှ မွတ်ဆလင်များကို ” E” တံဆိပ်ပါ အိမ်ထောင်စု စာရင်းများ ထုတ်ပေး
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ကျေးရွာ တစ်ချို့မှ အစ္စလာမ် ဘာသာဝင်များ၏ ယခင် အိမ်ထောင်စု စာရင်းများကို သိမ်းယူပြီး ယခုုအခါ “ E ” တံဆိပ် ပါ အိမ်ထောင်စု စာရင်းများကို ထုတ်ပေးနေ ကြောင်း ဒေသခံ မွတ်ဆလင် ခေါင်းဆောင်တစ်ဦး က ပြောသည်။

” E ” တံဆိပ်ပါ အိမ်ထောင်စု စာရင်းမှာ ဧည့်နိုင်ငံသား အဖြစ် သတ်မှတ်ထားသော အိမ်ထောင်စု စာရင်း ဖြစ်ကြောင်း သူက ပြောဆိုသည်။
Muslim-in--Burma
ရခို်င်ပြည်နယ်မှ မွတ််ဆလင်များမှာ ဘာသာရေး ကွဲပြားမူကြောင့် ခွဲခြား ဆက်ဆံခံနေကြရသည်။
“ ၂၀၀၈ ခုနှစ်က ထုတ်ပေးထားတဲ့ အိမ်ထောင်စု စာရင်းတွေကို သိမ်းယူသွားပြီး ခုထုတ်ပေးနေတာက “ E ” တံဆိပ်ပါ အိမ်ထောင်စု စာရင်းတွေ ဖြစ်ပါတယ်။ သံတွဲ မြို့နယ် လင်းသီကျေးရွာကအစ္စလာမ်ဘာသာဝင် တွေကို ဒီကဒ်တွေကိုု ထုတ်ပေးနေပါတယ်။ “ E ” သင်္ကေတက ဧည့်နိုင်ငံသား ပေါ့ဗျာ” ဟု သူကပြော သည်။

လင်းသီ ကျေးရွာမှ သံတွဲမြို့မှ ၁၇ မိုင် အကွာတွင် တည်ရှိပြီး အများစု အစ္စလာမ်ဘာသာဝင်များမှာ စာမတတ်သူများ ဖြစ်ကြသောကြောင့့် မည်သို့မှ စောဒက မတက်ဘဲ အစိုးရမှ အသစ် ထုတ်ပေးထား သော “ E ” အိမ်ထောင်စု စာရင်းများကို ယခင်က ထုတ်ပေးထားသော အိမ်ထောင်စု စာရင်း အစစ်များ ကိုယ်စား အသုံးပြု ကိုင်ဆောင် နေကြသည်ဟု သူက ပြောသည်။

၎င်းအပြင် သံတွဲမြိုနယ်တွင် ၁၉၉၂ ခုနှစ်က ထုတ်ပေးထားသော ရခိုင်- အစ္စလာမ်ဟု ရေးသား ထားသော နိုင်ငံသားကဒ်များကိုလည်း အစ္စလာမ် ဘာသာဝင်များလက်မှ သိမ်းယူသွားပြီး ယခု အချိန်ထိကဒ်သစ် များ ထုတ်ပေးခြင်း မရှိသေးကြောင်း သူက ပြောသည်။

“ ရခိုင်အစ္စလာမ် ဆိုတာ မရှိဘူးဆိုပြီး နိုင်ငံသား ကဒ်တွေကို သိမ်းယူသွားခဲ့တာ ဖြစ်ပါတယ်။ အဲသလို သိမ်းပြီးတဲ့ နောက်ပိုင်းမှာ ရခိုင် အစ္စလာမ်ဆိုတာ မရှိတဲ့ အတွက် ကမန် အစ္စလာမ် လုပ်ရင် လုပ်၊ မလုပ်ရင် ဘင်္ဂလီ အစ္စလာမ်ထဲ ထည့်ပစ်မယ်ဆိုပြီး ပြောပါတယ်။ ကျွန်တော်တို့က ကမန် အစ္စလာမ် လည်း မဟုတ်သလို ဘင်္ဂလီ အစ္စလာမ်လည်း မဟုတ်ဘူး။ ဘိုးစဉ် ဘောင်ဆက် ရခိုင်မှာနေတဲ့အစ္စလာမ် တွေ ဖြစ်ပါတယ်။ အခုလို ကျွန်တော်တို့ကို အစ္စလာမ်တွေ ဖြစ်တဲ့ အတွက် အတင်း တခြား လူမျိုးတွေထဲ ထည့်ပစ်ဖို့ လုပ်တာကတော့ အကြီးအကျယ် လူ့အခွင့်အရေး ချိုးဖေါက်မူ ဖြစ််ပါတယ်” ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ်ရှိ ကမန် အစ္စလာမ်မှာ မြန်မာနိုင်ငံသား တိုင်းရင်းသား အဖြစ် လက်ခံထားသဖြင့် အမျိုးသားမှတ်ပုံတင် အစစ်များကို ကိုင်ဆောင်ခွင့် ရသူများ ဖြစ်ပြီး ဘင်္ဂလီ အစ္စလာမ်မှာ ဧည့်နိုင်ငံသား အဖြစ် သတ်မှတ်ထားသဖြင့် အဖြူရောင် ဧည့်နိုင်ငံသား ကဒ်ပြားများကို ကိုင်ဆောင်ခွင့် ရကြသည်။

ရခိုင်ပြည်နယ်မှ အစ္စလာမ် ဘာသာဝင်များ၏ ခရီးသွားလာခွင့်ကို ဗဟို အစိုးရမှ တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားခဲ့သော်လည်း ယခုအခါ အဖြူရောင် ကဒ်ကိုင်ဆောင်ထားသူ ဘင်္ဂလီ အစ္စလာမ်များမှ အပ ကျန် အစ္စလာမ်များကို လွတ်လပ်စွာ ခရီးသွားလာခွင့်ပြုခဲ့သည်။

“ အခု ကမန် အစ္စလာမ်၊ ရခိုင် အစ္စလာမ် နိုင်ငံသားကဒ်တွေ ကိုင်ဆောင်ထားတဲဲ့ သူတွေကို ဇူလိုင်လ ၁၅ ရက်နေ့က စပြီး ပုံစံ ၄ လုပ်စရာ မလိုဘဲ ခရီးသွားလာခွင့်ပြုတယ်။ ဒါပေမယ့် ဘင်္ဂလီ အစ္စလာမ် အဖြူရောင် ဧည့်နိုင်ငံသားကဒ်တွေ ကိုင်ဆောင်ထားတဲ့ သူတွေကိုတော့ ခရီးသွားလာခွင့် မပြုဘူး။ ကျန်းမာရေး၊ ပညာရေး အရ သွားမယ် ဆိုရင် ပုံစံ ၄ လုပ်ပီး လဝက ဌာနရဲ့ ထောက်ခံချက်နဲ့သာ သွားလာလို့ ရပါတယ်” ဟု ဆက်ပြောသည်။

မြန်မာ အစိုးရသည် ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်းတောမြို့နယ်များတွင် နေထိုင်သော အစ္စလာမ် ဘာသာဝင်များအား ဘင်္ဂလီ ဧည့်နိုင်ငံသားများ အဖြစ် အသိအမှတ်ပြုထားပြီးခရီးသွားလာခွင့် ကို တင်းတင်း ကျပ်ကျပ် ပိတ်ပင်ထားသည်။ ထိုသို့ ပိတ်ပင်ထားရခြင်းမှာ ခရီးသွားလာခွင့့် ရပါက ရခိုင်ပြည်နယ်ကို စွန့်ခွာပြီး ဗမာပြည်သို့ ပြောင်းရွှေ့ အခြေချ နေထိုင်သွားမည်ကို စိုးရိမ်၍ ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

Most read this week